KNOWLEDGE

လူတွေ တော်တော်နဲ့ မြင်ရခဲသည့် နတ်လိပ် သို့ အယ်ဘိုင်နိုတာတယ်

လူတွေ တော်တော်နဲ့ မြင်ရခဲသည့် နတ်လိပ် သို့ အယ်ဘိုင်နိုတာတယ်

အယ်ဘိုင်နိုအမျိုးအစား တိရစ္ဆာန်တွေအကြောင်း ပရိသတ်တွေကြားဖူးကြမှာပါ။ အရေပြားမှာပုံမှန်ရှိရမယ့် ကာလာမရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့ရင် အယ်ဘိုင်နိုလို့သတ်မှတ်ကြပါတယ်။ လိပ်ထဲမှာဖြစ်နေခဲ့ရင်တော့ အယ်ဘိုင်နိုတာတယ် (Albino Turtles) လို့ခေါ်ပါတယ်။

အယ်ဘိုင်နိုတွေက အရေပြားမှာကာလာမဲ့ပေမဲ့ အကွက်အကွက်တွေဖြစ်နိုင်ခြေကတော့ လုံးဝမရှိပါဘူး။ အရေပြားဟာ တပြင်တည်းအရောင်မဲ့တာဖြစ်တဲ့အတွက် အကွက်အကွက်တွေဖြစ်ခဲ့တာမျိုးတွေ့ခဲ့ရင် ဆေးပညာအရ အင်မတန်ရှားပါးတယ်လို့ သတ်မှတ်ကြပါတယ်။

ဒါပေမဲ့ ချွင်းချက်ဆိုတာနေရာတိုင်းမှာရှိတယ်ဆိုတဲ့အတိုင်း အယ်ဘိုင်နိုတာတယ်တချို့မှာ အကွက်လေးတွေနဲ့ရှိတာကို မြင်လာရပါတယ်။ လိပ်တွေမှာ ပုံမှန်အရောင်အစား ရွှေရောင်ပုံစံဖြစ်သွားတာက လိပ်ကထူးခြားလို့မဟုတ်ဘဲ အယ်ဘိုင်နိုအမျိုးအစားမလို့ပါလို့ ဆေးပညာအရသိနိုင်ပါတယ်။

အိန္ဒိယနဲ့ နီပေါဖက်က ဒေသအချို့မှာတော့ ဒီလိပ်လေးတွေကို နတ်လိပ်အဖြစ်တင်စားကြပြီး၊ တန်ခိုးရှိတယ်လို့ အယူမှတ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အယ်ဘိုင်နိုတာတယ်လေးတွေက အရေပြားမှာ ကာလာမဲ့နေတာကြောင့်ရွှေရောင်ပေါက်နေခဲ့တာပါ။

လူတွေမှာလည်း အခုလိုအရေပြားကာလာမဲ့တာတွေက ရှိတဲ့အတွက် ထူးဆန်းတာတော့မဟုတ်ပါဘူး။ ပုံမှန်သတ္တဝါတွေနဲ့အတူတူပဲဖြစ်တဲ့အတွက် အမြင်နည်းနည်းပဲဆန်းသွားတာမျိုးပါ။ အခုဆိုရင်တော့ လိပ်လေးတွေကို ချစ်သွားလောက်ပြီလို့ ယူဆမိပါတယ်။

Source to crd

Zawgyi







Source to crd