AMAZING

မိမိမှာ ခြေထောက်နှစ်ဖက်စလုံးမရှိပေမဲ့ ဘဝကို ရိုးသားဖြောင့်မတ်စွာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသား

မိမိမှာ ခြေထောက်နှစ်ဖက်စလုံးမရှိပေမဲ့ ဘဝကို ရိုးသားဖြောင့်မတ်စွာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသား

မကြာသေးခင်က အင်တာနက်သုံးစွဲသူ Jansen Sangueza အမည်ရှိအမျိုးသားဟာ ခြေထောက်နှစ်ဖက်စလုံးမရှိပေမဲ့ ရိုးသားစွာကြိုးစားလုပ်ကိုင်ပြီး အသက်မွေးနေတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံများကို ဝေမျှခဲ့ပါတယ်။Jansen Sangueza တို့အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Iocos Norte ပြည်နယ်သို့ foam beds များသွားပို့နေစဉ် သူတို့ရဲ့ကုန်တင်ကားကြီးက ဘီးပေါက်သွားခဲ့ပါတယ်။

ကံကောင်းတာကတော့ သူတို့မှာ ဘီးတစ်ခုအပိုပါတဲ့အပြင် အနီးနားမှာ vulcanizing ကားပြင်ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့ရပါတယ်။သို့ပေမယ့် ၎င်းဆိုင်မှထွက်လာတဲ့ ခြေထောက်နှစ်ဖက်စလုံးမရှိတဲ့အမျိုးသားတစ်ဦးကို သူတို့မြင်လိုက်တဲ့အခါမှာ သူတို့ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိဖြစ်သွားခဲ့ရပါတယ်။သို့ပေမယ့် အဆိုပါမသန်စွမ်းအမျိုးသားက ၎င်းတို့ကို အံ့ဩလေးစားသွားအောင် လုပ်ပြသွားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ သူ့ရဲ့အလုပ်မှာ အရမ်းကျွမ်းကျင်လွန်းနေတာကြောင့် ကားဘီးကို အချိန်တိုလေးအတွင်းမှာတင် ပြင်နိုင်ခဲ့ပါတယ်။အဆိုပါအမျိုးသားက သူ့ရဲ့ဇနီးဖြစ်သူနဲ့ကလေးနှစ်ယောက်အတွက် သူဟာ ၎င်းအလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေကြောင်း သိရှိရပါတယ်။

ထရပ်ကားရဲ့ဘီးကို လဲဖို့လုပ်နေတဲ့ အဆိုပါအမျိုးသားရဲ့ဓာတ်ပုံများကို Jansen Sangueza က ပြန်လည်မျှဝေပေးခဲ့ပြီးနောက်မှာ အဆိုပါအမျိုးသားရဲ့သတင်းအား social media ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

Crd Mia (KBdailynews)