Love & Relationship

လက်ထပ်ပွဲ ကျင်းပနေတုန်း ရည်းစားဟောင်းကပါ ရောက်ရှိလာပြီး သူမကိုပါ လက်ထပ်ဖို့တောင်းဆိုခဲ့တာကြောင့် နှစ်ယောက်စလုံးယူလိုက်ရသည့်အဖြစ်

လက်ထပ်ပွဲ ကျင်းပနေတုန်း ရည်းစားဟောင်းကပါ ရောက်ရှိလာပြီး သူမကိုပါ လက်ထပ်ဖို့တောင်းဆိုခဲ့တာကြောင့် နှစ်ယောက်စလုံးယူလိုက်ရသည့်အဖြစ်

အင်ဒိုနီးရှားနိုင်ငံက မိန်းကလေးကတော့ လုံးဝမထင်မှတ်ထားတဲ့ သူမရဲ့မင်္ဂလာပွဲအဖြစ်အပျက်ကို social media ပေါ် ဝေမျှသွားခဲ့ပါတယ် ။ အသက် 20 အရွယ် Nur Khusnul Kotimah အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့ချစ်သူ အသက် 20 အရွယ် Korik Akbar နဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့ပြီး မင်္ဂလာပွဲကိစ္စကို social media ပေါ် ဝေမျှခဲ့ပါတယ်။သူငယ်ချင်းတွေကလည်း ချီးကျူးဂုဏ်ပြုခဲ့ကြရင်း အဆိုပါ post ကို သတို့သားလောင်းရဲ့ ရည်းစားဟောင်းက တွေ့ရှိသွားခဲ့ပါတယ် ။

ဒါကြောင့် ရည်းစားဟောင်းဖြစ်သူ အသက် 21 နှစ်အရွယ် Yuanita Ruri အမည်ရှိတဲ့ မိန်းကလေးဟာ မင်္ဂလာပွဲနေ့မှာ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပြီး သူမကိုပါလက်ထပ်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ ဒါကြောင့် Nur က သတို့သားလောင်းရဲ့ နေအိမ်ကိုရောက်ရှိလာခဲ့ချိန်မှာတော့ ရည်းစားဟောင်းက ပေါ်ထွက်လာလို့ အတော်လေးအံ့အားသင့်ခဲ့ရပါတယ်။

နောက်ဆုံး မိသားစုဝင်တွေက ဆွေးနွေးပြောဆိုကြရင်း မိန်းကလေးနှစ်ယောက်လုံးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပေးခဲ့ကြပါတယ်။ သို့ပေမဲ့လည်း သတို့သားဖြစ်သူမှာတော့ အတော်လေးစိတ်ဒုက္ခရောက်သွားခဲ့ရပါတယ် ။ အကြောင်းကတော့ ကိုယ်တိုင်က အလုပ်လက်မဲ့ဖြစ်နေပြီး မိန်းမနှစ်ယောက်လုံးကိုရှာကျွေးရမှာမို့လို့ပါပဲ။

Crd – Jasmine (KBdailynews)

Zawgyi

လက္ထပ္ပြဲ က်င္းပေနတုန္း ရည္းစားေဟာင္းကပါ ေရာက္ရွိလာၿပီး သူမကိုပါ လက္ထပ္ဖို႔ေတာင္းဆိုခဲ့တာေၾကာင့္ ႏွစ္ေယာက္စလုံးယူလိုက္ရသည့္အျဖစ္

အင္ဒိုနီးရွားနိုင္ငံက မိန္းကေလးကေတာ့ လုံးဝမထင္မွတ္ထားတဲ့ သူမရဲ႕မဂၤလာပြဲအျဖစ္အပ်က္ကို social media ေပၚ ေဝမွ်သြားခဲ့ပါတယ္ ။ အသက္ 20 အ႐ြယ္ Nur Khusnul Kotimah အမည္ရွိတဲ့မိန္းကေလးဟာ သူမရဲ႕ခ်စ္သူ အသက္ 20 အ႐ြယ္ Korik Akbar နဲ႕ လက္ထပ္ဖို႔ စီစဥ္ခဲ့ၿပီး မဂၤလာပြဲကိစၥကို social media ေပၚ ေဝမွ်ခဲ့ပါတယ္။သူငယ္ခ်င္းေတြကလည္း ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကရင္း အဆိုပါ post ကို သတို႔သားေလာင္းရဲ႕ ရည္းစားေဟာင္းက ေတြ႕ရွိသြားခဲ့ပါတယ္ ။

ဒါေၾကာင့္ ရည္းစားေဟာင္းျဖစ္သူ အသက္ 21 ႏွစ္အ႐ြယ္ Yuanita Ruri အမည္ရွိတဲ့ မိန္းကေလးဟာ မဂၤလာပြဲေန႕မွာ မဖိတ္ေခၚဘဲ ေရာက္ရွိလာၿပီး သူမကိုပါလက္ထပ္ဖို႔ ေတာင္းဆိုလာခဲ့ပါတယ္။ ဒါေၾကာင့္ Nur က သတို႔သားေလာင္းရဲ႕ ေနအိမ္ကိုေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ ရည္းစားေဟာင္းက ေပၚထြက္လာလို႔ အေတာ္ေလးအံ့အားသင့္ခဲ့ရပါတယ္။

ေနာက္ဆုံး မိသားစုဝင္ေတြက ေဆြးေႏြးေျပာဆိုၾကရင္း မိန္းကေလးႏွစ္ေယာက္လုံးနဲ႕ လက္ထပ္ဖို႔ ဆုံးျဖတ္ေပးခဲ့ၾကပါတယ္။ သို႔ေပမဲ့လည္း သတို႔သားျဖစ္သူမွာေတာ့ အေတာ္ေလးစိတ္ဒုကၡေရာက္သြားခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ ကိုယ္တိုင္က အလုပ္လက္မဲ့ျဖစ္ေနၿပီး မိန္းမႏွစ္ေယာက္လုံးကိုရွာေကြၽးရမွာမို႔လို႔ပါပဲ။

Crd – Jasmine (KBdailynews)