AMAZING

ဖုန်းသုံးရင်း လမ်းလျှောက်သွားတာကြောင့် ရေမြောင်းပေါက်ရဲ့ သံမဏိသံတိုင်ကြားမှာ နောင်တတွေနဲ့ ဖြတ်သန်းခဲ့ရသည့် ကောင်မလေး

ဖုန်းသုံးရင်း လမ်းလျှောက်သွားတာကြောင့် ရေမြောင်းပေါက်ရဲ့ သံမဏိသံတိုင်ကြားမှာ နောင်တတွေနဲ့ ဖြတ်သန်းခဲ့ရသည့် ကောင်မလေး

လမ်းလျှောက်တာ၊ ကားမောင်းတာတွေဆို ဘာမျှမလုပ်၊ ဖုန်းမသုံးတာက အကောင်းဆုံးလို့ထင်မိပါတယ် ။ အကြောင်းမှာ တရုတ်မိန်းကလေးငယ်တစ်ဦးက လမ်းလျှောက်ရင်းနဲ့ သူမသူငယ်ချင်းတွေကို စာပို့နေတာကြောင့် ရေမြောင်းအပေါက်ကို သတိမထားမိဘဲ နာရီပေါင်းများစွာ ညှက်မိနေခဲ့ပါတယ် ။

ရေမြောင်းအပေါက်ထဲကျပြီး သူမရဲ့ဖုန်းပျောက်သွားလားမသိပေမယ့် တကယ့်ကိုရှက်စရာကောင်းတာက သူမအများကြီးကြိုးစားခဲ့ရင်တောင် မြောင်းပေါက် ရဲ့သံမဏိသံတိုင်တွေကြားမှာ သူမ မနည်းရုန်းကန်နေရတာပါ ။ ရုန်းရင်းနဲ့ သူမရဲ့ ခြေထောက်တွင် ပိုနီရဲပြီး ဒေါသဖြစ်နေခဲ့ပါတယ် ။

မိနစ်အနည်းငယ်အကြာမှာ ကောင်မလေးက ရေမြောင်းထဲတွင် ပိတ်မိနေပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မီးသတ်ကားကို အကူအညီတောင်းခဲ့သော်လည်း နောက်ဆုံး မီးသတ်သမားတွေက သူမကို ကယ်ထုတ်ရန် တစ်နာရီနီးပါး ကြာခဲ့ပါတယ် ။

သူမရဲ့အဖြစ်အပျက်ကြောင့် ထိုအချိန်မှစပြီး ၎င်းမိန်းကလေးက လမ်းလျှောက်နေရင်း စာမပို့တော့ပါဘူး ။ သူမရဲ့အဖြစ်က အခြားသူတွေအတွက်လည်း သင်ခန်းစာဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

Crd JRose (KB Chimmy One)

Zawgyi






Crd JRose (KB Chimmy One)