AMAZING

ပြည့်ပြီးလှပတဲ့ မျက်နှာလေးလိုချင်မိတာကြောင့် ​မျက်နှာကို ဆေးထိုးသွင်းခဲ့ရာ တစ်ပတ်အကြာမှာ ဒုက္ခိတဖြစ်သွားခဲ့ရသူ

ပြည့်ပြီးလှပတဲ့ မျက်နှာလေးလိုချင်မိတာကြောင့် ​မျက်နှာကို ဆေးထိုးသွင်းခဲ့ရာ တစ်ပတ်အကြာမှာ ဒုက္ခိတဖြစ်သွားခဲ့ရသူ

ယနေ့ခေတ်တွင် ထိုးဆေးလေးထိုးရုံနှင့် ကိုယ်လိုချင်သော မျက်နှာပုံစံကို ရရှိနိုင်ခြင်းဖြင့် လူငယ်များကြားတွင် အတော်လေး ရေပန်းစားလျက်ရှိသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှိ Hangzhouမြို့တွင် နေထိုင်သော Zhaoအမည်ရ အသက် ၂၉နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ပျောက်သွားအောင်ဆိုပြီး ပြည်တွင်းအလှကုန်ဆေးရုံတစ်ခုတွင် ဖြည့်တင်းမှုအတွက် မျက်နှာကိုဆေးများထိုးသွင်းခဲ့သည်။

ဆေးထိုးပြီး တစ်ပတ်အကြာတွင် မိန်းကလေးသည် အိပ်ရာထလာပြီးနောက် မှန်ကြည့်လိုက်မိရာ မျက်နှာတစ်ခြမ်းမှာ ရွဲ့စောင်းနေပြီး အကြောသေကာ လေဖြတ်သွားခဲ့သည်။

မိန်းကလေးသည် အစားစားဖို့ရာပင် ခက်ခဲခဲ့ပြီး ဘယ်ဖက်မျက်စိမှာ မျက်မှောင်ကြုတ်ထားသလို အရုပ်ဆိုးပြီး ပိတ်လို့လည်း မရနှင့် မှန်ကြည့်တိုင်း နောင်တတရရဖြစ်နေခဲ့သည်။

မိန်းကလေးလည်း သူမကိုထိုးပေးခဲ့သော ဆရာဝန်နှင့် ဆေးရုံကြီးအား လျော်ကြေးမပေးခဲ့သည့်အတွက် တရားစွဲဆိုသွားမည်ဟု သိရသည်။

Crd – Hlaing (Love Feeling)

Zawgyi






