Love & Relationship

ဒေါ်လာ 1500 တန်ဖိုးရှိတဲ့ ဝက်ဝံရုပ်ကြီးနဲ့ချစ်ခွင့်ပန်ခဲ့ပေမဲ့ ကောင်မလေးရဲ့ ပြင်းထန်လှပြီး နာကျင်စေမယ့် စကားလုံးတွေသာ ပြန်ရလိုက်သည့် ကောင်လေးရဲ့အဖြစ်

ဒေါ်လာ 1500 တန်ဖိုးရှိတဲ့ ဝက်ဝံရုပ်ကြီးနဲ့ချစ်ခွင့်ပန်ခဲ့ပေမဲ့ ကောင်မလေးရဲ့ ပြင်းထန်လှပြီး နာကျင်စေမယ့် စကားလုံးတွေသာ ပြန်ရလိုက်သည့် ကောင်လေးရဲ့အဖြစ်

ငွေကြေးချမ်းသာကြွယ်ဝတိုင်းလည်း အရာရာတိုင်းက ကိုယ်ထင်ထားသလိုမဖြစ်နိုင်သလို ငွေကြေးနဲ့ ဝယ်ယူလို့မရတာကလည်း စိတ်ခံစားချက်တွေလည်းရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက ကောင်လေးဟာ သူရဲ့တန်ဖိုးကြီးကားပေါ် ဧရာမဝက်ဝံရုပ်ကြီးတင်ပြီး Hangzhou Normal University တက္ကသိုလ်ကျောင်းဝန်းတစ်ခုစီသို့ မောင်းဝင်လာခဲ့ပါတယ် ။

ဒါကြောင့် အခြားကျောင်းသားတွေကလည်း ဘာဆက်ဖြစ်မလဲဆိုတဲ့ စပ်စုချင်တဲ့စိတ်တွေနဲ့ ကားနောက်လိုက်ပြီး ကြည့်ရှုခဲ့ကြပါတယ် ။
ထို့နောက် ကောင်မလေးဆီအရောက်မှာတော့ ကောင်မလေးရှေ့ဒူးထောက်ပြီး ဝက်ဝံရုပ်လေးနဲ့ ချစ်ခွင့်ပန်လိုက်ပါတယ် ။

သို့ပေမဲ့လည်း ထင်ထားသလိုဖြစ်မလာဘဲ ကောင်မလေးက ‘ ဝက်ဝံရုပ်ကိုတော့ ကြိုက်တယ် ၊ နင့်ကိုတော့ ငါမကြိုက်နိုင်ဘူး ‘ ဆိုပြီး ကောင်လေးကို ငြင်းဆိုခဲ့ပါတယ် ။အချို့သော မျက်မြင်တွေရဲ့ ပြောပြချက်အရ အဆိုပါကောင်လေးဟာ ကောင်မလေးအတွက် ဝက်ဝံရုပ်ချန်ထားပေးခဲ့ကြောင်း နှင့် အချို့မှာတော့ ကောင်လေးက စိတ်ဆိုးပြီး ဝက်ဝံရုပ်ကို ပစ်ထုတ်ပစ်ခဲ့ကြောင်း မျိုးစုံပြောဆိုဝေဖန်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Zawgyi



