AMAZING

အိမ်ခေါင်မိုးပေါ်ပြုတ်ကျလာတဲ့ ဥက္ကာခဲ တစ်လုံးကြောင့် ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ရသည့် လက်သမားတစ်ဦးရဲ့ဖြစ်ရပ်

အိမ်ခေါင်မိုးပေါ်ပြုတ်ကျလာတဲ့ ဥက္ကာခဲ တစ်လုံးကြောင့် ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ရသည့် လက်သမားတစ်ဦးရဲ့ဖြစ်ရပ်

အင်ဒိုနီးရှားနိုင်ငံကအသက်(33)နှစ်အရွယ်Josuaဆိုတဲ့လက်သမားတစ်ဦးဟာ၊၎င်းရဲ့နေအိမ်အပြင်ဘက်မှာအလုပ်လုပ်နေစဉ်၊အိမ်ခေါင်မိုးပေါ်ကနေမိုးကြိုးပစ်ချတဲ့အသံလို၊ကျယ်လောင်လှတဲ့အသံကြီးတစ်ခုကိုကြားလိုက်တဲ့အတွက်ကြောင့်ထိန့်လန့်ခဲ့ရပါတယ်။ထို့နောက်အိမ်ထဲကိုအမြန်ပြေးကြည့်ခဲ့တဲ့အခါမှာတော့၊(15cm)ရှိတဲ့ကျောက်တုံးလိုအရာဟာအိမ်ခေါင်မိုးပေါ်ကနေပေါက်ထွက်ပီးကျလာခဲ့တာကိုအံ့သြစွာတွေ့ရှိခဲ့ရပါတယ်။

ထို့နောက်Josuaဟာ၊’ဒီလောက်ကြီးတဲ့ကျောက်တုံးကြီးကိုတော့ဘယ်သူမှအိမ်ခေါင်မိုးပေါ်ပစ်မှာမဟုတ်ဘူး။ဒီဟာကကဥက္ကာခဲကြီးရဲ့အစိတ်အပိုင်းကျလာတာပဲဖြစ်မယ်’ဆိုပီးတွေးနေခဲ့ပါတယ်။ထို့နောက်၎င်းရဲ့အဖြစ်ပျက်ကို၊ပုံနှင့်တကွfbမှာပို့စ်တင်လိုက်တဲ့အခါမှာတော့၊Josuaရဲ့သတင်းဟာချက်ချင်းပဲတစ်ကမ္ဘာလုံးကိုပျံနှံ့သွားခဲ့ပီး၊နိုင်ငံတကာကစိတ်ဝင်စားစေခဲ့တဲ့သတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။

ထို့နောက်၎င်းတွေ့တဲ့အရာဟာတကယ်ကိုပဲဥက္ကာခဲအပိုင်းအစဖြစ်တယ်ဆိုပီး၊လေ့လာသူတချို့ကကောမန့်ရေးသားခဲ့ကြပါတယ်။Josuaဟာဥက္ကာခဲကိုဝယ်ယူချင်တယ်လို့ပြောတဲ့သူတစ်ယောက်ရဲ့မက်ဆေ့ကြောင့်၊အရမ်းပဲပျော်ရွှင်လွန်းလို့ထခုန်ရတဲု့အထိကိုဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။

ထိုသတင်းကိုတွေ့ခဲ့တဲ့အမေရိကန်နိုင်ငံကအမျိုးသားတစ်ဦးဟာ၊ထိုဥက္ကာခဲကိုအမေရိကန်ဒေါ်လာ(1.7million)စျေးပေးခဲ့ပီး၊ဝယ်ယူသွားခဲ့ပါတယ်။Josuaဟာရောင်းရတဲ့ပိုက်ဆံထဲက၊၎င်းရဲ့ဒေသလေးမှာဘုရားကျောင်းဆောက်လုပ်ပေးခဲ့ပါတယ်။Josuaရဲ့ဘဝဟာယခုအခါမှာတော့၊အလုပ်လုပ်စရာမလိုပဲတစ်သက်စာထိုင်စားလို့ တောင်မကုန်တဲ့သူဌေးကြီးဖြစ်သွားခဲ့ပါပီ။

ယခုအခါမှာတော့ထိုဥက္ကာခဲကိုအာကာသဆိုင်ရာလေလာရေးကျောင်းတခုဖြစ်တဲ့’Arizon State University’မှာထိန်းသိမ်းထားပါတယ်လို့သိရပါတယ်။

Crd – Bam Bam (Gabar News)

Zawgyi

အိမ္ေခါင္မိုးေပၚျပဳတ္က်လာတဲ့ ဥကၠာခဲ တစ္လုံးေၾကာင့္ ဘဝတစ္ခုလုံး ေျပာင္းလဲသြားခဲ့ရသည့္ လက္သမားတစ္ဦးရဲ႕ျဖစ္ရပ္

အင္ဒိုနီးရွားနိုင္ငံကအသက္(33)ႏွစ္အ႐ြယ္Josuaဆိုတဲ့လက္သမားတစ္ဦးဟာ၊၎ရဲ႕ေနအိမ္အျပင္ဘက္မွာအလုပ္လုပ္ေနစဥ္၊အိမ္ေခါင္မိုးေပၚကေနမိုးႀကိဳးပစ္ခ်တဲ့အသံလို၊က်ယ္ေလာင္လွတဲ့အသံႀကီးတစ္ခုကိုၾကားလိုက္တဲ့အတြက္ေၾကာင့္ထိန့္လန့္ခဲ့ရပါတယ္။ထို႔ေနာက္အိမ္ထဲကိုအျမန္ေျပးၾကည့္ခဲ့တဲ့အခါမွာေတာ့၊(15cm)ရွိတဲ့ေက်ာက္တုံးလိုအရာဟာအိမ္ေခါင္မိုးေပၚကေနေပါက္ထြက္ပီးက်လာခဲ့တာကိုအံ့ၾသစြာေတြ႕ရွိခဲ့ရပါတယ္။

ထို႔ေနာက္Josuaဟာ၊’ဒီေလာက္ႀကီးတဲ့ေက်ာက္တုံးႀကီးကိုေတာ့ဘယ္သူမွအိမ္ေခါင္မိုးေပၚပစ္မွာမဟုတ္ဘူး။ဒီဟာကကဥကၠာခဲႀကီးရဲ႕အစိတ္အပိုင္းက်လာတာပဲျဖစ္မယ္’ဆိုပီးေတြးေနခဲ့ပါတယ္။ထို႔ေနာက္၎ရဲ႕အျဖစ္ပ်က္ကို၊ပုံႏွင့္တကြfbမွာပို႔စ္တင္လိုက္တဲ့အခါမွာေတာ့၊Josuaရဲ႕သတင္းဟာခ်က္ခ်င္းပဲတစ္ကမာၻလုံးကိုပ်ံႏွံ႕သြားခဲ့ပီး၊နိုင္ငံတကာကစိတ္ဝင္စားေစခဲ့တဲ့သတင္းတပုဒ္ျဖစ္ခဲ့ပါတယ္။

ထို႔ေနာက္၎ေတြ႕တဲ့အရာဟာတကယ္ကိုပဲဥကၠာခဲအပိုင္းအစျဖစ္တယ္ဆိုပီး၊ေလ့လာသူတခ်ိဳ႕ကေကာမန့္ေရးသားခဲ့ၾကပါတယ္။Josuaဟာဥကၠာခဲကိုဝယ္ယူခ်င္တယ္လို႔ေျပာတဲ့သူတစ္ေယာက္ရဲ႕မက္ေဆ့ေၾကာင့္၊အရမ္းပဲေပ်ာ္႐ႊင္လြန္းလို႔ထခုန္ရတဲု႔အထိကိုျဖစ္ခဲ့ပါတယ္လို႔ဆိုပါတယ္။

ထိုသတင္းကိုေတြ႕ခဲ့တဲ့အေမရိကန္နိုင္ငံကအမ်ိဳးသားတစ္ဦးဟာ၊ထိုဥကၠာခဲကိုအေမရိကန္ေဒၚလာ(1.7million)ေစ်းေပးခဲ့ပီး၊ဝယ္ယူသြားခဲ့ပါတယ္။Josuaဟာေရာင္းရတဲ့ပိုက္ဆံထဲက၊၎ရဲ႕ေဒသေလးမွာဘုရားေက်ာင္းေဆာက္လုပ္ေပးခဲ့ပါတယ္။Josuaရဲ႕ဘဝဟာယခုအခါမွာေတာ့၊အလုပ္လုပ္စရာမလိုပဲတစ္သက္စာထိုင္စားလို႔ ေတာင္မကုန္တဲ့သူေဌးႀကီးျဖစ္သြားခဲ့ပါပီ။

ယခုအခါမွာေတာ့ထိုဥကၠာခဲကိုအာကာသဆိုင္ရာေလလာေရးေက်ာင္းတခုျဖစ္တဲ့’Arizon State University’မွာထိန္းသိမ္းထားပါတယ္လို႔သိရပါတယ္။

Crd – Bam Bam (Gabar News)