AMAZING

အရုပ်ကလေးလို မျက်နှာပေါက် နဲ့ အင်တာနက်ပေါ်မှာ ကမ္ဘာ့အလှဆုံးမိန်းကလေး သရဖူကိုရယူနိုင်ခဲ့တဲ့ ၇နှစ်အရွယ် ကောင်မလေး

အရုပ်ကလေးလို မျက်နှာပေါက် နဲ့ အင်တာနက်ပေါ်မှာ ကမ္ဘာ့အလှဆုံးမိန်းကလေး သရဖူကိုရယူနိုင်ခဲ့တဲ့ ၇နှစ်အရွယ် ကောင်မလေး

Iran နိုင်ငံမှ အသက် ၇ နှစ်အရွယ် Mahdis Mohammadi အမည်ရှိ မိန်းကလေးငယ်တစ်ဦးဟာ အရုပ်နဲ့တူတဲ့ အလှတရားကြောင့် သူမကို ယနေ့ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် Internet သရဖူကို လွယ်လွယ်ကူကူရနိုင်ခဲ့ပါတယ် ။ ထိုကလေးမက Instagram မှာ followers ၂၀၀k နီးပါးရရှိထားပါတယ် ။ သူမက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကလေးဘဝတုန်းက အကောင့်ကို စဖွင့်ခဲ့တာပါ ။

Mahdis က သူမရဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဉ်များနဲ့ ကလေးတွေ ပြုလုပ်တဲ့ အခြားအရာများအကြောင်း ဝေမျှပြီးနောက် အင်တာနက်ကြယ်ပွင့်ဖြစ်လာခဲ့တာပါ ။Mahdis ရဲ့မိဘတွေက သူမကို အများအားဖြင့်ကလေးအဝတ်အစားတွေ သိပ်ပြီး မဝတ်ခိုင်းဘဲ ယနေ့ခေတ် လူငယ် YouTubers များနဲ့ social media star က လူကြီးတွေလို ဝတ်စားဆင်ယင်စေခဲ့ပါတယ် ။ Mahdis က လှပတဲ့ မျက်နှာ၊ ကြီးမားတဲ့မျက်လုံး၊ မျက်တောင်ရှည်နဲ့ လှိုင်းတွန့်ဆံပင်တွေကို ပိုင်ဆိုင်ထားသူလေးပါ ။

သူမက အရုပ်နဲ့တူဖို့ ခက်ခက်ခဲခဲကြိုးစားစရာမလိုဘဲ သူမရဲ့ ပင်ကိုယ် အလှကပင် တူနေခဲ့ပါတယ် ။ ထိုကလေးမက ဒေသတွင်းမဂ္ဂဇင်းများနဲ့ ရှိုးပွဲများစွာမှာလည်း ထင်ရှားလာခဲ့ပါတယ် ။ မကြာသေးမီက Mahdis ကို ဒေသခံအီရန်အဆိုတော်၊ တေးရေးဆရာ Hamed Ghorbani ရဲ့ တေးဂီတဗီဒီယိုမှာပင် ပါဝင်ခဲ့ပါသေးတယ် ။

သူမရဲ့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မမျှဝေသင့်ဘူးလို့ ယုံကြည်တဲ့သူတွေရှိပါတယ် ။ ဒီအသက်အရွယ်လေးမှာ ဆိုရှယ်မီဒီယာစတားတစ်ယောက်ဖြစ်ခွင့် မရသင့်ပေမယ့် သူမကို ချစ်မြတ်နိုးပြီး သူမရဲ့ဘဝမှာအောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးတဲ့ သူတွေလည်း အများကြီးရှိပါတယ် ။

Crd JRose (Mckzone Daily)

Zawgyi

အ႐ုပ္ကေလးလို မ်က္ႏွာေပါက္ နဲ႕ အင္တာနက္ေပၚမွာ ကမာၻ႔အလွဆုံးမိန္းကေလး သရဖူကိုရယူနိုင္ခဲ့တဲ့ ၇ႏွစ္အ႐ြယ္ ေကာင္မေလး

Iran နိုင္ငံမွ အသက္ ၇ ႏွစ္အ႐ြယ္ Mahdis Mohammadi အမည္ရွိ မိန္းကေလးငယ္တစ္ဦးဟာ အ႐ုပ္နဲ႕တူတဲ့ အလွတရားေၾကာင့္ သူမကို ယေန႕ကမာၻ႔အလွဆုံးမိန္းကေလးအျဖစ္ Internet သရဖူကို လြယ္လြယ္ကူကူရနိုင္ခဲ့ပါတယ္ ။ ထိုကေလးမက Instagram မွာ followers ၂၀၀k နီးပါးရရွိထားပါတယ္ ။ သူမက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ကေလးဘဝတုန္းက အေကာင့္ကို စဖြင့္ခဲ့တာပါ ။

Mahdis က သူမရဲ႕ စိတ္လႈပ္ရွားဖြယ္ခရီးစဥ္မ်ားနဲ႕ ကေလးေတြ ျပဳလုပ္တဲ့ အျခားအရာမ်ားအေၾကာင္း ေဝမွ်ၿပီးေနာက္ အင္တာနက္ၾကယ္ပြင့္ျဖစ္လာခဲ့တာပါ ။Mahdis ရဲ႕မိဘေတြက သူမကို အမ်ားအားျဖင့္ကေလးအဝတ္အစားေတြ သိပ္ၿပီး မဝတ္ခိုင္းဘဲ ယေန႕ေခတ္ လူငယ္ YouTubers မ်ားနဲ႕ social media star က လူႀကီးေတြလို ဝတ္စားဆင္ယင္ေစခဲ့ပါတယ္ ။ Mahdis က လွပတဲ့ မ်က္ႏွာ၊ ႀကီးမားတဲ့မ်က္လုံး၊ မ်က္ေတာင္ရွည္နဲ႕ လွိုင္းတြန႔္ဆံပင္ေတြကို ပိုင္ဆိုင္ထားသူေလးပါ ။

သူမက အ႐ုပ္နဲ႕တူဖို႔ ခက္ခက္ခဲခဲႀကိဳးစားစရာမလိုဘဲ သူမရဲ႕ ပင္ကိုယ္ အလွကပင္ တူေနခဲ့ပါတယ္ ။ ထိုကေလးမက ေဒသတြင္းမဂၢဇင္းမ်ားနဲ႕ ရွိုးပြဲမ်ားစြာမွာလည္း ထင္ရွားလာခဲ့ပါတယ္ ။ မၾကာေသးမီက Mahdis ကို ေဒသခံအီရန္အဆိုေတာ္၊ ေတးေရးဆရာ Hamed Ghorbani ရဲ႕ ေတးဂီတဗီဒီယိုမွာပင္ ပါဝင္ခဲ့ပါေသးတယ္ ။

သူမရဲ႕ဓာတ္ပုံေတြကို ဆိုရွယ္မီဒီယာေပၚမွာ မမွ်ေဝသင့္ဘူးလို႔ ယုံၾကည္တဲ့သူေတြရွိပါတယ္ ။ ဒီအသက္အ႐ြယ္ေလးမွာ ဆိုရွယ္မီဒီယာစတားတစ္ေယာက္ျဖစ္ခြင့္ မရသင့္ေပမယ့္ သူမကို ခ်စ္ျမတ္နိုးၿပီး သူမရဲ႕ဘဝမွာေအာင္ျမင္မႈရရွိပါေစလို႔ ဆုေတာင္းေပးတဲ့ သူေတြလည္း အမ်ားႀကီးရွိပါတယ္ ။

Crd JRose (Mckzone Daily)