AMAZING

အခြားရွယ်တူ ကလေးများနဲ့မတူပဲ အသက် ၆၀ကျော်အရွယ် အဖွားတစ်ဦးနဲ့ တူနေသည့် အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦး

အခြားရွယ်တူ ကလေးများနဲ့မတူပဲ အသက် ၆၀ကျော်အရွယ် အဖွားတစ်ဦးနဲ့ တူနေသည့် အသက် ၁၀နှစ်အရွယ် ကလေးတစ်ဦး

ကမ္ဘောဒီးယားနိုင်ငံရှိ Bo Rakching အမည်ရှိမိန်းကလေးဟာ အသက် ၁၀ နှစ်သာရှိသေးပြီးသူမရဲ့မောင်ဖြစ်သူ Chea နှင့်အသက်တူတဲ့အခြားကလေးများထက် အနည်းငယ်အရပ်မြင့်ပါတယ်။သို့ပေမယ့် သူမရဲ့ရုပ်ရည်အသွင်အပြင်က သူမရဲ့တကယ့်အသက်ထက် အများကြီးပိုရင့်နေပါတယ်။Bo ဟာ အရေးအကြောင်းရှိတဲ့အသားအရေနှင့်မွေးဖွားလာခဲ့ပြီး အမြဲတမ်း အဘွားကြီးတစ်ယောက်နဲ့တူနေခဲ့ပါတယ် ။

Phnom Penh မြို့ရဲ့အစွန်အဖျားကဝေးလံခေါင်သီတဲ့ရွာတစ်ရွာမှာ မိသားစုဝင်တို့နဲ့အတူနေထိုင်တဲ့ Boဟာ ကုသမှုများမခံယူဖူးခဲ့သလို အသက် ၆၀ အရွယ်အဘွားအိုတစ်ယောက်ကဲ့သို့ အခြားကလေးများရဲ့ပုံမှန်လှောင်ပြောင်ခြင်းကိုပါ ခံခဲ့ရပါတယ်။ဆွေမျိုးများနှင့် ဒေသခံဘုန်းတော်ကြီးများက Boရဲ့ရုပ်ဆင်းသဏ္ဌာန်ဟာ သူမရဲ့ယခင်ဘဝက ဆိုးရွားတဲ့ဝဠ်ကြွေးကြောင့်လို့သာ ယုံကြည်ကြထားပါတယ် ။

Bo ရဲ့အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုဟာ အရေပြားအောက်ရှိအဆီတစ်သျှူးများကိုကျစေတဲ့ lipodystrophy ဝေဒနာကိုခံစားနေရသောကြောင့်ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။နောက်ထပ်ဖြစ်နိုင်ချေတစ်ခုမှာ သူမတွင် အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ (cutis laxa) ရောဂါရှိနေနိုင်ပြီး ၎င်းဟာ အရေပြားတစ်သျှူးများကိုပျော့ပြောင်းစေတဲ့တွယ်ဆက်တစ်သျှူးများကပုံမှန်မဖြစ်နေတဲ့ရောဂါတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ထပ်မံပြောပြထားပါသေးတယ် ။

Crd Mia (KBdailynews)

Zawgyi

အျခား႐ြယ္တူ ကေလးမ်ားနဲ႕မတူပဲ အသက္ ၆၀ေက်ာ္အ႐ြယ္ အဖြားတစ္ဦးနဲ႕ တူေနသည့္ အသက္ ၁၀ႏွစ္အ႐ြယ္ ကေလးတစ္ဦး

ကေမာၻဒီးယားနိုင္ငံရွိ Bo Rakching အမည္ရွိမိန္းကေလးဟာ အသက္ ၁၀ ႏွစ္သာရွိေသးၿပီးသူမရဲ႕ေမာင္ျဖစ္သူ Chea ႏွင့္အသက္တူတဲ့အျခားကေလးမ်ားထက္ အနည္းငယ္အရပ္ျမင့္ပါတယ္။သို႔ေပမယ့္ သူမရဲ႕႐ုပ္ရည္အသြင္အျပင္က သူမရဲ႕တကယ့္အသက္ထက္ အမ်ားႀကီးပိုရင့္ေနပါတယ္။Bo ဟာ အေရးအေၾကာင္းရွိတဲ့အသားအေရႏွင့္ေမြးဖြားလာခဲ့ၿပီး အၿမဲတမ္း အဘြားႀကီးတစ္ေယာက္နဲ႕တူေနခဲ့ပါတယ္ ။

Phnom Penh ၿမိဳ႕ရဲ႕အစြန္အဖ်ားကေဝးလံေခါင္သီတဲ့႐ြာတစ္႐ြာမွာ မိသားစုဝင္တို႔နဲ႕အတူေနထိုင္တဲ့ Boဟာ ကုသမႈမ်ားမခံယူဖူးခဲ့သလို အသက္ ၆၀ အ႐ြယ္အဘြားအိုတစ္ေယာက္ကဲ့သို႔ အျခားကေလးမ်ားရဲ႕ပုံမွန္ေလွာင္ေျပာင္ျခင္းကိုပါ ခံခဲ့ရပါတယ္။ေဆြမ်ိဳးမ်ားႏွင့္ ေဒသခံဘုန္းေတာ္ႀကီးမ်ားက Boရဲ႕႐ုပ္ဆင္းသဏၭာန္ဟာ သူမရဲ႕ယခင္ဘဝက ဆိုး႐ြားတဲ့ဝဠ္ေႂကြးေၾကာင့္လို႔သာ ယုံၾကည္ၾကထားပါတယ္ ။

Bo ရဲ႕အ႐ြယ္မတိုင္မီအိုမင္းရင့္ေရာ္မႈဟာ အေရျပားေအာက္ရွိအဆီတစ္သ်ႉးမ်ားကိုက်ေစတဲ့ lipodystrophy ေဝဒနာကိုခံစားေနရေသာေၾကာင့္ျဖစ္နိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ဆိုထားပါတယ္။ေနာက္ထပ္ျဖစ္နိုင္ေခ်တစ္ခုမွာ သူမတြင္ အေရျပားေရာဂါတစ္မ်ိဳးျဖစ္တဲ့ (cutis laxa) ေရာဂါရွိေနနိုင္ၿပီး ၎ဟာ အေရျပားတစ္သ်ႉးမ်ားကိုေပ်ာ့ေျပာင္းေစတဲ့တြယ္ဆက္တစ္သ်ႉးမ်ားကပုံမွန္မျဖစ္ေနတဲ့ေရာဂါတစ္ခုျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ထပ္မံေျပာျပထားပါေသးတယ္ ။

Crd Mia (KBdailynews)