AMAZING

မကျွမ်းကျင်တဲ့ အလှအပပြုပြင်ရေးဆိုင်ရာခွဲစိတ်တဲ့ဆေးခန်းတခုကြောင့် ဆုံးရှုံးသွားခဲ့ရသည့် ချစ်စရာကောင်မလေးရဲ့ ကြေကွဲစရာဖြစ်ရပ်

မကျွမ်းကျင်တဲ့ အလှအပပြုပြင်ရေးဆိုင်ရာခွဲစိတ်တဲ့ဆေးခန်းတခုကြောင့် ဆုံးရှုံးသွားခဲ့ရသည့် ချစ်စရာကောင်မလေးရဲ့ ကြေကွဲစရာဖြစ်ရပ်

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့က၊အသက်(23)နှစ်အရွယ်Siewအမျိုးသမီးငယ်လေးဟာ၊မဂ်လာမဆောင်ခင်တစ်ပတ်အလိုမှာအသေးစားခွဲစိတ်ပြုပြင်ဖို့အတွက်၊အင်တာနက်ပေါ်ကနေကြော်ငြာထားတဲ့အလှအပဆိုင်ခွဲစိတ်ပြုပြင်ရေးဆေးခန်းတခုကို၊သူငယ်ချင်းတစ်ယောက်နဲ့အတူသွားခဲ့ပါတယ်။Siewဟာအချိန်ကြာတွဲခဲ့တဲ့၊အာဖရိကကချစ်သူနဲ့လက်ထပ်ဖို့တစ်ပတ်ပဲလိုတဲ့အချိန်လေးမှာ၊မယုံနိုင်လောက်အောင်ကြေကွဲရာအဖြစ်ပျက်နဲ့ကြုံခဲ့ရပါတယ်။

Siewနဲ့သူငယ်ချင်းတို့ဟာထိုဆေးခန်းကိုသွားရောက်ခဲ့ကြပါတယ်ဲ။Siewဟာတစ်နာရီခွဲ ကြာမြင့်တဲ့ခွဲစိတ်မှုကြီးပြုလုပ်ပီးတဲ့အခါမှာတော့၊အခြေနေမဟန်တဲ့Siewကိုရိပ်မိတဲ့သူငယ်ချင်းဖြစ်သူက၊ချက်ချင်းပဲအရေးပေါ်ကားကိုခေါ်ပီးနီးစပ်ရာဆေးရုံကိုပို့သခဲ့ပါတယ်။ထို့နောက်ဆေးရုံရောက်ပီးနာရီအနည်းငယ်အကြာမှာပဲ၊Siewဟာမှားယွင်းတဲ့ခွဲစိတ်မှုကြောင့်ဆိုတဲ့ဆရာဝန်ရဲ့ပြောကြားချက်အရ၊သေဆုံးသွားခဲ့ရပါတယ်။

ထိုအဖြစ်ကြောင့်Siewရဲ့မိသားစုဟာ၊ထိုအလှပြုပြင်ရေးခွဲစိတ်ဆေးခန်းကိုတရားစွဲဖို့သွားရောက်ခဲ့ကြပါတယ်တယ်။ထို့နောက်Siewသွားရောက်ခဲ့တဲ့ဆေးခန်းဟာ၊လိုင်စင်ရဆေးခန်းမဟုတ်တဲ့အပြင်ကျွမ်းကျင်တဲ့ခွဲစိတ်သူတွေမဟုတ်ဘူးဆိုတာကို၊Siewရဲ့အကိုကစုံစမ်းသိရှိခဲ့ရပါတယ်။Siewဟာသာမာန်ဖျားတတ်သူတစ်ယောက်မဟုတ်တဲ့အပြင်၊အားကစားလိုက်စားသူတစ်ယောက်မို့Siewရဲ့သေဆုံးမှုကိုမိသားစုကလက်ခံဖို့ခက်ခဲခဲ့ကြပါတယ်။

Siewဟာယခင်အသက်(16)နှစ်တုန်းက၊malaysiaနိုင်ငံရဲ့missတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။သူမရဲ့အဖြစ်ကြောင့်မိသားစုဝင်အားလုံးကတော့ယူကျုံးမရနှမြောတသဖြစ်ခဲ့ကြပါတယ်။

Crd – Bam Bam (Gabar News)

Zawgyi






Crd – Bam Bam (Gabar News)