AMAZING

နိုင်ငံကျော် ရုပ်ရှင်မင်းသမီးရဲ့ သမီးလေးဖြစ်သလို နတ်သမီးနဲ့ တူလွန်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး

နိုင်ငံကျော် ရုပ်ရှင်မင်းသမီးရဲ့ သမီးလေးဖြစ်သလို နတ်သမီးနဲ့ တူလွန်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး

ဖိလစ်ပိုင်နိုင်ငံတွင် အလှဆုံးအမျိုးသမီးအဖြစ်အသိအမှတ်ပြုခံထားရတဲ့ Marian Rivera အမည်ရှိအမျိုးသမီးနှင့် သူမ၏ကလေးများဟာ အင်တာနက်အသုံးပြုသူများရဲ့attention ကို မကြာခဏရရှိလေ့ရှိကြပါတယ်။သူမရဲ့သမီးငယ် Zia ဟာ သူမ၏နတ်သမီးကဲ့သို့သောလှပမှုကြောင့် အင်တာနက်မှာ အလွန်ကို ကျော်ကြားပါတယ်။

ကလေးမလေးမှာလည်း သူမကို မကြာခဏချီးကျူးစကားတွေ၊ အချစ်တွေနဲ့အကောင်းဆုံးဆုမွန်ကောင်းတွေတောင်းပေးတတ်တဲ့ပရိတ်သတ်တွေ အများကြီးရှိနေပါတယ်။သူမရဲ့ကြည့်ကောင်းတဲ့ဖခင်နှင့် ချောမောလှပတဲ့မိခင်တို့မှကြီးထွားလာတဲ့မျိုးရိုးဗီဇကို အမွေဆက်ခံထားခြင်းဖြင့် Ziaနှင့်သူမရဲ့မောင်နှမများဟာ စံထားရလောက်တဲ့အလှတရားမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။

ကလေးမလေးဟာ မော်ဒယ်လ်လုပ်ဖို့အတွက် နာမည်ကြီးတံဆိပ်များစွာထံမှ ကမ်းလှမ်းခံခဲ့ရပါသေးတယ်။Ziaဟာ ချောမောလှပသကဲ့သို့ သရုပ်ဆောင်ပါ ကျွမ်းကျင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်စုံတွဲတစ်တွဲရဲ့သမီးငယ်ဟာ ကင်မရာရှေ့မှာ အလွန်ကောင်းမွန်စွာ ပြုမူတတ်ပါတယ်။

သူမရဲ့ချောမောလှပတဲ့အမေက Instagram မှာ Zia နှင့်ရိုက်ကူးထားတဲ့ ၎င်းတို့ရဲ့ဓါတ်ပုံများကို ပရိသတ်များအား မကြာခဏမျှဝေပေးလေ့ရှိပါတယ်။Zia မှာ ကိုယ်ပိုင် Instagram အကောင့်မရှိသေးပေမဲ့ သူမရဲ့ပရိတ်သတ်များက ၎င်းတို့ရဲ့ idol ကိုမြင်ရဖို့ အမေဖြစ်သူရဲ့အကောင့်မှာလိုက်သွားကြည့်ဖို့ကို ဝန်မလေးနေကြပါဘူး။တကယ်လည်း ကလေးမလေးက အတော့်ကို ချောမောလှပပါတယ်။ထို့အပြင် သူမရဲ့ပရိသတ်များက ကလေးမလေးအရွယ်ရောက်လာမဲ့အချိန်ကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြပါတယ်။

.

.

Crd