Daily News

ပဲခူးမြို့အနီးတွင် ဖရဲသီးပုံစံတစ်ပါးကျောင်းများတည်ဆောက်နိုင်ရေးအတွက် စီစဉ်နေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဆယ်မိုင် ကုန်းအနီးတွင်ရှိသည့် လုမ္ဗိနီဓမ္မဥယျာဉ် သာသနာ့ရိပ်သာတွင် ဖရဲသီးပုံစံတစ်ပါး ကျောင်းဆောင်များ တည်ဆောက်သွားရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း လုမ္ဗိနီဓမ္မ ဥယျာဉ်သာသနာ့ရိပ်သာဆရာတော်၊ အ မေရိကန်နိုင်ငံ ဗားဂျီနီးယားပြည်နယ်၊ Richmond မြို့သို့ ခေတ္တရောက်ရှိနေ သည့် အရှင်နာဂသေနက ပြည်မြန်မာသ တင်းဂျာနယ်သို့ ဇန်နဝါရီလ ၁၈ ရက်က မိန့်ကြားသည်။

အဆိုပါဖရဲသီးတစ်ပါးကျောင်း ဆောင်များကို ပဲခူးဆယ်မိုင်ကုန်း၊ ကျောက် တန်းစံပြကျေးရွာတွင်ရှိသည့် လက်ရှိရိပ် သာဝင်းအတွင်း တည်ဆောက်သွားမှာဖြစ်ပြီးအကောင်အထည်ဖော်တည်ဆောက် ရန် မြေနေရာနှင့်တည်ဆောက်မှုကုန် ကျငွေ ကျောင်းဆောင်တစ်ခုချင်းစီအ တွက် အလှူရှင်များလှူဒါန်းနိုင်ရန် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“တည်ဆောက်ခြင်းလုပ်ငန်းကတော့ မစသေးဘူးပေါ့။ အဲဒါတွေကိုစဖို့က အ လှူရှင်တွေစုဆည်းနေတာပါ။ ဖရဲသီးတစ် ပါးကျောင်းလေးတွေပါ။ ဆောက်မှာက မြေနေရာ လမ်းဟိုဘက်ဒီဘက်ကို အခြေ အနေကြည့်ပြီ ၁၀ လုံးကျော်ကျော်လောက် ဆောက်ဖို့မှန်းထားပါတယ်။ ၂၀၂၁ နှစ် အတွင်းမှာပဲအပြီးဆောက်မှာပါ။ တစ် ဆောင်ကို ကျပ်သိန်း ၈၀ ကုန်ကျပါမယ်။ ဒီဇိုင်းပုံစံလေးတွေက အင်ဂျင်နီယာဆွဲ ပေးထားတာပါ။

ရိပ်သာမှာ တရားအား ထုတ်နေထိုင်တဲ့ အဆောက်အအုံပုံစံမျိုး စုံရှိတာက ဘုန်းဘုန်းကတခြားနိုင်ငံတွေ ကို သာသနာပြုလုပ်ငန်းတွေကြွလေ့ရှိ တော့ မြင်ရတဲ့အမြင်အပေါ် ကိုယ့်ရိပ်သာ ကသာသနာ့ပြုလုပ်ငန်းတွေမှာ ပြန်လည် ဖန်တီးစိတ်ကူးပုံဖော်တာပါ။ မြန်မာပြည် က ရိပ်သာမှာလုပ်ငန်းတွေလုပ်ဖို့က ဘုန်း ဘုန်းက အခုအမေရိကရောက်နေလို့ပါ။ နောက်ထပ် နာယကဆရာတော်တစ်ပါး ကလည်း သြစီရောက်နေလို့ပါ။ မြန်မာ ပြည် ပြန်ကြွဖို့က ကိုဗစ်ကြောင့်ပြန်မကြွ နိုင်သေးတာပါ။ အမေရိကမှာလည်း ကျောင်းဆောက်သာသနာပြုလုပ်ငန်းတွေ လုပ်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဆရာ တော်အရှင်နွယ်သာကီက မိန့်ကြားသည်။

လက်ရှိတွင် လုမ္ဗိနီဓမ္မဥယျာဉ်သာသ နာ့ရိပ်သာအနေဖြင့် ကိုဗစ်ကာလအချိန် ဖြစ်ခြင်းကြောင့် ရိပ်သာအတွင်း ရိပ်သာ ဖွင့်ခြင်းကိုယာယီပိတ်ထားပြီး ကိုဗစ်ကာ လအလွန်တွင် ပြန်လည်ဖွင့်လှစ်ရန် စိတ် သန့်စင်ရေးစင်တာများလည်း ပြင်ဆင် ဆောင်ရွက်ထားဖြစ်ကြောင်းနှင့် လက်ရှိ အချိန်တွင် အမေရိကန်နိုင်ငံ ဗားဂျီးယား ပြည်နယ်၊ Richmond မြို့တွင်ဖွင့်လှစ် ထားကာ တနင်္ဂနွေနေ့ရက်များ၌ ရိပ်သာ တွင် တရားအားထုတ်ကြသူအနည်းငယ် ရှိကြောင်းသိရပြီး ဆရာတော်မှ မြန်မာနိုင် ငံသားများအတွက် Covid-19 ကာကွယ် ဆေးအလှူထောက်ပံ့ပေးနိုင်ရန် ဗားဂျီးနီး ယားရောက်ဆရာတော်များက အလှူရှင် များလှူဒါန်းမှုကို တိုက်တွန်းလုပ်ဆောင် ပေးနေကြောင်း သိရသည်။
ကိုထွဋ် (ဓာတ်ပုံ- လုမ္ဗိနီဓမ္မဥယျာဉ်သာသနာ့ရိပ်သာ ဖေ့စ်ဘွတ်ခ်)

Credit Pyi Myanmar