Love & Relationship

ဝမ်းနည်းမျက်ရည်များစွာနှင့် အဝတ်ထုတ်လေးကိုကိုင်ပြီး လမ်းလျှောက်နေတဲ့ မိခင်ကို တွေ့လိုက်တဲ့အခါ သူ့ဇနီးရဲ့ စိတ်ရင်းအမှန်ကို သိလာခဲ့ရတဲ့ အမျိုးသား

ဝမ်းနည်းမျက်ရည်များစွာနှင့် အဝတ်ထုတ်လေးကိုကိုင်ပြီး လမ်းလျှောက်နေတဲ့ မိခင်ကို တွေ့လိုက်တဲ့အခါ သူ့ဇနီးရဲ့ စိတ်ရင်းအမှန်ကို သိလာခဲ့ရတဲ့ အမျိုးသား

ကျေးလက်တောရွာတစ်ခုမှာ ဆင်းရဲတဲ့စုံတွဲတစ်တွဲက သားတစ်ယောက်ရှိခဲ့ပါတယ် ။ သူတို့က ဆင်းရဲလွန်းတာကြောင့် လင်မယားနှစ်ယောက်က စားဝတ်နေရေးအတွက် အမြဲရုန်းကန်ခဲ့ရပါတယ် ။ ဆင်းရဲမွဲတေနေသော်လည်း သူတို့ဇနီးမောင်နှံက သားလေးကို အလုပ်မပေးလုပ်ဘဲ သူတို့မှာ ပိုက်ဆံရှိသလောက် သူတို့သားရဲ့ ပညာရေးအတွက် လိုအပ်တာမှန်သမျှကို သေချာအောင်လုပ်ပေးနိုင်ပြီး ပိုကောင်းတဲ့အနာဂတ်အတွက် သူကြိုးစားလေ့လာဖို့ ပြောခဲ့ပါတယ် ။

ကျေးဇူးတင်စရာမှာ နောက်ပိုင်းတော့ သားဖြစ်သူက ဘွဲ့ရပြီးနောက် မြို့မှာ ကောင်းမွန်တဲ့ အလုပ်တစ်ခုရရှိခဲ့ပြီး နောက်ပိုင်းတွင် သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီက မြို့မှာ အအောင်မြင်ဆုံးကုမ္ပဏီတစ်ခုဖြစ်လာတာနဲ့ အမျှ သူ့ရဲ့ကံဆိုးမှုက ရောက်ရှိလာပါတော့တယ် ။

သိပ်မကြာခင်မှာပဲ သားလေးက လှပတဲ့ အမျိုးသမီးတစ်ဦး နဲ့ လက်ထပ်ပြီးနောက် မြို့ထဲလာနေရန် မိဘတွေကို တောင်းဆိုခဲ့သော်လည်း မိဘတွေက သူတို့ ဇာတိရွာလေးမှာ နေရတာပိုအဆင်ပြေတာကြောင့် မိဘတွေက ငြင်းဆန်ခဲ့ပါတယ် ။သားကလည်း သူ့မိဘရဲ့ဆန္ဒကိုနားလည်သဘောပေါက်ခဲ့လို့ မိဘတွေကိုမြို့ထဲနေဖို့ အတင်းမတောင်းဆိုခဲ့ပါဘူး ။ ဒါပေမဲ့ အဖေဆုံးသွားတဲ့အခါ အမေက ရွာမှာ တစ်ယောက်တည်းကျန်ရစ်ခဲ့ရပါတယ် ။

သူ့အမေရဲ့ကောင်းကျိုးချမ်းသာနဲ့လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ပြီး နောက်ပိုင်းမှာ သားဖြစ်သူက မြို့ထဲမှာနေဖို့ သူ့အမေကို ဖျောင်းဖျခဲ့ပါတယ် ။ မိခင်ကလည်း သားနဲ့ အတူနေဖို့ သဘောတူလိုက်ပါတယ် ။

မိခင်ဖြစ်သူက သားနဲ့ အတူနေခဲ့သော်လည်း မြို့မှာနေရတယ် အဆင်မပြေခဲ့ပါဘူး ။မြို့တော်မှာ ကြီးပြင်းလာတဲ့ ချွေးမက သူ့သူမယောက္ခမ ရွာကနေ ပြောင်းလာကတည်းက အထင်သေးနေခဲ့ပါတယ် ။ သားဖြစ်သူ အလုပ်သွားတဲ့အခါ ချွေးမက အမေကို ကျွန်အဖြစ် ဆက်ဆံပြီး အိမ်မှုကိစ္စတွေလုပ်ခိုင်းခဲ့ပါတယ် ။ အမေက သားဖြစ်သူကို စိတ်မပူစေလိုတာကြောင့် သားကို မပြောဘဲ အချိန်တွေကြာလာခဲ့ပါတယ် ။

တစ်နေ့မှာ ချွေးမဖြစ်သူက ဒေါသထွက်လာပြီး မိခင်ကို ရွာပြန်သွားခိုင်းလိုက်ပါတယ် ။ မိခင်ဖြစ်သူကလည်း အိမ်ဟောင်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပေမဲ့ အိမ်အပြန်လမ်းမှာ သားဖြစ်သူက ဝမ်းနည်းမျက်ရည်နဲ့ အမေကို တွေ့ပြီး သူ့အမေရဲ့ အိတ်ကို ဆွဲထားခဲ့ပါတယ် ။ သားက အံ့သြသွားပြီး အမေဘာလို့ ရွာကို ရုတ်တရက်ပြန်ချင်တာလဲ လို့ မေးခဲ့လိုက်ပါတယ် ။

သူ့အမေက ရွာကိုပြန်ချင်ရတဲ့အကြောင်းရင်းအမှန်က သူ့မိန်းမက သူ့အမေအပေါ် မရိုးမသားပြုမူဆက်ဆံခြင်းကြောင့်ကို နောက်ပိုင်းမှသာ သူသိလာခဲ့ပါတယ် ။ ဒါ့ကြောင့် သူက သူ့ရဲ့ တစ်ဦးတည်းသောမိခင်ကို ဆုံးရှုံးခြင်းထက် သူ့ရဲ့ကျေးဇူးကန်းတဲ့ ဇနီးနဲ့ ကွာရှင်းတာက အကောင်းဆုံးလို့ သူဆုံးဖြတ်ခဲ့ပါတယ် ။ သူ့ဇနီးက သူ့ပိုက်ဆံကြောင့် ချစ်တာကိုသိပြီး ဘာပဲဖြစ်ဖြစ် သူ့အမေက သူ့ကိုခြွင်းချက်မရှိ မေတ္တာအစစ်အမှန် နဲ့ ချစ်တယ် ဆိုတာ သူသိခဲ့ရပါတယ် ။

Crd – JRose (KB Chimmy One)