AMAZING

ခန္ဓာကိုယ်တစ်ခုလုံးအပြင် မျက်လုံးထဲကိုပါ တက်တူးထိုးခဲ့သည့် ပုရိသတို့ရဲ့ မိန်းကလေး

တက်တူးထိုးတယ်ဆိုတာ လူငယ်တွေကြားထဲမှာ ရေပန်းစားတဲ့ ခန္ဓာကိုယ်အနုပညာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာတော့ “အိမ်ထောင်မှု ဘုရားတည် မှင်ရည်စုတ်ထိုး” ဆိုတာ နောင်ပြင်ရန် ခက်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ တက်တူးထိုးထားတဲ့လူတိုင်းကို လူမိုက်လို့ ပြောလို့မရသလို လူမိုက်တိုင်းလည်း တက်တူးမထိုးတတ်ပါဘူး။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ဒီတက်တူးထိုးခြင်းဟာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လူငယ်လူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ အနုပညာတစ်မျိုးပါပဲ။

ဒီလို တက်တူးထိုးတဲ့ အရသာကို ကြိုက်နှစ်သက်တဲ့သူတွေကြားထဲမှာ အသက် ၂၄ နှစ် အရွယ်ရှိ Amber Breeana ဆိုတဲ့ အမျိုးသမီးတစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။ လက်ရှိ Amber ခန္ဓာကိုယ်အနှံ့က တက်တူးတွေထိုးခဲ့တဲ့ တန်ဖိုးဟာ ပေါင်နှစ်သောင်း(မြန်မာငွေ သိန်း ၄၀၀ နီးပါး) လောက်ရှိပြီး ခန္ဓာကိုယ်နေရာအနှံ့မှာ တက်တူးထိုးခဲ့တာဖြစ်ကြောင်း Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Amber ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ တက်တူးအရေအတွက်ဟာ ပုံပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်ပါတယ်။ သူမ တက်တူး စထိုးခဲ့တဲ့ အချိန်က ၁၆ နှစ်အရွယ်ကတည်းက ဖြစ်ပြီး ပထမဆုံးထိုးခဲ့တဲ့ တက်တူးကတော့ “ You can keep knocking, but won’t knock me down; no love lost, no love found” ဆိုတဲ့ စာကြောင်းပဲ ဖြစ်ပါတယ်။ Amber ထိုးခဲ့တဲ့ တက်တူးအများစုကတော့ ပန်းပွင့်ပုံ၊ တိရစ္ဆာန်ပုံ၊ အရိုးခေါင်းပုံနဲ့ ကုဗတုံးပုံစံ patterm အကွက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Amber ဟာ ခန္ဓာကိုယ်အနှံ့မှာ တက်တူးထိုးရတာတင် အားမရဘဲ မျက်လုံးထဲမှာပါ Eye ball တက်တူးအပြာရောင်ထိုးခဲ့တာပဲ ဖြစ်ပါတယ်။

“ တက်တူးထိုးရတဲ့ အရသာကို ကွန်မအရမ်းကြိုက်ပါတယ်။ ခန္ဓာကိုယ်အနှံ့မှာ အပ်သွားတဲ့ လမ်းကြောင်းကရတဲ့ တဆစ်ဆစ်နဲ့ နာကျင်မှုအရသာက ဘယ်နာကျင်မှုနဲ့မှ မတူပါဘူး။ ကျွန်မစိတ်ထဲမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို တက်တူးထိုးပြီးရလာတဲ့ နာကျင်မှုတွေနဲ့ ပြန်ပြီးကုစားတာပါ။ ကျွန်မဟာ ၁၅ နှစ်သမီးကတည်းက စိတ်ကျရောဂါရှိတယ်။ မိဘဆိုတာဘာမှန်းတောင်မသိဘူး။ အဖေဆိုတာ ဓာတ်ပုံပဲ မြင်ဖူးတာ။ အမေဆိုတာလဲ အချိန်ပြည့် သူ့ရဲ့ အလုပ်တွေနဲ့ပဲ ရှုပ်နေတာ။ ဒါကြောင့် ကျွန်မဘဝမှာ ကျွန်မသာဘုရင်မပါပဲ” လို့ Amber က ပြောကြားခဲ့ပါတယ်။

မူရင်း ခ ရက် ဒစ်