AMAZING

မိန်းမအသွင်ပြောင်းထားသူခင်ပွန်းအတွက် ယောကျာ်းအသွင်ပြောင်းထားတဲ့ ဇနီးက ကလေးမွေးပေးခဲ့သည့် အဖြစ်

မိန်းမအသွင်ပြောင်းထားသူခင်ပွန်းအတွက် ယောကျာ်းအသွင်ပြောင်းထားတဲ့ ဇနီးက ကလေးမွေးပေးခဲ့သည့် အဖြစ်

ခုဖော်ပြမှာကတော့ ခင်ပွန်းဖြစ်သူဟာ ယောကျ်ားပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူကလည်း မိန်းကလေးအဖြစ်ပြောင်းထားတဲ့ အမျိုးသားတစ်ဦးဘဲဖြစ်ပါတယ်။၎င်းတို့ဟာ သဘာဝတရားကို မလွန်ဆန်နိုင်တာကြောင့် ခင်ပွန်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။

ယောကျ်ားလေးအဖြစ်မွေးဖွားလာခဲ့ပေမဲ့ အခုအခါမှာ အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရတဲ့ Danna Sultana ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Esteban Landrau လွယ်ထားတဲ့ကလေးငယ်လေးအား လူ့လောကကနေကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ပါတယ်။Esteban လည်း Dannaနဲ့မတူဘဲ ဆန့်ကျင်ဘက်အနေနဲ့ အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားလာခဲ့ပြီး အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

ယခုလအစောပိုင်းက Instagram မှာ follower ပေါင်း 219,000 အထိရှိပြီး မိန်းမအဖြစ်ပြောင်းထားတဲ့ Danna ဟာ ကိုယ်ဝန် ရှစ်လရှိပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ Esteban ရဲ့ဗိုက်ကို နမ်းရင်း ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကို “ Love is love ” ဆိုတဲ့ hashtag ဖြင့် မျှဝေပေးခဲ့ပါတယ်။

မကြာသေးခင်မှာ ကိုယ်ဝန်ဆောင်ချိန် ရှစ်လအကြာမှာ Esteban ဟာ ကိုယ်ဝန်ဆောင်များရဲ့ဖြစ်နေကျ့လက္ခဏာအချို့ကြောင့် သူ့ရဲ့ကိုယ်ဝန်က အချိန်မတန်မီမွေးဖွားနိုင်ကြောင်းကို စိတ်ပူစွာ ထင်မြင်နေခဲ့ပါတယ်။ သို့ပေမဲ့ ဆရာဝန်များက ၎င်းလက္ခဏာများက လုံးဝကိုပှံမှန်ဘဲဖြစ်ပြီး အထူးသဖြင့် ကလေးငယ်က အရွယ်ကြီးလာပြီးအသက်ကြီးလာခြင်းကြောင့်သာ ဖြစ်ကြောင်း ရှင်းပြခဲ့ကြပါတယ်။ထို့နောက် Danna နှင့် Esteban တို့ဟာ စိတ်ဖြေသာသွားခဲ့ရပါတယ်။

Crd – Mia (KBdailynews)

Zawgyi

မိန္းမအသြင္ေျပာင္းထားသူခင္ပြန္းအတြက္ ေယာက်ာ္းအသြင္ေျပာင္းထားတဲ့ ဇနီးက ကေလးေမြးေပးခဲ့သည့္ အျဖစ္

ခုေဖာ္ျပမွာကေတာ့ ခင္ပြန္းျဖစ္သူဟာ ေယာက်္ားေျပာင္းထားတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ဇနီးျဖစ္သူကလည္း မိန္းကေလးအျဖစ္ေျပာင္းထားတဲ့ အမ်ိဳးသားတစ္ဦးဘဲျဖစ္ပါတယ္။၎တို႔ဟာ သဘာဝတရားကို မလြန္ဆန္နိုင္တာေၾကာင့္ ခင္ပြန္းျဖစ္သူဟာ ကိုယ္ဝန္ေဆာင္ဖို႔အတြက္ တာဝန္ရွိပါတယ္။

ေယာက်္ားေလးအျဖစ္ေမြးဖြားလာခဲ့ေပမဲ့ အခုအခါမွာ အမ်ိဳးသမီးတစ္ဦးအျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ Danna Sultana ဟာ သူမရဲ႕ခင္ပြန္းျဖစ္သူ Esteban Landrau လြယ္ထားတဲ့ကေလးငယ္ေလးအား လူ႕ေလာကကေနႀကိဳဆိုရန္ ေစာင့္ဆိုင္းေနခဲ့ပါတယ္။Esteban လည္း Dannaနဲ႕မတူဘဲ ဆန့္က်င္ဘက္အေနနဲ႕ အမ်ိဳးသမီးတစ္ဦးအျဖစ္ ေမြးဖြားလာခဲ့ၿပီး အမ်ိဳးသားတစ္ဦးအျဖစ္ အသြင္ေျပာင္းခဲ့ပါတယ္။

ယခုလအေစာပိုင္းက Instagram မွာ follower ေပါင္း 219,000 အထိရွိၿပီး မိန္းမအျဖစ္ေျပာင္းထားတဲ့ Danna ဟာ ကိုယ္ဝန္ ရွစ္လရွိၿပီျဖစ္တဲ့ ခင္ပြန္းျဖစ္သူ Esteban ရဲ႕ဗိုက္ကို နမ္းရင္း ရိုက္ထားတဲ့ဓာတ္ပုံတစ္ပုံကို “ Love is love ” ဆိုတဲ့ hashtag ျဖင့္ မွ်ေဝေပးခဲ့ပါတယ္။

မၾကာေသးခင္မွာ ကိုယ္ဝန္ေဆာင္ခ်ိန္ ရွစ္လအၾကာမွာ Esteban ဟာ ကိုယ္ဝန္ေဆာင္မ်ားရဲ႕ျဖစ္ေနက့်လကၡဏာအခ်ိဳ႕ေၾကာင့္ သူ႕ရဲ႕ကိုယ္ဝန္က အခ်ိန္မတန္မီေမြးဖြားနိုင္ေၾကာင္းကို စိတ္ပူစြာ ထင္ျမင္ေနခဲ့ပါတယ္။ သို႔ေပမဲ့ ဆရာဝန္မ်ားက ၎လကၡဏာမ်ားက လုံးဝကိုပွံမွန္ဘဲျဖစ္ၿပီး အထူးသျဖင့္ ကေလးငယ္က အ႐ြယ္ႀကီးလာၿပီးအသက္ႀကီးလာျခင္းေၾကာင့္သာ ျဖစ္ေၾကာင္း ရွင္းျပခဲ့ၾကပါတယ္။ထို႔ေနာက္ Danna ႏွင့္ Esteban တို႔ဟာ စိတ္ေျဖသာသြားခဲ့ရပါတယ္။

Crd – Mia (KBdailynews)