KNOWLEDGE

ကိုယ်ပျောက်လေယာဉ်ရဲ့ ညီအစ်ကိုဝမ်းကွဲလို့ဆိုရနိုင်သည့် ပိုလန်ထုတ် ကိုယ်ပျောက်တင့်ကား အကြောင်း

ကိုယ်ပျောက်လေယာဉ်ရဲ့ ညီအစ်ကိုဝမ်းကွဲလို့ဆိုရနိုင်သည့် ပိုလန်ထုတ် ကိုယ်ပျောက်တင့်ကား အကြောင်း

ထူးခြားတဲ့ တင့်ကားတွေ အများအပြားရှိတဲ့ထဲက ပိုလန်နိုင်ငံလုပ် PL-01 တင့်ကားကတော့ F-117 Nighthawk ကိုယ်ပျောက်လေယာဉ်ရဲ့ ညီအစ်ကိုဝမ်းကွဲ နဲ့တောင် တူနေပါတယ်။ ဒီတင့်ကားဟာ ကိုယ်ပျောက်လေယာဉ်တွေနဲ့ တူရုံတင်မကပါဘူး ရေဒါကိုရှောင်ရှားနိုင်တဲ့ နည်းပညာများပါ ထည့်သွင်းတည်ဆောက်ထားတာပါ။

F-117 ရော ဒီတင်ကားရော ရေဒီယိုလှိုင်းစုပ်ယူနိုင်တဲ့ ပစ္စည်းတွေနှင့် ဖုံးအုပ်ထားပြီး တူညီတဲ့ ရှုထောင့်နှစ်မျိုး ရှိကြပါတယ်။ ဒါပေမယ့် တင့်ကားကတော့ တိုက်လေယာဉ်နဲ့တော့ ရေဒါပျောက်ပုံခြင်း မတူဘူးပေါ့။

ဒီတင့်ကားမှာ ပြင်ပ အနီအောက်ရောင်ခြည် အာရုံခံကိရိယာများ တပ်ဆဆင်ထားတဲ့အတွက် စစ်မြေပြင်မှာ ပတ်ဝန်းကျင်နှင့် တသားထဲဖြစ်အောင် ဖုံးကွယ်နိုင်စွမ်းရှိကြပါတယ်။

ဒါ့အပြင် သူ့ရဲ့ အပူချိန်ကို ကားသို့မဟုတ် တခြားအရာဝတ္ထုပုံစံမျိုး ပုံရိပ်ယောင် ထုတ်လွှတ်နိုင်လို့ ရေဒါများ၊ အနီအောက်ရောင်ခြည်ရှာဖွေမှုများနှင့် အမြင်အာရုံ ရှာဖွေရေးကိရိယာများကို လှည့်စားနိုင်ပါတယ်။

ကိုယ်ပျောက်နည်းပညာနှင့်အတူ PL-01 ဟာ ၁၀၅ မီလီမီတာ သို့မဟုတ် ၁၂၀ မီလီမီတာ ပင်မ အမြောက်ကိုတပ်ဆင်နိုင်ပြီး တစ်မိနစ်ကို ကျည် ၆ တောင့်အထိ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယလက်နက်အနေဖြင့် ၇.၆၂ မီလီမီတာသုံး စက်သနက် တပ်ဆင်ထားပြီး၊ အဝေးထိန်းစနစ်ဖြင့် နောက်ထပ် ၇.၆၂ မီလီမီတာ စက်သနက် သို့မဟုတ် ၄၀ မီလီမီတာ လက်ပစ်ဗုံးလောင်ချာကို တပ်ဆင်နိုင်ပါတယ်။

ဒီတင့်ကားဟာ ၂၁ ပေ အရှည်ရှိပြီး ၁၀ ပေ အကျယ်ရှိကာ ပေါ့ပါးပါတယ်။ တစ်နာရီကို ၄၅ မိုင်နှုန်းနှင့် မောင်းနှင်နိုင်ပြီး ယာဉ်အဖွဲ့သား ၃-၄ ယောက် တင်ဆောင်နိုင်ကာ မိုင် ၃၁၀ လောက် စစ်ဆင်နိုင်ပါတယ်။

ဒီတင်ကားရဲ့ပုံစံက သိပ္ပံရုပ်ရှင်ကားတွေထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ ဒီ PL-01 ကို ၂၀၁၈ ခုနှစ်မှာ စတင် ထုတ်လုပ်ဖို့ ဆောင်ရွက်မယ်လို့ မျှော်လင့်ရပြီး ၂၀၂၂ မှာ တင်ပို့ရောင်းချနိုင်ဖွယ်ရှိပါတယ်။

Crd to knowledge worm

Zawgyi

ကိုယ္ေပ်ာက္ေလယာဥ္ရဲ႕ ညီအစ္ကိုဝမ္းကြဲလို႔ဆိုရနိုင္သည့္ ပိုလန္ထုတ္ ကိုယ္ေပ်ာက္တင့္ကား အေၾကာင္း

ထူးျခားတဲ့ တင့္ကားေတြ အမ်ားအျပားရွိတဲ့ထဲက ပိုလန္နိုင္ငံလုပ္ PL-01 တင့္ကားကေတာ့ F-117 Nighthawk ကိုယ္ေပ်ာက္ေလယာဥ္ရဲ႕ ညီအစ္ကိုဝမ္းကြဲ နဲ႕ေတာင္ တူေနပါတယ္။ ဒီတင့္ကားဟာ ကိုယ္ေပ်ာက္ေလယာဥ္ေတြနဲ႕ တူ႐ုံတင္မကပါဘူး ေရဒါကိုေရွာင္ရွားနိုင္တဲ့ နည္းပညာမ်ားပါ ထည့္သြင္းတည္ေဆာက္ထားတာပါ။

F-117 ေရာ ဒီတင္ကားေရာ ေရဒီယိုလွိုင္းစုပ္ယူနိုင္တဲ့ ပစၥည္းေတြႏွင့္ ဖုံးအုပ္ထားၿပီး တူညီတဲ့ ရႈေထာင့္ႏွစ္မ်ိဳး ရွိၾကပါတယ္။ ဒါေပမယ့္ တင့္ကားကေတာ့ တိုက္ေလယာဥ္နဲ႕ေတာ့ ေရဒါေပ်ာက္ပုံျခင္း မတူဘူးေပါ့။

ဒီတင့္ကားမွာ ျပင္ပ အနီေအာက္ေရာင္ျခည္ အာ႐ုံခံကိရိယာမ်ား တပ္ဆဆင္ထားတဲ့အတြက္ စစ္ေျမျပင္မွာ ပတ္ဝန္းက်င္ႏွင့္ တသားထဲျဖစ္ေအာင္ ဖုံးကြယ္နိုင္စြမ္းရွိၾကပါတယ္။

ဒါ့အျပင္ သူ႕ရဲ႕ အပူခ်ိန္ကို ကားသို႔မဟုတ္ တျခားအရာဝတၳဳပုံစံမ်ိဳး ပုံရိပ္ေယာင္ ထုတ္လႊတ္နိုင္လို႔ ေရဒါမ်ား၊ အနီေအာက္ေရာင္ျခည္ရွာေဖြမႈမ်ားႏွင့္ အျမင္အာ႐ုံ ရွာေဖြေရးကိရိယာမ်ားကို လွည့္စားနိုင္ပါတယ္။

ကိုယ္ေပ်ာက္နည္းပညာႏွင့္အတူ PL-01 ဟာ ၁၀၅ မီလီမီတာ သို႔မဟုတ္ ၁၂၀ မီလီမီတာ ပင္မ အေျမာက္ကိုတပ္ဆင္နိုင္ၿပီး တစ္မိနစ္ကို က်ည္ ၆ ေတာင့္အထိ ပစ္ခတ္နိုင္မွာ ျဖစ္ပါတယ္။

ဒုတိယလက္နက္အေနျဖင့္ ၇.၆၂ မီလီမီတာသုံး စက္သနက္ တပ္ဆင္ထားၿပီး၊ အေဝးထိန္းစနစ္ျဖင့္ ေနာက္ထပ္ ၇.၆၂ မီလီမီတာ စက္သနက္ သို႔မဟုတ္ ၄၀ မီလီမီတာ လက္ပစ္ဗုံးေလာင္ခ်ာကို တပ္ဆင္နိုင္ပါတယ္။

ဒီတင့္ကားဟာ ၂၁ ေပ အရွည္ရွိၿပီး ၁၀ ေပ အက်ယ္ရွိကာ ေပါ့ပါးပါတယ္။ တစ္နာရီကို ၄၅ မိုင္ႏႈန္းႏွင့္ ေမာင္းႏွင္နိုင္ၿပီး ယာဥ္အဖြဲ႕သား ၃-၄ ေယာက္ တင္ေဆာင္နိုင္ကာ မိုင္ ၃၁၀ ေလာက္ စစ္ဆင္နိုင္ပါတယ္။

ဒီတင္ကားရဲ႕ပုံစံက သိပၸံ႐ုပ္ရွင္ကားေတြထဲမွာ ျမင္ရတဲ့အတိုင္းပါပဲ။ ဒီ PL-01 ကို ၂၀၁၈ ခုႏွစ္မွာ စတင္ ထုတ္လုပ္ဖို႔ ေဆာင္႐ြက္မယ္လို႔ ေမွ်ာ္လင့္ရၿပီး ၂၀၂၂ မွာ တင္ပို႔ေရာင္းခ်နိဳင္ဖြယ္ရွိပါတယ္။

Crd to knowledge worm