AMAZING

အပြစ်ကင်းစင်ပြီး ချိုမြိန်တဲ့ အပြုံးတွေကြောင့် အားကစားပရိတ်သတ်တွေရဲ့ ချစ်ခြင်းကို ခံနေရသည့် လေးပစ် အားကစားမယ်လေး

အပြစ်ကင်းစင်ပြီး ချိုမြိန်တဲ့ အပြုံးတွေကြောင့် အားကစားပရိတ်သတ်တွေရဲ့ ချစ်ခြင်းကို ခံနေရသည့် လေးပစ် အားကစားမယ်လေး

Valentina Acosta Giraldo အမည်ရှိမိန်းကလေးဟာ ရေကူးအားကစားသမားနှင့် ဘောလုံးသမားတစ်ဦးအဖြစ် လူသိများပါတယ်။သို့ပေမယ့် ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်မှာ သူမဟာ မြားပစ်ပြိုင်ပွဲမှာ ယှဉ်ပြိင်ကာ လူအများကြီးကို အံ့အားသင့်စေခဲ့ပါတယ်။

ထို့ထက်ပိုကာ သူမ၏ရင်သပ်ရှုမောဖွယ်အလှတရားဟာ ၎င်းအားကစားပြိုင်ပွဲ၌ မီးမောင်းထိုးပြခံခဲ့ရပါတယ်။ Valentina Acosta Giraldo ဟာ ယခုနှစ်မှာ အသက် ၂၁ နှစ်အရွယ်သာရှိပါသေးတယ်။သူမဟာ Colombia နိုင်ငံမှ ပရော်ဖက်ရှင်နယ်မြားပစ်အားကစားသမားတစ်ဦး ဖြစ်ပါတယ်။

Valentina ဟာ လွန်ခဲ့တဲ့ ၂ နှစ်က စပိန်နိုင်ငံ Madrid မြို့မှာ ကျင်းပခဲ့တဲ့ 2019 World Archery Youth Championships မှာ အနိုင်ရခဲ့တာကြောင့် ၎င်းအောင်ပွဲကနေ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်။

အားကစားမိသားစုမှပေါက်ဖွားလာခဲ့တဲ့ Valentina ဟာ ရေကူး ၊ ဘောလုံးနှင့်မြားပစ်စသည့်အားကစားများစွာကို သင်ယူကာကစားခဲ့ပါတယ်။သို့ပေမယ့် သူမဟာ မြားပစ်တဲ့နေရာမှာ အတော်ဆုံးပါ။ပင်ကိုယ်စွမ်းရည်နှင့်ကြိုးစားလေ့ကျင့်မှုတို့ဖြင့် သူမဟာ Colombia အမျိုးသားလေးပစ်အဖွဲ့တွင် နေရာရခဲ့ပါတယ်။

လက်ရှိမှာတော့ Valentina နှင့်သူမရဲ့အသင်းဖော်များဟာ ၂၀၂၁ ခုနှစ်တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေလျက်ရှိကြပါတယ်။အားကစားမှာ passive ဖြစ်တဲ့ သူမရဲ့talent အပြင် Valentina ဟာ သူမရဲ့ချိုမြိန်ပြီးအပြစ်ကင်းတဲ့အလှတရားအတွက် မီးမောင်းထိုးပြခံခဲ့ရပါတယ်။

သူမရဲ့အပြစ်ကင်းစင်တဲ့မျက်နှာနှင့်ချိုမြိန်တဲ့အပြုံးအပြင် Valentina မှာ သင့်ရဲ့အသက်ရှုနှုန်းကိုတောင် ရပ်တန့်ပစ်နိုင်တဲ့ hotဖြစ်တဲ့ခန္ဓာကိုယ်အချိုးအစားလည်း ပိုင်ဆိုင်ထားပါသေးတယ်။

မူရင်း Crd