INTERNATIONAL NEWS

အခြားယောက်ျားလေးတွေက သူတို့ရဲ့ကောင်မလေးယကို သူ့ဆိုင်မှာ ဝယ်ယူခြင်းမှ တားမြစ်ရလောက်အောင် ခန့်ချောနေသူ အရောင်းကောင်လေး

အခြားယောက်ျားလေးတွေက သူတို့ရဲ့ကောင်မလေးယကို သူ့ဆိုင်မှာ ဝယ်ယူခြင်းမှ တားမြစ်ရလောက်အောင် ခန့်ချောနေသူ အရောင်းကောင်လေး

Singapore Airlines ရဲ့လေယာဉ်အမှုထမ်းအဖြစ် အလုပ်လုပ်ခဲ့တဲ့ Walter Tay အမျိုးသားတစ်ဦးဟာ သူဘယ်လောက်ပဲကြိုးစားကြိုးစား သူ့အလုပ်မှာ ကောင်းကောင်းမအောင်မြင်တာကြောင့် ထိုလေယာဥ်လုပ်ငန်းကို ထွက်ခဲ့လိုက်ပါတယ် ။ အဲ့ဒီနောက် သူက အသက်မွေးဝမ်းကြောင်းအတွက် MLM လုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး ။

သူက ကြံ့ခိုင်ရေးလေ့ကျင့်သူအဖြစ် ကြံ့ခိုင်မှုပြိုင်ပွဲစီစဉ်ရာမှာ သူကြိုးစားခဲ့သော်လည်း လူငယ်များအတွက် ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ် ။ ဒါပေမယ့် သူ့အဖေနဲ့အမေက သူ့ကိုအလုပ်သစ်တစ်ခုစလုပ်ဖို့ တွန်းအားပေးပြီး စင်္ကာပူနိုင်ငံက သူတို့ရဲ့ဇာတိမြို့က စားသောက်ဆိုင်မှာ ရောင်းသူအဖြစ် ကူညီပေးခဲ့ပါတယ် ။

သူက သူတို့ရဲ့ဆိုင်မှာ ချက်ပြုတ်တာကို ပထမဆုံးစလုပ်တဲ့အချိန်မှာ Walter က သူ့ကိုယ်သူတောင် သနားသွားပါတယ် ။ သူ့သူငယ်ချင်းတွေအားလုံး ကမ္ဘာတစ်ဝှမ်းလုံးကိုခရီးထွက်တဲ့အချိန်မှာ သူက မိဘတွေရဲ့ဆိုင်မှာ ချက်ပြုတ်နေရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ မြို့ရဲ့ အဆင့်အမြင့်ဆုံး ချက်ပြုတ်သူအဖြစ် ကျော်ကြားလာခဲ့ပါတယ် ။

သူ့ရဲ့ရုပ်ရည်ချောမောမှုနဲ့ ချက်ပြုတ်နိုင်စွမ်းတို့ကြောင့် Walter ဟာ သူချက်ပြုတ်တဲ့အရသာကိုနှစ်သက်တဲ့ ဖောက်သည်တွေများလာပြီး သူနဒ့အတူ selfie ရိုက်ခြင်းတို့ နောက်ဆုံးတော့ သူတို့အစားအစာဆိုင်မှာ အောင်မြင်မှုကို တွေ့ခဲ့ပါတယ် ။

Walter ရဲ့ ရုပ်ရည်ခန့်ချောမှုကြောင့် အခြားသောကောင်လေးတွေက သူတို့ကောင်မလေးတွေကို ထိုဆိုင်မှာ မဝယ်ယူဖို့ ပြောဆိုကြပါတယ် ။ အခုချိန်မှာ Walter က ကောင်မလေးမရှိသေးတာကြောင့် လက်တွဲဖော်ကို ဘယ်လိုပုံစံမျိုးလိုချင်လဲလို့ မေးတဲ့အခါမှာ Walter က “ ကျွန်တော့်ကို ပျော်ရွှင်အောင်အမြဲထားပေးနိုင်ကောင်မလေးရယ်၊ နောက်ပြီး တစ်နေ့ကို မိနစ် ၃၀ ထက်ပိုပြီး မိတ်ကပ်မလိမ်းနက်တဲ့ ကောင်မလေးတွေဘဲ ငါလက်ခံတယ် ” လို့ ပြောပါတယ် ။

မူရင်း ခရက်ဒစ်