CELEBRITY NEWS

သူ့ထက်အသက် ၄၀ နီးပါးငယ်ရွယ်တဲ့ ချစ်သူအမျိုးသမီးကို ကိုယ်ဝန်ဖျက်ချစေခိုင်းမှုကြောင့် တရားစွဲခံထားရတဲ့ ဝါရင့်သရုပ်ဆောင်

သူ့ထက်အသက် ၄၀ နီးပါးငယ်ရွယ်တဲ့ ချစ်သူအမျိုးသမီးကို ကိုယ်ဝန်ဖျက်ချစေခိုင်းမှုကြောင့် တရားစွဲခံထားရတဲ့ ဝါရင့်သရုပ်ဆောင်

အသက် ၇၆ နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ Kim Yong Gun ဟာဆိုရင် ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့အတွက်ကြောင့်သာမကပဲ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်လက်ဖြစ်တဲ့ Ha Jung Woo ရဲ့ ဖခင်ဖြစ်တဲ့အတွက်ကြောင့်ပါ ပရိသတ်တွေအကြားမှာ ပိုမိုလူသိများသူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူဟာ သူ့ရဲ့ချစ်သူအမျိုးသမီး”A” ကို ကိုယ်ဝန်ဖျက်ချစေခိုင်းမှုကြောင့် တရားစွဲခံထားရပါတယ်။

‘Dispatch’ သတင်းဌာနရဲ့ထုတ်ဖော်ချက်အရတော့ တရားစွဲဆိုထားတဲ့ “A” ရဲ့အသက်ဟာ ၃၇ နှစ်ရှိပြီဖြစ်ပြီး Kim Yong Gun နဲ့ဆိုရင် ၃၉ နှစ်ကျော် ၄၀ နီးပါးမျှကွာဟကာ သူတို့နှစ်ဦးဟာဆိုရင် ၂၀၀၈ ခုနှစ်တုန်းက ပါတီတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုတွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးဟာ ကိုယ်ဝန်ရှိနေကြောင်း သိရှိလိုက်ရတဲ့ ယခုနှစ် မတ်လအထိ ၁၃ နှစ်တိုင်တိုင် သာမန်ထက်ပိုမိုတဲ့ဆက်ဆံရေးတွေရှိခဲ့ကြတာဖြစ်ပါတယ်။

“A” ကတော့ “၁၃ နှစ်ကြာတဲ့အချိန်ထိတိုင်အောင် သူနဲ့ကျွန်မ လူမသိသူမသိ တွဲခဲ့ကြပါတယ် … အခုတော့ သူက ကျွန်မကို သူ့ဘ၀ထဲကထုတ်ပစ်ချင်နေပြီလေ … ကျွန်မရဲ့မိန်းမသားဘ၀ကလည်း Kim Yong Gun ရဲ့ ကျန်ရှိတဲ့ဘ၀သက်တမ်းနဲ့ထပ်တူတန်ဖိုးရှိတာပါ … သူ့ကို ဒီလောက်တာဝန်ယူချင်စိတ်ကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှမတွေးခဲ့မိဖူးဘူး” လို့ဆိုကာ သူမရဲ့ကိုယ်ဝန်ကို ဖျက်ချပစ်ခိုင်းတာနဲ့ပြောခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ စတင်တရားစွဲဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာဆိုရင် တစ်စုံတစ်ယောက်ရဲ့ အတင်းအကြပ်ဖိအားပေးမှုကြောင့် ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ဒီလိုမျိုးတရားစွဲခံထားရတာနဲ့ပတ်သတ်လို့ Kim Yong Gun ကတော့ “သူက ကျုပ်ကို အဆက်အသွယ်တွေဖျက်ပြီးမှ တရားစွဲလိုက်တာပါ … နောက်ပြီး ဒီလိုမျိုးကိစ္စကို တရားရုံးမှာ အငြင်းအခုံမလုပ်သင့်ပါဘူး .. သူ့ရဲ့ မီးဖွားမယ့်ကိစ္စတွေနဲ့ပတ်သတ်လို့ တာဝန်ယူပါမယ်လို့ အခု မေလ အကုန်တုန်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်”

“အသက် ၇၆ နှစ်အရွယ်ရောက်တော့မှ ဒီလိုမျိုးသန္ဓေအောင်တယ်ဆိုတာကို စစဆုံးသိလိုက်ရတုန်းကဆို ကျုပ် တော်တော်လန့်သွားခဲ့တာ … သူ့ကို (ဖျက်ချဖို့) ဆွယ်တဲ့အချိန်တုန်းကတော့ ကျုပ် လေသံမာသွားခဲ့တယ်ဆိုတာကို ဝန်ခံပါတယ် … အခုတော့ ကျုပ်တို့အကြားက အထင်လွဲနေတာတွေကို အမြန်ဆုံးဖြေရှင်းချင်ပါတယ်” လို့ဆိုကာ ပြောထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် Kim Yong Gun ဘက်မှ တာဝန်ရှိသူကလည်း လက်ရှိအချိန်မှာ Kim Yong Gun က သူ့ကိုယ်သူထက် “A” နဲ့ ကလေးရဲ့ကျန်းမာရေးကို ပိုမိုတန်ဖိုးထားနေကြောင်း၊ “A” ကို စကားပြောကြည့်ဖို့ကြိုးစားရာမှာလည်း သူမဘက်က တိုက်ရိုက်စကားမပြောခွင့်မပေးကြောင်း၊ သူမအနေနဲ့ ကိုယ်ဝန်ရှိနေကြောင်းသိရှိလိုက်ရတဲ့ ပထမနှစ်လမှာ အလွန်နာကျင်ခဲ့ရကြောင်းနဲ့ လက်ရှိမှာတော့ သူမဟာ ဒီကိစ္စရပ်တွေနဲ့စကားပြောဖို့ သူမရဲ့ရှေ့နေနဲ့သာလွှဲအပ်ထားကြောင်းကို အသိပေးပြောပြခဲ့ပါတယ်။

“A” ရဲ့ရှေ့နေဖြစ်သူကတော့ “A” ဟာ Kim Yong Gun နဲ့ အသက် ၂၄ နှစ်အရွယ်မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ကိုယ်ဝန်ရရှိချိန်မှာတော့ ၃၇ နှစ်အရွယ်ဖြစ်နေပြီဖြစ်ကာ ဒီ ၁၃ နှစ်အတွင်းမှာ သူတို့နှစ်ဦးကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေက အများကြီးရှိတဲ့အတွက် Kim Yong Gun အနေနဲ့ ဒါကိုထည့်တွက်ဖို့လိုတယ်လို့ဆိုကာ မှတ်ချက်ပေးထားတာကို တွေ့ရပါတယ်။

Crd K Cele Voice