Local News

မှာယူထားသည့် စားစရာတွေ သွားပို့ပြီး ပြန်အလာ ထမင်းဆိုင်က ပိုင်ရှင် လင်မယားနှစ်ဦးရဲ့ ​ရင်နာ ကြေကွဲဖွယ်ရာ အဖြစ်

မှာယူထားသည့် စားစရာတွေ သွားပို့ပြီး ပြန်အလာ ထမင်းဆိုင်က ပိုင်ရှင် လင်မယားနှစ်ဦးရဲ့ ​ရင်နာ ကြေကွဲဖွယ်ရာ အဖြစ်

အာဏာသိမ်းတဲ့နေ့ရက်တွေက စတင်ပြီး မြန်မာပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်မလုံခြုံဘဲ ထိတ်ထိတ်လန့်လန့်နဲ့ နေထိုင်နေရသလို ပြည်သူအချို့ဟာလည်းအကြောင်းအမျိုးမျိုးကြောင့် အသက်သေဆုံးနေကြပါတယ် ။ယနေ့Julyလ (27)ရက်နေ့မှာတော့ မြင်းခြံမြို့မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

အကြောင်းကတော့ မြင်းခြံမြို့ ဘုရားလမ်းရှိ ဘုံဘေချစ်တီးထမင်းဆိုင်မှ ပိုင်ရှင်လင်မယားနှစ်ယောက်ဟာ လူတစ်စုရဲ့သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံလိုက်ရပြီး အသက်သေဆုံးသွားခဲ့ကြပါတယ်။ သေဆုံးသွားတဲ့ အဆိုပါလင်မယားနှစ်ယောက်ဟာ မှာထားတဲ့ စားစရာလေးတွေကို သွားပို့ပြီးပြန်အလာ ရွှေရသာနှင့် Denko ဆီဆိုင်ကြားအရောက်မှာ သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဖြစ်သူ ကိုကောင်းမြတ်သူဟာ အသက်(၂၉)နှစ်အရွယ်သာရှိသေးသလို အမျိုးသမီးဟာလည်း အသက်(၃၀)အရွယ်သာရှိသေးတာဖြစ်ပါတယ်။ကိုကောင်းမြတ်သူတို့ဇနီးမောင်နှံနှစ်ယောက်သေဆုံးသွားချိန်မှာ အရွယ်မရောက်သေးတဲ့ သားလေးနှစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။

အခုလိုအသတ်ခံလိုက်ရတဲ့ ဘုံဘေချစ်တီးထမင်းဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ဒေသခံပြည်သူတစ်ဦးကတော့ ” ဘာမှ မလုပ် ဘယ်မှ မပါ လူတိုင်းနဲ့တည့်အောင် အမြဲနေလေ့ရှိတဲ့ ဈေးရောင်းတဲ့လင်မယားကိုဒန်ပေါက်နဲ့စွပ်ပြုတ်သွားပို့ပြီး ပြန်အလာ မြင်းခြံမြို့ ဘုရားလမ်းမှ ဘုံဘေထမင်းဆိုင်မှကိုစမီးလင်မယား(၂)ယောက် ရွှေရသာနှင့်Denkoဆီဆိုင်ကြားမှာ(11:00)am နာရီလောက် သေနတ်ဖြင့် ပစ်သတ်ခံရ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

သေဆုံးသွားကြတဲ့ ကိုကောင်းမြတ်သူတို့လင်မယားနှစ်ယောက် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Credit

Zawgyi

မွာယူထားသည့္ စားစရာေတြ သြားပို႔ၿပီး ျပန္အလာ ထမင္းဆိုင္က ပိုင္ရွင္ လင္မယားႏွစ္ဦးရဲ႕ ရင္နာ ေၾကကြဲဖြယ္ရာ အျဖစ္

အာဏာသိမ္းတဲ့ေန႕ရက္ေတြက စတင္ၿပီး ျမန္မာျပည္သူေတြဟာ အသက္အိုးအိမ္စည္းစိမ္မလုံၿခဳံဘဲ ထိတ္ထိတ္လန႔္လန႔္နဲ႕ ေနထိုင္ေနရသလို ျပည္သူအခ်ိဳ႕ဟာလည္းအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသက္ေသဆုံးေနၾကပါတယ္ ။ယေန႕Julyလ (27)ရက္ေန႕မွာေတာ့ ျမင္းၿခံၿမိဳ႕မွာ ဝမ္းနည္းေၾကကြဲဖြယ္ရာ အျဖစ္အပ်က္တစ္ခု ျဖစ္ပြားသြားခဲ့ပါတယ္။

အေၾကာင္းကေတာ့ ျမင္းၿခံၿမိဳ႕ ဘုရားလမ္းရွိ ဘုံေဘခ်စ္တီးထမင္းဆိုင္မွ ပိုင္ရွင္လင္မယားႏွစ္ေယာက္ဟာ လူတစ္စုရဲ႕ေသနတ္နဲ႕ ပစ္ခတ္ျခင္းကို ခံလိုက္ရၿပီး အသက္ေသဆုံးသြားခဲ့ၾကပါတယ္။ ေသဆုံးသြားတဲ့ အဆိုပါလင္မယားႏွစ္ေယာက္ဟာ မွာထားတဲ့ စားစရာေလးေတြကို သြားပို႔ၿပီးျပန္အလာ ေ႐ႊရသာႏွင့္ Denko ဆီဆိုင္ၾကားအေရာက္မွာ ေသနတ္ျဖင့္ ပစ္ခတ္ခံလိုက္ရတာ ျဖစ္ပါတယ္။

ေသဆုံးသြားတဲ့ အမ်ိဳးသားျဖစ္သူ ကိုေကာင္းျမတ္သူဟာ အသက္(၂၉)ႏွစ္အ႐ြယ္သာရွိေသးသလို အမ်ိဳးသမီးဟာလည္း အသက္(၃၀)အ႐ြယ္သာရွိေသးတာျဖစ္ပါတယ္။ကိုေကာင္းျမတ္သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ေသဆုံးသြားခ်ိန္မွာ အ႐ြယ္မေရာက္ေသးတဲ့ သားေလးႏွစ္ေယာက္က်န္ရစ္ခဲ့ပါတယ္။

အခုလိုအသတ္ခံလိုက္ရတဲ့ ဘုံေဘခ်စ္တီးထမင္းဆိုင္ပိုင္ရွင္လင္မယားႏွစ္ဦးအတြက္ ျပည္သူေတြက စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ေဒသခံျပည္သူတစ္ဦးကေတာ့ ဘာမွ မလုပ္ ဘယ္မွ မပါ လူတိုင္းနဲ႕တည့္ေအာင္ အၿမဲေနေလ့ရွိတဲ့ ေဈးေရာင္းတဲ့လင္မယားကိုဒန္ေပါက္နဲ႕စြပ္ျပဳတ္သြားပို႔ၿပီး ျပန္အလာ ျမင္းၿခံၿမိဳ႕ ဘုရားလမ္းမွ ဘုံေဘထမင္းဆိုင္မွကိုစမီးလင္မယား(၂)ေယာက္ ေ႐ႊရသာႏွင့္Denkoဆီဆိုင္ၾကားမွာ(11:00)am နာရီေလာက္ ေသနတ္ျဖင့္ ပစ္သတ္ခံရ ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။

ေသဆုံးသြားၾကတဲ့ ကိုေကာင္းျမတ္သူတို႔လင္မယားႏွစ္ေယာက္ ေကာင္းရာဘုံဘဝသို႔ ေရာက္ရွိပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သေပးလိုက္ရပါတယ္။

Credit