KNOWLEDGE

ပုရွက်ဆိတ် လုပ်သားတွေထဲမှာ ဆေးတပ်သားတွေလည်း ပါ၀င်ကြောင်း လေ့လာတွေ့ရှိ

ပုရွက်ဆိတ် လုပ်သားတွေထဲမှာ ဆေးတပ်သားတွေလည်း ပါ၀င်ကြောင်း လေ့လာတွေ့ရှိ

ပုရွက်ဆိတ်တွေမှာတိုက်ခိုက်ရေးပုရွက်ဆိတ်လုပ်သားများအပြင်ဆေးတပ်သားတာဝန်ထမ်းဆောင်တဲ့ပုရွက်ဆိတ်များလည်းရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။ အာဖရိက Matabele ပုရွက်ဆိတ်များမှာ ဒဏ်ရာရရှိတဲ့ တိုက်ပွဲဝင်ပုရွက်ဆိတ်ရဲဘော်များကိုပြန်လည်သက်သာလာအောင်ပြုစုကုသပေးတဲ့အဖွဲ့ရှိကြောင်းသက်တမ်းနှစ်၅၀ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဇီဝဗေဒဂျာနယ် Royal Society B မှာ ဖော်ပြထားပါတယ်။

အာဖရိကတိုက်ရဲ့ကြောက်ခမန်းလိလိစွမ်းရည်ပိုင်ဆိုင်ထားတဲ့စစ်သည်တော်တွေကိုအစွဲပြုမှည့်ခေါ်ထားတဲ့Matabeleပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်စစ်သည်၂၀၀-၆၀၀အတွင်းပါဝင်ဖွဲ့စည်းတဲ့စစ်ကြောင်းတွေနဲ့သူတို့ထက်ပိုမိုကြီးမားတဲ့ခြကောင်ကြီးများကိုအမဲလိုက်လေ့ ရှိကြပါတယ်။ ပုရွက်ဆိတ် စစ်သည်တွေဟာ များသောအားဖြင့် ခြေလက်တွေမှာ ခြတွေရဲ့ အကိုက်ခံရပြီးဒဏ်ရာရရှိကြတက်ပါတယ်။

အဆိုပါ ပုရွက်ဆိတ်တွေက တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ဒဏ်ရာရ ပုရွက်ဆိတ်များကို သယ်ထုတ်သွားပြီးနောက် တွင်း၊ သစ်ခေါင်း စတဲ့ နေထိုင်အိမ်ကို ခေါ်ဆောင်သွားပြီး ဒဏ်ရာရတဲ့ ပုရွက်ဆိတ်တွေရဲ့ ပတ်လည်မှာ ဝိုင်းဖွဲ့လျက် အတူနေ ပုရွက်ဆိတ်များမှ ပွင့်ထွက်နေတဲ့ ဒဏ်ရာများကိုလျက်ပေးခြင်းဖြင့်ကုသမှုဝိုင်းဝန်းပြုလုပ်ကြကြောင်းသိရပါတယ်။

ဒီလိုကုသမှုပြုလုပ်ခြင်းကြောင့်ဒဏ်ရာနဲ့သေဆုံးနိုင်ချေရှိတဲ့ စစ်သားပုရွက်ဆိတ်ရဲ့ ၈၀% ကို ၁၀% သို့လျှော့ချပေးနိုင်တာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ဒီလေ့လာမှုအရပုရွက်ဆိတ်တွေက လူသားတွေအပြင်သူနာပြုလုပ်ငန်းဆောင်ရွက်တတ်တဲ့အလေ့အထရှိတဲ့ကမ္ဘာပေါ်ကနောက်ထပ်သတ္တဝါတစ်မျိုးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Crd

Zawgyi

ပု႐ြက္ဆိတ္ လုပ္သားေတြထဲမွာ ေဆးတပ္သားေတြလည္း ပါ၀င္ေၾကာင္း ေလ့လာေတြ႕ရွိ

ပု႐ြက္ဆိတ္ေတြမွာတိုက္ခိုက္ေရးပု႐ြက္ဆိတ္လုပ္သားမ်ားအျပင္ေဆးတပ္သားတာဝန္ထမ္းေဆာင္တဲ့ပု႐ြက္ဆိတ္မ်ားလည္းရွိေနေၾကာင္း အံ့အားသင့္ဖြယ္ ေတြ႕ရွိခဲ့ရတယ္လို႔ သိပၸံပညာရွင္ေတြက ေဖာ္ျပထားပါတယ္။ အာဖရိက Matabele ပု႐ြက္ဆိတ္မ်ားမွာ ဒဏ္ရာရရွိတဲ့ တိုက္ပြဲဝင္ပု႐ြက္ဆိတ္ရဲေဘာ္မ်ားကိုျပန္လည္သက္သာလာေအာင္ျပဳစုကုသေပးတဲ့အဖြဲ႕ရွိေၾကာင္းသက္တမ္းႏွစ္၅၀ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ နာမည္ေက်ာ္ ဇီဝေဗဒဂ်ာနယ္ Royal Society B မွာ ေဖာ္ျပထားပါတယ္။

အာဖရိကတိုက္ရဲ႕ေၾကာက္ခမန္းလိလိစြမ္းရည္ပိုင္ဆိုင္ထားတဲ့စစ္သည္ေတာ္ေတြကိုအစြဲျပဳမွည့္ေခၚထားတဲ့Matabeleပု႐ြက္ဆိတ္ေတြဟာ ပု႐ြက္ဆိတ္စစ္သည္၂၀၀-၆၀၀အတြင္းပါဝင္ဖြဲ႕စည္းတဲ့စစ္ေၾကာင္းေတြနဲ႕သူတို႔ထက္ပိုမိုႀကီးမားတဲ့ျခေကာင္ႀကီးမ်ားကိုအမဲလိုက္ေလ့ ရွိၾကပါတယ္။ ပု႐ြက္ဆိတ္ စစ္သည္ေတြဟာ မ်ားေသာအားျဖင့္ ေျခလက္ေတြမွာ ျခေတြရဲ႕ အကိုက္ခံရၿပီးဒဏ္ရာရရွိၾကတက္ပါတယ္။

အဆိုပါ ပု႐ြက္ဆိတ္ေတြက တိုက္ပြဲျဖစ္ပြားရာ ေဒသမွ ဒဏ္ရာရ ပု႐ြက္ဆိတ္မ်ားကို သယ္ထုတ္သြားၿပီးေနာက္ တြင္း၊ သစ္ေခါင္း စတဲ့ ေနထိုင္အိမ္ကို ေခၚေဆာင္သြားၿပီး ဒဏ္ရာရတဲ့ ပု႐ြက္ဆိတ္ေတြရဲ႕ ပတ္လည္မွာ ဝိုင္းဖြဲ႕လ်က္ အတူေန ပု႐ြက္ဆိတ္မ်ားမွ ပြင့္ထြက္ေနတဲ့ ဒဏ္ရာမ်ားကိုလ်က္ေပးျခင္းျဖင့္ကုသမႈဝိုင္းဝန္းျပဳလုပ္ၾကေၾကာင္းသိရပါတယ္။

ဒီလိုကုသမႈျပဳလုပ္ျခင္းေၾကာင့္ဒဏ္ရာနဲ႕ေသဆုံးနိုင္ေခ်ရွိတဲ့ စစ္သားပု႐ြက္ဆိတ္ရဲ႕ ၈၀% ကို ၁၀% သို႔ေလွ်ာ့ခ်ေပးနိုင္တာကိုလည္း ေတြ႕ရတယ္လို႔ဆိုပါတယ္။ဒီေလ့လာမႈအရပု႐ြက္ဆိတ္ေတြက လူသားေတြအျပင္သူနာျပဳလုပ္ငန္းေဆာင္႐ြက္တတ္တဲ့အေလ့အထရွိတဲ့ကမာၻေပၚကေနာက္ထပ္သတၱဝါတစ္မ်ိဳးအျဖစ္မွတ္တမ္းဝင္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ Crd