Love & Relationship

သူ့သမီးလေးကို လက်ထပ်မည့်သူအား ဝက်အကောင်ရေ ၃၀၀ပေးအပ်မည်ဟု ကြေငြာခဲ့သော ဖခင်တစ်ဦး

သူ့သမီးလေးကို လက်ထပ်မည့်သူအား ဝက်အကောင်ရေ ၃၀၀ပေးအပ်မည်ဟု ကြေငြာခဲ့သော ဖခင်တစ်ဦး

ဖြစ်စဥ်မှာ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်တွင် နေထိုင်သော Zhang Zhiyuan အမည်ရှိသော အသက် ၂၅နှစ်အရွယ် မိန်းကလေးသည် တက္ကသိုလ်မှ ကျောင်းပြီးထားသော်လည်း မြို့ထဲ ကုမ္ပဏီတွေမှာ အလုပ်မလုပ်ကိုင်ပဲ မွေးရပ်မြေရွာလေးသို့ ပြန်လာခဲ့သည်။

မိန်းကလေး၏ မိဘနှစ်ပါးသည် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့်အတွက် ကိုယ့်မိသားစု သက်သာအောင်ဆိုပြီး ကိုယ်ပိုင်စီးပွားရေးကိုသာ ဝင်ရောက် လုပ်ကူခဲ့သည်။

ဝက်ခြံတွင် အကောင်ရေ ၂၀၀၀မွေးထားပြီး ထိုအလုပ်တွင် သူမတတ်မြောက်ထားသော ပညာကို လက်တွေ့အသုံးချခဲ့ပြီး ရိုးရှင်းသည့် အလုပ်အကိုင်မျိုးဖြစ်သည့်တွက် သဘောကျသည်ဟု ဆိုခဲ့သည်။

မိန်းကလေးမှာ အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်ပြီး ရည်းစားလည်း မထားသည့်အပြင် မိဘတို့မှာ အိမ်ထောင်ရေးစဥ်းစားရမည့် အချိန်ရောက်ပြီဟုဆိုကာ သမီးဖြစ်သူနှင့် လက်ထပ်မည့်သူမှာ ဝက်အကောင် ၃၀၀ရရှိမည့်အခွင့်အရေးအား ကြေငြာထားသည်။

Source – Hlaing (Love Feeling )

Zawgyi





