Daily News

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး တပတ်အတွင်းရောက်မည်

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး တပတ်အတွင်းရောက်မည်

မြန်မာအပါအဝင် ၆ နိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးများ ပေးပို့ခြင်းအစီအစဉ်ကို ယနေ့စတင်မည်ဖြစ်ကြောင်း အိန္ဒိယက သတင်းထုတ်ပြန်ကြညာခဲ့သည်။

India နိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၏ မနေ့က သတင်းထုတ်ပြန်ချက်အရ မြန်မာ၊ ဘူတန်၊ နီပေါ၊ မောလ်ဒိုက်၊ Bangladesh နှင့်ကမ္ဘာအနှံ့သို့ ဖြန့်ဝေပေးပို့သွားမည်ဖြစ်ရာ နိုင်ငံ ၉၀ ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဉ်အပါအဝင် နိုင်ငံတကာ၏ လိုအပ်ချက်များကို ဖြည့်စီးနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မြန်မာက India ၏ Serum Institute မှ လူဦးရေ ၁၅ သန်းစာ Covishield အမည်ရှိ Oxford/AstraZenica ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ယူရေးစာချုပ်ကို ၂၄.၁၂. ၂၀ ရက်က ချုပ်ဆို၍ ၅.၁. ၂၀၂၁ ရက်တွင် ကုန်အမှာပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။ထို့အပြင် ကာကွယ်ဆေးရရှိအောင် ဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် အခြားသော အဖွဲ့အစည်း အသီးသီးတို့အား ကျေးဇူးအထူးတင်ရှိပါကြာင်း တင်ပြအပ်ပါသည်။

ခ ရက် ဒစ်