Daily News

ကိုဗစ် ရှိ မရှိကို အသက်ရှုလိုက်တာနဲ့ နှစ်စက္ကန့်အတွင်း အဖြေထုတ်ပေးတဲ့စက် တီထွင်အောင်မြင်ပြီ

စက်ထဲကို ပါးစပ် သို့ နှာခေါင်းမှ အသက်ရှု လေမှုတ်သွင်းယုံဖြင့် ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးနိုင်သော စက်တမျိုးကို အစ္စရေးနိုင်ငံက တီထွင်အောင်မြင်ထားတယ် လို့ဆိုပါတယ်။

လူ့ရဲ့ပါးစပ်ထဲကလေကို ၁၀ စက္ကန့် လောက် ပိုက်တံမှ တဆင့် စက်ထဲမှုတ်သွင်းလိုက်တာနဲ့ စက်က နှစ်စက္ကန့်အတွင်း ရောဂါပိုး ရှိ မရှိ အဖြေပြန်ထုတ်ပေးနိုင်တာမို့ ကုန်ကျစားရိတ် နဲ့ စစ်ဆေးဖို့အချိန်ကြာမြင့်တာ မရှိတော့ပါဘူး။

စက်ကို အသုံးပြုခွင့် FDA တင်ထားပါတယ်။စစ်ဆေးချက်အဖြေ ၉၁% မှန်ကန်မှသာ FDA က အသုံးပြုခွင့် ခွင့်ပြုချက် ပေးမှာဖြစ်ပါတယ်။
လက်ရှိ စက်က ၉၈% အဖြေမှန်ကန်နေတာမို့ ဈေးကွက်ထဲ ရောက်လာပါတော့မယ်။

ဒီစက်ကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်တဲ့ နိုင်ငံတွေများလာတာနဲ့အမျှ ကမ္ဘာကြီးပုံမှန် အခြေအနေ ပြန်ရောက်နိုင်မှာမို့လို့ ဝမ်းသာနေကြပါတယ်။

ကမ္ဘာကို လျင်လျင်မြန်မြန် ဖြန့်ဖြူးပေးနိုင်ပါစေ။

Zawgyicode




