Daily News

ဖိနပ်လေးတွေ ရောင်းနေတဲ့ အဖိုးက mask မတပ်ထား တာတွေ့လို့ mask သွားပေးရင်း အဖိုးနဲ့ စကားပြောမိတော့

အဖိုးဟာ mask မတပ်ထားတာ တွေ့တာကြောင့် mask သွားပေးရင်းနဲ့ အဖိုးနဲ့ စကားလက်ဆုံ ကြဖြစ်ခဲ့တာပါ။ အဖိုးရဲ့ ဖိနပ်ဆိုင်လေး ပြန်ဖွင့်တာ ၃ ရက်ရှိပါပြီတဲ့ အဖိုးဟာ Mask မတပ်ထားတာ တွေ့လို့ Mask သွားပေးရင်းနဲ့ အဖိုးနဲ့ စကားပြော
ဖြစ်ခဲ့တာပါ။ အဘိုး ဘာလို့ Mask မတပ်တာလဲလို့ မေးလိုက်တော့ အဘိုးဟာ သူရဲ့ဘေးမှာချ ထားတဲ့ အိမ်တွင်းလုပ် နှာခေါင်းစည်း လေးကို ပြရင်းနဲ့ နားရွက်တွေနာလို့ ခဏချွတ် ထားလို့ ဆိုပါတယ်နော်။

အိမ်မှာချုပ် တာဆိုတော့ ဘယ်နေရာ လိုသွားလို့လဲ မသိဘူး တပ်ရတာက နားရွက် နာတယ်တဲ့။ ငါ့မြေး လာပေးတဲ့ နှာခေါင်းစည်းမျိုး ကြတော့လဲ အဖိုးဝယ်ပြီး တပ်နိုင် ပါဘူးကွယ် ။အဘိုးရဲ့ စကားဆုံး သွားချိန် ခင်းထားတဲ့ ဖိနပ်တွေကို ကြည့်လိုက် တော့တစ်ခုခု လိုနေသလိုခံစားမိလိုက် ရပါတယ်ဗျာ။ အရင်ကဆို မိုးကာ နဲ့အပြည့် ဖိနပ်တွေကို ခင်းထား တာပါတဲ့။ အခုတော့ မိုးကာအပြည့် မခင်းနိုင် တော့တဲ့အပြင် ကို ဒီဖိနပ်တွေက နောက်ဆုံး လက်ကျန် ဖိနပ် တွေဆိုတာကို သိလိုက်ရတာပါ။

သင်္ကြန် မတိုင်ခင် ကတည်းက ဆိုင်ပိတ်လိုက်ရတာ စားစရာမရှိ တော့ လို့နောက်ဆုံး ကျန်တဲ့ဖိနပ်တွေနဲ့ ဆိုင်ပြန်ဖွင့်တာ ဖိနပ် အသစ်တွေ ပြန်လုပ်ဖို့ ပစ္စည်းတွေက မန်းလေးမှာ ကိုယ်တိုင် သွားဝယ်ရ တာတဲ့။ အခုကားခဟာ အသွားပြန် သုံးသောင်း လောက်ဆိုတော့သွားဝယ်ဖို့ အဆင်မပြေ တော့ဘူးတဲ့။ မုံရွာမှာက ဝယ်လို့ ရပေမယ့် ပစ္စည်းက အစုံမရှိဘူး အဖိုးရဲ့ အသက်က ၈၅ နှစ်ရှိပါပြီတဲ့။ ဖိနပ် လုပ်ငန်း ကို ၁၀ စုနှစ်တစ် ခုကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးပါ။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဇနီးဖြစ်သူနဲ့ အတူဆိုင်ဖွင့်ခဲ့ ပေမယ့်လည်း အခုဆိုရင် ဇနီးသည် လည်း ဆုံးပါးသွားခဲ့ပြီမို့ အဖိုးတစ် ယောက်ထဲသာ ဆက်လက် ဆိုင်ဖွင့်နေတာ ပါတဲ့။ အဖိုးရဲ့ ကတ္တီပါ ဖိနပ်တွေက ဒီဇိုင်းလဲ ဆန်းသလို ခိုင်ခံမှုလဲရှိပါတယ်။ ကလေးစီး၊ ကျား/မ ဖိနပ်ဆိုဒ်မျိုးစုံရှိပြီး စျေနှုန်းကလဲ တစ်ထောင်ကနေ သုံးထော င်အထိ သာရှိပါ တယ်နော်။

အဘိုးက မန်းလေးသားစစ် အသက် ၄၅ နှစ်လောက်မှ မုံရွာကိုပြော င်းခဲ့တာ ဒီကိုပြောင်းလာတော့ ဒုက္ခ တော်တော်ရောက်ခဲ့တာ စီးပွားက အဆင်မပြေဘူး။ ကုန်အရောင်း အဝယ်လုပ်တာလဲ အဆင်မပြေ နောက် ဆုံး ဘယ်အလုပ်မှ အဆင် မပြေလို့ ဒီဖိနပ်လုပ် ငန်းကို လုပ်ဖြစ်သွား တာပါ။ ဒီကာလမှာ လူတို င်း စီးပွားရေး အကြပ်တည်းကို ရင်ဆိုင်နေပေမဲ့လဲ အဘိုးလို သက်ကြီးရွယ်အို တွေက ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရတာ ပိုမိုခက်ခဲ လိမ့်မယ်လို့ ထင်မိပါ တယ်ဗျာ။ အကယ်၍များ လမ်းသင့် လို့ အဖိုးရဲ့ဖိနပ်ဆိုင်လေးရှိရာ အ.ထ.က ၂ကျော င်းအနီး ဆေးရုံလမ်းကို ရောက်ခဲ့ရင် ဖိနပ်လေးတွေ ဝယ်ယူအားပေးခဲ့ကြပါလို့ တိုက်တွန်းပါရစေ။

credit