CELEBRITY NEWS

မြို့ထဲမှာ မိုးကြီးရေလျှံနေတာကို အကောင်းဆုံးအသုံးချပြီး နိုင်ငံကျော်လာသည့် မိန်းကလေး

မြို့ထဲမှာ မိုးကြီးရေလျှံနေတာကို အကောင်းဆုံးအသုံးချပြီး နိုင်ငံကျော်လာသည့် မိန်းကလေး

လူအတော်များများက မိုးကြီးရေလျှံရင် အခက်အခဲအတော်များများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပေမဲ့ ယခုဖော်ပြမဲ့ ကောင်မလေးကတော့ အခက်အခဲမရှိ အပျော်ဓာတ်ပုံတွေရိုက်ကူးနေခဲ့ပါတယ် ။

အိန္ဒိယနိုင်ငံ ၊ Panta မြို့မှာ နေထိုင်လျက်ရှိတဲ့ Aditi Singh အမည်ရှိတဲ့ ကျောင်းသူဟာ ‘ Mermaid in Disaster’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးကြီးရေလျှံနေချိန်ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံတွေကို Instagram မှာ ဝေမျှခဲ့တာပါ ။

အချို့သော ဓာတ်ပုံတွေထဲမှာဆိုရင် သစ်ပင်ကျိုးကျတဲ့အထိ ဖြစ်နေခဲ့လို့ လူအတော်များများက သဘာဝဘေးအန္တရာယ်ကို သူမက ပျက်ရယ်ပြုနေတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ် ။

အချို့ကလည်း အခက်အခဲတွေကြားထဲက ပျော်ရွှင်မှုလေးဖြစ်စေတဲ့ သူမရဲ့ပုံစံကို အားပေးထောက်ခံခဲ့ကြပါတယ် ။ သူမကတော့ ‘ ဒီရဲ့ဓာတ်ပုံတွေက လက်ရှိ Patna မြို့ရဲ့ အခြေအနေကိုပြသနေတာပါ တစ်လွဲမတွေးကြပါနဲ့ ‘ ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

အကြောင်းကတော့ မကြာခဏရေကြီးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူမရဲ့မြို့လေးကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုပြင်ဆင်ဆောင်ရွက်ပေးမလဲဆိုပြီး ဖော်ပြမေးမြန်းခဲ့တဲ့ ပုံစံမျိုးသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

Zawgyi

ၿမိဳ႕ထဲမွာ မိုးႀကီးေရလွ်ံေနတာကို အေကာင္းဆုံးအသုံးခ်ၿပီး နိုင္ငံေက်ာ္လာသည့္ မိန္းကေလး

လူအေတာ္မ်ားမ်ားက မိုးႀကီးေရလွ်ံရင္ အခက္အခဲအေတာ္မ်ားမ်ားနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရေပမဲ့ ယခုေဖာ္ျပမဲ့ ေကာင္မေလးကေတာ့ အခက္အခဲမရွိ အေပ်ာ္ဓာတ္ပုံေတြရိုက္ကူးေနခဲ့ပါတယ္ ။

အိႏၵိယနိုင္ငံ ၊ Panta ၿမိဳ႕မွာ ေနထိုင္လ်က္ရွိတဲ့ Aditi Singh အမည္ရွိတဲ့ ေက်ာင္းသူဟာ ‘ Mermaid in Disaster’ ဆိုတဲ့ ေခါင္းစဥ္နဲ႕ မိုးႀကီးေရလွ်ံေနခ်ိန္ရိုက္ကူးထားတဲ့ သူမရဲ႕ဓာတ္ပုံေတြကို Instagram မွာ ေဝမွ်ခဲ့တာပါ ။

အခ်ိဳ႕ေသာ ဓာတ္ပုံေတြထဲမွာဆိုရင္ သစ္ပင္က်ိဳးက်တဲ့အထိ ျဖစ္ေနခဲ့လို႔ လူအေတာ္မ်ားမ်ားက သဘာဝေဘးအႏၲရာယ္ကို သူမက ပ်က္ရယ္ျပဳေနတယ္ဆိုၿပီး ေဝဖန္ခဲ့ၾကပါတယ္ ။

အခ်ိဳ႕ကလည္း အခက္အခဲေတြၾကားထဲက ေပ်ာ္႐ႊင္မႈေလးျဖစ္ေစတဲ့ သူမရဲ႕ပုံစံကို အားေပးေထာက္ခံခဲ့ၾကပါတယ္ ။ သူမကေတာ့ ‘ ဒီရဲ႕ဓာတ္ပုံေတြက လက္ရွိ Patna ၿမိဳ႕ရဲ႕ အေျခအေနကိုျပသေနတာပါ တစ္လြဲမေတြးၾကပါနဲ႕ ‘ ဆိုၿပီး ျပန္လည္ေျဖရွင္းခဲ့ပါတယ္ ။

အေၾကာင္းကေတာ့ မၾကာခဏေရႀကီးမႈေတြနဲ႕ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ သူမရဲ႕ၿမိဳ႕ေလးကို တာဝန္ရွိသူေတြအေနနဲ႕ ဘယ္လိုျပင္ဆင္ေဆာင္႐ြက္ေပးမလဲဆိုၿပီး ေဖာ္ျပေမးျမန္းခဲ့တဲ့ ပုံစံမ်ိဳးသာျဖစ္ေၾကာင္း ေျဖရွင္းခဲ့ပါတယ္ ။