INTERNATIONAL NEWS

ပြည်သူ့ ဖိုက်တာ အောင်လကို စိန်ခေါ်လိုက်တဲ့ အကျော်အမော် ဖိုက်တာတစ်ဦး ထွက်ပေါ်လာပြီ

ပြည်သူ့ ဖိုက်တာ အောင်လကို စိန်ခေါ်လိုက်တဲ့ အကျော်အမော် ဖိုက်တာတစ်ဦး ထွက်ပေါ်လာပြီ

“အောင်လကို စိန်ခေါ်လိုက်တဲ့ ဂျပန် ဖိုက်တာ ယူရှင် အိုကာမီ”

ဂျပန် ဖိုက်တာ ယူရှင် အိုကာမီ ကအောင်လအန်ဆန်း နဲ့ထိုးသတ်ဖို့စောင့်နေတာဖြစ်ကြောင်း မနေ့ကပွဲအပြီး Twitter မှာရေးသားခဲ့ပါတယ်။

အိုကာမီက ၂၀၂၀တုန်က တင်ထားတာကို ပြန်Share ပြီး Retweet အနေနဲ့ပြန်တင်ထားပြီး ပြောထားတာဖြစ်ပါတယ်။

” မစ်ဒယ်ဝိတ်တန်း ကို တက်ထိုးဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့ကစလို့ ၊ မင်းနဲ့ ထိုးခွင့်ရဖို့ စောင့်နေခဲ့တာပါ။

အဲဒီ ခံယူချက်က အခုထိ မပြောင်းလဲသေးပါဘူး။
အောင်လအန်ဆန်း ….မင်းကို ငါ အနိုင်ယူပြမယ်” လို့သူကရေးသားထားတာဖြစ်ပါတယ်။

Zawgyi





