AMAZING

ကိုယ်ပိုင် လစဥ်ဝင်ငွေနဲ့ ဒေါ်လာ ၇.၉ သန်းတန်ဖိုးရှိတဲ့တိုက်ခန်းတစ်ခန်းကို လက်ငင်းဝယ်ယူခဲ့တဲ့ အသက် ၆နှစ်အရွယ် ကလေးမလေး

ကိုယ်ပိုင် လစဥ်ဝင်ငွေနဲ့ ဒေါ်လာ ၇.၉ သန်းတန်ဖိုးရှိတဲ့တိုက်ခန်းတစ်ခန်းကို လက်ငင်းဝယ်ယူခဲ့တဲ့ အသက် ၆နှစ်အရွယ် ကလေးမလေး

ယနေ့ခေတ်မှာ ကျွန်တော်တို့အများစုကသတင်းအသစ်တွေ၊ ပျော်စရာဗီဒီယိုတွေ social media နှင့် YouTube မှာ တွေ့နိုင်မဲ့အခြားအကြောင်းအရာတွေအတွက် အင်တာနက်ကိုသာအသုံးပြုရင်း အချိန်ဖြုန်းနေကြရပါတယ်။

သို့ပေမယ့် လူတွေအများကြီးက ဒီsiteတွေကနေ ငွေရှာနေကြတာကို သိပါသလား။မကြာသေးမီက အသက် ၆ နှစ်အရွယ် YouTuber တစ်ဦးဟာ တောင်ကိုးရီးယားဝမ် ၉.၄ ဘီလီယံ (ဒေါ်လာ ၇.၉ သန်း) တန်ဖိုးရှိတိုက်ခန်းတစ်ခန်းကို၀ယ်ခဲ့ပါတယ်။ဒါဟာ တော်တော့်ကို မယုံနိုင်စရာပါဘဲ။

အဆိုပါ အသက် ၆နှစ်အရွယ်သာရှိသေးတဲ့Boram ဟာ သူမရဲ့YouTube ကြောင့် ဝင်ငွေများစွာရှိနေပြီး ဒီစျေးကြီးတဲ့အိမ်ရာကိုပါ ဝယ်ယူနိုင်ခဲ့ပါတယ်။

သူမမှာ subscriber ပေါင်း 17.5 million ရှိတဲ့ Boram Tube Vlog ဆိုတဲ့YouTube channel အပြင် subscriber ပေါင်း 13.6 million ကျော်ရှိတဲ့ Boram Tube ToyReview ဆိုတဲ့ YouTube channel ဆိုပြီး channel နှစ်ခုရှိပါတယ်။

LAD Bible သတင်းအရ Boram ဟာ လစဉ်ဝင်ငွေ ဒေါ်လာ ၃ သန်းအထိရှိတာကြောင့် မကြားသေးခင်က ဒေါ်လာ ၇.၉သန်းဖြင့် ဝယ်ယူခဲ့တဲ့အိမ်ရာက သူမအတွက် အလွန်ကို စျေးသက်သာနေစေခဲ့ပါတယ်။

အဆိုပါကလေးမလေးဟာ နာမည်ကျော်တောင်ကိုးရီးယား YouTubers များထဲမှ တစ်ဦးဖြစ်ပြီး သူမရဲ့ဗီဒီယို post များထဲမှတစ်ခုက ကြည့်ရှုသူပေါင်း ၃၇၆ သန်းကျော်အထိ ရရှိခဲ့ဖူးပါသေးတယ်။အတိအကျပြောရရင် YouTube ကြောင့် ချမ်းသာသွားကြတဲ့သူတွေထောင်ပေါင်းချီမက ရှိပါတယ်။ Crd