Daily News

ဘဏ်က မှားထည့်ပေးလိုက်တဲ့ သူတို့ Acc ထဲက ဒေါ်လာ ၁သိန်းကို ဘာမှမသိသလို သုံးစွဲလိုက်ကျတဲ့ ချစ်သူစုံတွဲ

ဘဏ်က မှားထည့်ပေးလိုက်တဲ့ သူတို့ Acc ထဲက ဒေါ်လာ ၁သိန်းကို ဘာမှမသိသလို သုံးစွဲလိုက်ကျတဲ့ ချစ်သူစုံတွဲ

အကယ်လို့ သင့် bank acc ထဲမှာ ရုတ်တရက် ပိုက်ဆံအမြောက်အများရှိနေတာကို တွေ့ခဲ့ရရင် ဘာလုပ်မိမှာပါလဲ။ Bank ကို အကြောင်းပြန်ကြားမလား ဒါမဟုတ် ပိုက်ဆံ အားလုံးကို ဖြုန်းပစ်မှာလား။သို့ပေမဲ့ Pennsylvania ပြည်နယ်မှ Robert နှင့် Tiffany Williams တို့စုံတွဲဟာ သူတို့ရဲ့ပူးတွဲ bank acc ထဲမှာ မှားယွင်းစွာ ထည့်သွင်းမိသွားတဲ့ ဒေါ်လာ ၁၂၀,၀၀၀ ရဲ့ အချို့သောပိုက်ဆံတွေကို သုံးစွဲခဲ့ကြပြီးနောက်မှာ ဒုက္ခအကြီးကြီးနဲ့ ရင်ဆိုင်နေကြရပါတယ်။

ယခုမှာ သူတို့ဟာ ပြစ်မှုခိုးယူမှုဖြင့် တရားစွဲဆိုခံထားရပါတယ်။အစီရင်ခံစာများအရ Williams က ၎င်းပိုက်ဆံတွေမှ ၁၀၇,၀၀၀ အထိ သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ကျမ်းကျိန်လွှာတစ်ခုမှာ အဆိုပါစုံတွဲဟာ SUV ၊ ကားနောက်တွဲယာဉ် နှင့် လေးဘီးယာဉ် နှစ်စီး တို့ကို ဝယ်ယူဖို့ ပိုက်ဆံအချို့ကို သုံးစွဲခဲ့ပြီး သူတို့ရဲ့အကြွေးတွေကို ရှင်းခဲ့ကြပါတယ်။

လိုအပ်နေတဲ့သူငယ်ချင်းတွေကိုလည်း ဒေါ်လာ ၁၅,၀၀၀ ပေးခဲ့ကြောင်း အဆိုပါစုံတွဲက ဝန်ခံဖော်ပြထားပါတယ်။ Georgia ရှိ BB&T bank မှ ဝန်ထမ်းတစ်ဦးက မမှန်ကန်တဲ့ acc နံပါတ်တစ်ခုထဲသို့ ထည့်လိုက်မိတော့ Williams တို့ထံရောက်သွားခဲ့ပြီး အမှားဖြစ်ပွါးခဲ့ရပါတယ်။

နောက်ဆုံး ပိုက်ဆံ အများအပြားဆုံးရှုံးသွားခဲ့ရတဲ့ ဖောက်သည်တစ်ဦးက bank ကို ဆက်သွယ်မှဘဲ Williams ဆီရောက်သွားမှန်းသိခဲ့ရပါတယ်။Bank က အဆိုပါစုံတွဲကို အကြိမ်ပေါက်းမနည်း ဆက်သွယ်ပြီး လိုက်ရှာစုံစမ်းခဲ့ပေမဲ့ မတွေ့ခဲ့ရပါဘူး။နောက်ဆုံး Williams က ဖုန်းကိုင်လိုက်ပြီး ၎င်းငွေတွေကို သုံးစွဲလိုက်ပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါတော့တယ်။

“ကျွန်တော်တို့က အချို့လူတွေဆီကနေ မကောင်းတဲ့အကြံပြုချက်တွေရခဲ့ရတယ် ၊ ဒါကြောင့် ကျွန်တော်တို့ရဲ့အဖြစ်က နောက်ဆုံးတော့ မကောင်းတဲ့အရာဖြစ်သွားခဲ့ရတယ်” လို့ Robert က ဆိုခဲ့ပါတယ်။

CNN ရဲ့အင်တာဗျူးတစ်ခုမှာ BB&T bank ရဲ့ ပြောရေးဆိုခွင့်ရှိသူ Brian Davis က ၎င်းပြဿနာကို လျင်မြန်စွာ ဖြေရှင်းပြီးဖြစ်ကြောင်း နှင့် သူတို့က ဖောက်သည်တွေရဲ့ ဝန်ဆောင်မှု နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို တိုးမြင့်ဆောင်ရွက်ရန် အမြဲတမ်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။စာဖတ်သူတို့ကော ရုတ်တရက် bank acc ထဲ သန်းပေါင်းများစွာသောပိုက်ဆံတွေ မှားပြီးရှိနေရင် ဘယ်လို လုပ်ကြမှာပါလဲဗျာ။