AMAZING

တရားသူကြီးဝတ်ရုံအား ဝတ်ဆင်ပြီး ပုံရိုက်ခဲ့ပြီးနောက် ပုရိသတွေကြား ရေပန်းစားလာသော ဗီယက်နမ်မှ အချောအလှမော်ဒယ်မလေး

တရားသူကြီးဝတ်ရုံအား ဝတ်ဆင်ပြီး ပုံရိုက်ခဲ့ပြီးနောက် ပုရိသတွေကြား ရေပန်းစားလာသော ဗီယက်နမ်မှ အချောအလှမော်ဒယ်မလေး

လူတိုင်းက အလှအပရေးရာနှင့်ပက်သက်ပြီး ချောမောလှပသော ရုပ်ရည်အသွင်အပြင်ကို လိုချင်ကြပြီး အဖက်ဖက်နှင့် ပြည့်စုံသော သူများကိုတော့ လူတိုင်းက အားကျကြသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဥပဒေကျောင်းတွင် တက်ရောက်နေသူ Le Thi My Nhi အမည်ရှိသော အသက် ၂၀အရွယ် မိန်းမချောလေးသည် တရားသူကြီး ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံလေးနှင့် ဂုဏ်ကျက်သရေရှိလှစွာဖြင့် မမျှော်လင့်ဘဲ လူအများကြားထဲတွင် နာမည်ကြီးလာခဲ့သည်။

မိန်းကလေးသည် ချောမောလှပကာ ဥပဒေကျောင်းသူတစ်ယောက်ဖြစ်ပြီး တရားရုံးသို့ လာရောက်၍ ဝတ်ရုံကို ငှားဝတ်ပြီး သူငယ်ချင်းဖြစ်သူမှ ပုံများရိုက်ပေးခဲ့ပြီးနောက် အွန်လိုင်းတွင် တင်လိုက်ရာ အမျိုးသားများမှ တရားရုံးသို့တက်ရောက်ချင်သည်ဟုပင် ဆိုကြသည်။

မိန်းကလေးသည် ကျောင်းတက်ရင်း စတူဒီယိုကြော်ငြာတွင်လည်း မော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်ကာ မိသားစုကို တစ်ဖက်တစ်လမ်းကနေ ပြန်လည် ထောက်ပံ့ခဲ့သည်။

Zawgyi




