Local News

သားသမီးတွေရဲ့ စွန့်ပစ်တာကို ခံခဲ့ရတဲ့ အဖွားကို သွားရောက် ခေါ်ဆောင်ခဲ့ပေမယ့် မလိုက်ဘူးပဲ ငြင်းနေကြောင်း ပြောပြလာသည့် ဆရာတော်

သားသမီးတွေရဲ့ စွန့်ပစ်တာကို ခံခဲ့ရတဲ့ အဖွားကို သွားရောက် ခေါ်ဆောင်ခဲ့ပေမယ့် မလိုက်ဘူးပဲ ငြင်းနေကြောင်း ပြောပြလာသည့် ဆရာတော်

လူတိုင်းကတော့ အချိန်တန်ရင် အိုကြရသူတွေပဲမို့ ကိုယ့်ရဲ့ မိဘ ၊သက်ကြီး အဖိုးအဖွားတွေကို အိုမင်း မသန်စွမ်းလို့ ဆိုတဲ့ အကြောင်းတရားမျိုးစုံနဲ့ ဥပေက္ခာ မပြုသင့်ပါဘူး ။

သက်ကြီးရွယ်အိုတွေဆိုတာ ဒီလို အချိန်တွေမှာ အရမ်းကို အားငယ်တတ်လို့ သားသမီး ၊မြေးတွေရဲ့ ဂရုစိုက်မှု ၊ ကြင်နာယုယမှုတွေကို မက်မက်မောမော တောင့်တတ်ကြပါတယ် ။ ဒီလို သက်ကြီးအဖိုးအဖွားတွေကို ပြုစုစောင့်ရှောက်ပေးရတာလည်း ကုသိုလ်တစ်ပါးပဲ မဟုတ်လား ။

တစ်ချို့သော သူတွေကြတော့လည်း ဒီလို အဖိုးအဖွားတွေကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်လာတာတွေ လုပ်လာတာ တွေ့ရပါတယ် ။

မနေ့ညကဆိုရင်လည်း ညကြီး အချိန်မတော် မန္တလေးမြို့ 55လမ်း 123 လမ်းဒေါင့်မှာ အသက် (၈၀) အရွယ် အဖွားတစ်ဦးကို အိမ်က လာရောက်စွန့်ပစ်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်က သူတွေပြောပြချက်အရ သိရပါတယ် ။

ဒီလို အစစအရာရာ အန္တရာယ်ရှိနေတဲ့ ကာလကြီးမှာ အဖွားခမျာ အထုပ်လေးကိုင်ပြီး ငူငူငေါင်ငေါင်ရပ်နေရှာတာ ပုံတွေကြည့်ပြီး တကယ်ကို စိတ်ပူပန် သနားမိတာ အမှန်ပါပဲ ။

ဒီလို အဖွားစွန့်ပစ်ခံရတဲ့ အကြောင်းကို ပြည်သူတွေကလည်း အွန်လိုင်းကနေတစ်ဆင့် ကူညီသူတွေသိအောင် ဝိုင်းရှယ်ပေးကြတာတွေ့ရပါတယ် ။

ခဏကြာတော့ ဆရာတော်တစ်ပါးရောက်လာပြီး အဖွားကို လာရောက်ခေါ်ယူခဲ့ပေမယ့် အဖွားက ဘယ်လိုပြောပြော မလိုက်ဘူးပဲ ငြင်းနေတယ်လို့ ဆရာတော်ကပြောကြားထားတာတွေ့ရပါတယ် ။

ဒီသတင်းလေးဖတ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ အဖွားရဲ့ သတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း အမြန်အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Zawgyi

သားသမီးေတြရဲ႕ စြန့္ပစ္တာကို ခံခဲ့ရတဲ့ အဖြားကို သြားေရာက္ ေခၚေဆာင္ခဲ့ေပမယ့္ မလိုက္ဘူးပဲ ျငင္းေနေၾကာင္း ေျပာျပလာသည့္ ဆရာေတာ္

လူတိုင္းကေတာ့ အခ်ိန္တန္ရင္ အိုၾကရသူေတြပဲမို႔ ကိုယ့္ရဲ႕ မိဘ ၊သက္ႀကီး အဖိုးအဖြားေတြကို အိုမင္း မသန္စြမ္းလို႔ ဆိုတဲ့ အေၾကာင္းတရားမ်ိဳးစုံနဲ႕ ဥေပကၡာ မျပဳသင့္ပါဘူး ။

သက္ႀကီး႐ြယ္အိုေတြဆိုတာ ဒီလို အခ်ိန္ေတြမွာ အရမ္းကို အားငယ္တတ္လို႔ သားသမီး ၊ေျမးေတြရဲ႕ ဂ႐ုစိုက္မႈ ၊ ၾကင္နာယုယမႈေတြကို မက္မက္ေမာေမာ ေတာင့္တတ္ၾကပါတယ္ ။ ဒီလို သက္ႀကီးအဖိုးအဖြားေတြကို ျပဳစုေစာင့္ေရွာက္ေပးရတာလည္း ကုသိုလ္တစ္ပါးပဲ မဟုတ္လား ။

တစ္ခ်ိဳ႕ေသာ သူေတြၾကေတာ့လည္း ဒီလို အဖိုးအဖြားေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္လာတာေတြ လုပ္လာတာ ေတြ႕ရပါတယ္ ။

မေန႕ညကဆိုရင္လည္း ညႀကီး အခ်ိန္မေတာ္ မႏၲေလးၿမိဳ႕ 55လမ္း 123 လမ္းေဒါင့္မွာ အသက္ (၈၀) အ႐ြယ္ အဖြားတစ္ဦးကို အိမ္က လာေရာက္စြန႔္ပစ္ခဲ့တယ္လို႔ အနီးပတ္ဝန္းက်င္က သူေတြေျပာျပခ်က္အရ သိရပါတယ္ ။

ဒီလို အစစအရာရာ အႏၲရာယ္ရွိေနတဲ့ ကာလႀကီးမွာ အဖြားခမ်ာ အထုပ္ေလးကိုင္ၿပီး ငူငူေငါင္ေငါင္ရပ္ေနရွာတာ ပုံေတြၾကည့္ၿပီး တကယ္ကို စိတ္ပူပန္ သနားမိတာ အမွန္ပါပဲ ။

ဒီလို အဖြားစြန႔္ပစ္ခံရတဲ့ အေၾကာင္းကို ျပည္သူေတြကလည္း အြန္လိုင္းကေနတစ္ဆင့္ ကူညီသူေတြသိေအာင္ ဝိုင္းရွယ္ေပးၾကတာေတြ႕ရပါတယ္ ။

ခဏၾကာေတာ့ ဆရာေတာ္တစ္ပါးေရာက္လာၿပီး အဖြားကို လာေရာက္ေခၚယူခဲ့ေပမယ့္ အဖြားက ဘယ္လိုေျပာေျပာ မလိုက္ဘူးပဲ ျငင္းေနတယ္လို႔ ဆရာေတာ္ကေျပာၾကားထားတာေတြ႕ရပါတယ္ ။

ဒီသတင္းေလးဖတ္ၿပီး တကယ္ကို စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲ ။ အဖြားရဲ႕ သတင္းေလးကို ျပန္လည္ေဖာ္ျပေပးရင္း အျမန္အဆင္ေျပပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။