Love & Relationship

ချစ်သူကောင်မလေးကို ပျော်စေချင်တာကြောင့် Facebook Friend များထဲမှ ကောင်မလေးများကို သူ့အား Unfriend လုပ်ပေးဖို့ တောင်းဆိုခဲ့သူ

ချစ်သူကောင်မလေးကို ပျော်စေချင်တာကြောင့် Facebook Friend များထဲမှ ကောင်မလေးများကို သူ့အား Unfriend လုပ်ပေးဖို့ တောင်းဆိုခဲ့သူ

Facebook ပေါ်မှာ social media ရဲ့သတ်မှတ်ထားခြင်းမရှိတဲ့ကန့်သတ်ချက်များအတိုင်း သင်ဟာ မည်သူနှင့်မဆို လူတိုင်းနီးပါးနှင့် Friend သွား Add လို့ရပါတယ်။သို့ပေမဲ့ သူ့ရဲ့ချစ်သူကို ပျော်ရွှင်စေလိုတဲ့အမျိုးသားတစ်ဦးကတော့ သူ့ရဲ့Facebook ထဲက Friend ဖြစ်နေတဲ့ အမျိုးသမီးသူငယ်ချင်းများထံသို့ သူ့အား unfriend လုပ်ရန် message များပေးပို့ခဲ့ပါတယ်။

JM Prudente အမည်ရှိအဆိုပါအမျိုးသားက သူ့ရဲ့ မိန်းကလေးFB သူငယ်ချင်းများကို သူ့အား “ unfriend” လုပ်ပေးဖို့ ရေးသားခဲ့ပြီး သူက free data သာ သုံးနေရတဲ့အတွက်ကြောင့် သူကိုယ်တိုင် မ unနိုင်ကြောင်းကိုပါ ရေးသားခဲ့ပါတယ်။

ထို့အပြင် JM က သူဟာ သူ့ကိုယ်သူ handsome ဖြစ်နေတယ်လို့ ခံစားကာ သူ့ရဲ့မိန်းကလေးသူငယ်ချင်းများကို သူ့အား un ပေးဖို့ တောင်းဆိုနေခြင်းမဟုတ်ဘဲ သူ့ချစ်သူကောင်မလေးရဲ့ပျော်ရွှင်မှုအတွက်ကြောင့် Facebook ရှိသူ့ရဲ့မိန်းကလေးသူငယ်ချင်းများအား အရင် unfriend လုပ်ခိုင်းစေလိုကြောင်းပါ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါဆို စာဖတ်သူတို့ကော ဒီအဖြစ်ပျက်ကို ဘယ်လိုမြင်လဲ ဖြေကြားခဲ့ပါအုံး ..။

Zawgyi



