AMAZING

Crush ဆီကနေ အငြင်းခံလိုက်ရလို့ မခံစားနိုင်ဘဲ တစ်နှစ်ကြာအောင် Crush အတွက်ကြိုးစားခဲ့ရသည့် ကောင်လေး

Crush ဆီကနေ အငြင်းခံလိုက်ရလို့ မခံစားနိုင်ဘဲ တစ်နှစ်ကြာအောင် Crush အတွက်ကြိုးစားခဲ့ရသည့် ကောင်လေး

ကိုယ်ကအရမ်းဝနေတယ်ဆိုတဲ့အချက်ကြောင့်နဲ့ crush ဆီကနေ အငြင်းခံလိုက်ရရင်တော့ အတော်လေးကိုဝမ်းနည်းစိတ်ပျက်မိမှာပါ ။ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ Mos Sataporn အမည်ရှိတဲ့အမျိုးသားဟာ ကိုယ်အလေးချိန် 155 kg အထိရှိခဲ့ပြီး အဝလွန်နေခံလို့ သူငယ်ချင်းတွေအကြား စနောက်ချင်စရာ လူတစ်ဦးလို့ဖြစ်လာခဲ့ပါတယ် ။

သို့ပေမဲ့လည်း အရာအားလုံးဟာ အဆင်ပြေပြေရှိနေခဲ့ပေမဲ့ နောက်ဆုံး အရမ်းချစ်ရတဲ့ crush ဆီကနေ ကိုယ်အလေးချိန်ကြောင့် အငြင်းခံလိုက်ရလို့ အရှက်ရပြီး ဝိတ်ချဖို့ကြိုးစားခဲ့ပါတော့တယ် ။Mos ဟာ ဖုန်းဆိုင်ဖွင့်ထားသူမို့ အချိန်မအားလပ်ဘဲ အမြဲ အသင့်အစားအစာတွေစားရင် အချိန်ကုန်ဆုံးနေခဲ့တာများပါတယ် ။

Crush ငြင်းပယ်တာခံရပြီးနောက်ပိုင်း gym သို့ အမြဲသွားပြီး အစားအသောက်တွေလည်း ဆင်ခြင်ကာ ခက်ခဲစွာဝိတ်ချပစ်ခဲ့ပါတယ် ။ တစ်နှစ်အကြာမှာတော့ Mos ရဲ့ ကိုယ်အလေးချိန်ဟာ 80 kg သာကျန်ရှိခဲ့ပြီး ကိုယ်အလေးချိန် 75 kg ခန့်လျော့ချနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ် ။

နဂိုကတည်းက အရပ်မြင့်သူမို့ ယခုအချိန်မှာ ကြည့်ကောင်းပြီး ခန့်ချောတဲ့အမျိုးသားတစ်ယောက် ဖြစ်လာခဲ့ပါပြီ ။

Crd MkzoneDaily

Zawgyi






Crd MkzoneDaily