AMAZING

ခါးသေးချင်လို့ဆိုပြီး တစ်နေ့ကို အစားအသောက်တစ်ကြိမ်သာ စားသုံးခဲ့သော မိန်းကလေး နာမည်ကြီး​နေ

ခါးသေးချင်လို့ဆိုပြီး တစ်နေ့ကို အစားအသောက်တစ်ကြိမ်သာ စားသုံးခဲ့သော မိန်းကလေး နာမည်ကြီး​နေ

မိန်းကလေးတို့၏ သဘာဝတိုင်း အရမ်းလှချင်ကာ မိမိခန္ဓာကိုယ်ကို လိုချင်သည့် ပုံစံအမျိုးမျိုးသို့ ပြောင်းလဲသွားအောင် လုပ်ဆောင်ကြသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ An Lyအမည်ရှိသော အသက် ၂၆နှစ်အရွယ် မိန်းကလေးသည် ၂နှစ်အတွင်း နေ့စဥ်အစား ၃နပ်စားခြင်းမှ သူမသည် တစ်နပ်သာ စားသုံးခဲ့ခြင်းဖြင့် ခါးသေးသေးလေးရအောင် ကိုယ့်နည်းကိုယ့်ဟန်နှင့်အတူ ကြိုးစားပြီး လေ့ကျင့်ခဲ့သည်။

မိန်းကလေးသည် အချိန်ပိုင်း အကသမားအဖြစ် အသက်မွေး၀မ်းကျောင်းပြုနေရင်း သူမအသက် ၁၈နှစ်အရွယ်ကစပြီး ခန္ဓာကိုယ် ၅၀ကီလိုဂရမ် အလေးချိန်ကနေ ၃၇ကီလိုဂရမ်အထိကို လျှော့ချခဲ့သည်။

နောက်ပိုင်းတွင် သူမသည် အစားအသောက်အတွက် ညစာတစ်နပ်တည်းကိုသာစားသည့်အပြင် တစ်ချိန်လုံး corsetကို ခါးတွင် ဝတ်ဆင်ထားခြင့်ဖြင့် ယခုအခါ ခါးပတ်လည် ၆၀စင်တီမီတာ ကနေ ၄၆စင်တီမီတာအထိ တတ်နိုင်သလောက် လျှော့ချနိုင်ခဲ့၍ သူမလိုချင်သော ခါးသေးသေးအား ပိုင်ဆိုင်ထားပြီဖြစ်သည်။

Zawgyi




