Daily News

ကျိုက်မရော- စံပယ်ဂူ – ကော့ပနော လမ်းပေါ်ရှိ အတ္ထရံတံတား(စံပယ်ဂူ) တည်ဆောက်ပြီးစီးပြီ

အတ္ထရံတံတား(စံပယ်ဂူ) သည် ကျိုက်မရော- စံပယ်ဂူ – ကော့ပနော လမ်းပေါ်တွင် တည်ရှိပြီး မွန်ပြည်နယ် ကျိုက်မရောမြို့၏ အရှေ့ဘက် (၃) မိုင်အကွာတွင် တည်ရှိပြီး သံကူကွန်ကရစ် သံမဏိသံပေါင်ဂုံးတံတား အမျိုးအစားဖြစ်သည်ဟုသိရှိရသည်။

တံတားအရှည်မှာ (၂၁၁၃) ပေ (၂) လက်မ၊ တံတားအကျယ်မှာ (၃၄) ပေ (၆) လက်မ၊ ယာဉ်သွားလမ်းအကျယ်မှာ (၂၃) ပေ (၇) လက်မ၊ ရေလမ်းကင်းလွတ်အမြင့်မှာ (၄၆) ပေ နှင့် ရေလမ်းကင်းလွတ်အကျယ်ပေမှာ (၃၆၀) ရှိသည်ဟု သိရသည်။

အတ္ထရံတံတား( စံပယ်ဂူ) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ( ၃၀) ရက် တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာ (၃၀) ရက်တွင်တည်ဆောက်ပြီး စီးခဲ့ကာ တံတားစီမံကိန်း တန်ဖိုးမှာကျပ်သန်း (၁၈၀၀၀) ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရှိရသည်။

ယခင်က အတ္ထရံမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း (၉၇) ရွာမှ ဒေသခံပြည်သူ များသည် ကျိုက်မရောမြို့သို့ ရောက်ရှိရန် အချိန်ကြာမြင့်စွာ အသုံးပြုသွားလာခဲ့ကြရသည်။

ယခုအခါ အတ္ထရံမြစ်ကူး အတ္ထရံတံတား (စံပယ်ဂူ) တည်ဆောက်ပြီးစီးပြီဖြစ်၍ အတ္ထရံမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးလက်ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုး တိုးတက် မြန်ဆန်လာမည်ဖြစ်သည်။

ခ ရက် ဒစ်