KNOWLEDGE

အပေါင်ဆိုင်မှာ ပြန်မရွေးနိုင်တော့သည့် စက်ဘီးနှင့် ဆိုက်ကားများကို အခမဲ့ ပြန်ပေးလိုက်တဲ့ မြန်မာသူဌေး

အပေါင်ဆိုင်မှာ ပြန်မရွေးနိုင်တော့သည့် စက်ဘီးနှင့် ဆိုက်ကားများကို အခမဲ့ ပြန်ပေးလိုက်တဲ့ မြန်မာသူဌေး

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငသိုင်းချောင်းမြို့၌ ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့သည့် အပေါင်ဆိုင် က မရွေးနိုင်တော့သည့် အပေါင်ခံထားတဲ့ စက်ဘီးနှင့် ဆိုက်ကားများကို ပေါင်နှံသူများအား အခမဲ့ ပြန်လည် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသော အခြေခံလူတန်းစားများ လာရောက် ပေါင်နှံထားသည့် စက်ဘီးနှင့် ဆိုက်ကားများ လာရောက်ရွေးယူခြင်း၊ အတိုးသတ်နိုင်တော့ခြင်းတို့ကြောင့် ပြန် လည် လုပ်ကိုင်စားသောက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အပေါင်ဆိုင်ပိုင်ရှင်ဖြစ်သူ မခင်မာကြူက ပြောပါတယ်။

အဆိုပါ စက်ဘီးနှင့် ဆိုက်ကားများ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ (နိုဝင်ဘာလ ၂၃) ရက် မွန်းလွဲပိုင်း ကစ၍ ပေါင်ထားသည့် ဘောက်ချာ ပြနိုင်သူများအား ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ အထိ ပေးအပ်နေကြောင်း၊ စက်ဘီး ၁၂ စီးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

“စက်ဘီး ဆိုက်ကားကျတော့ အခြေခံလူတန်းစားတွေ မပြေလည်တာကြောင့်မို့ အခြေခံလူတန်း စားတွေကို အဓိက ကူညီပေးလိုက်တာ။ ဒီလိုလုပ်ဖို့ စဉ်းစားမိတာက ကျွန်မတို့ ငသိုင်းချောင်းမှာ ဆိုရင် ကျွန်မတို့ အပေါင်ဆိုင်က အစောဆုံး ပထမဆုံး ဖွင့်တဲ့ အပေါင်ဆိုင်ပါ။

တစ်နေ့က အမကနေပြီးတော့ လာမရွေးတဲ့ ဆိုက်ကားတွေနဲ့ စက်ဘီးတွေကျန်နေတယ်။ အတိုးလည်းမပေးနိုင်တော့ဘူး။ လာလာတောင်းပန်တော့ ငါစိတ်မချမ်းသာဘူးတဲ့။ ပြန်ပေးလိုက်ကြမလားဆိုပြီး တိုင်ပင်တော့ ညီအမနှစ်ယောက်သဘောတူလိုက်ပြီး၊ ကျွန်မရဲ့ အကောင့်ကနေတင်လိုက်တော့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက်လာယူကြတာပါ။

ပီတိဖြစ်တယ်။ အလုပ် လုပ်နေရင်း လာသူတွေလည်းရှိတယ်။ ဘောင်ချာပါလာတာနဲ့ ပြန်ပေးလိုက်တာ။ အဲဒါနဲ့ဘဲလှူဖြစ်သွားတာ” ဟု အပေါင်ဆိုင်ပိုင်ရှင်က ပြောပါတယ်။

အဆိုပါ အပေါင်ဆိုင်၌ လာရောက်ပေါင်နှံထားသည့် စက်ဘီးအစီးရေ ၅၀ ကျော်နှင့် ဆိုက်ကား အစီးရေ ၃၀ ကျော်ရှိကြောင်း သိရသည်။ ထို့အပြင် အပေါင်ဆိုင်ပိုင်ရှင် မခင်မာကြူအနေဖြင့် ငသိုင်းချောင်းမြို့တွင် သာမဏေငယ်စောင့်ရှောက် အဖွဲ့ကို စတင်တည်ထောင်ခဲ့ကာ သာမဏေငယ်များကို လစဉ် ကျန်းမာရေးထောက်ပံ့ငွေများ ပေးအပ် လျက်ရှိကြောင်း သိရသည်။

Zawgyi

အေပါင္ဆိုင္မွာ ျပန္မေ႐ြးနိုင္ေတာ့သည့္ စက္ဘီးႏွင့္ ဆိုက္ကားမ်ားကို အခမဲ့ ျပန္ေပးလိုက္တဲ့ ျမန္မာသူေဌး

ဧရာဝတီတိုင္းေဒသႀကီး ၊ ပုသိမ္ခရိုင္၊ ငသိုင္းေခ်ာင္းၿမိဳ႕၌ ပထမဦးဆုံး စတင္ဖြင့္လွစ္ခဲ့သည့္ အေပါင္ဆိုင္ က မေ႐ြးနိုင္ေတာ့သည့္ အေပါင္ခံထားတဲ့ စက္ဘီးႏွင့္ ဆိုက္ကားမ်ားကို ေပါင္ႏွံသူမ်ားအား အခမဲ့ ျပန္လည္ ေပးအပ္လ်က္ရွိေၾကာင္း သိရသည္။

ကိုဗစ္ကာလအတြင္း စားဝတ္ေနေရးအခက္အခဲျဖစ္ေနေသာ အေျခခံလူတန္းစားမ်ား လာေရာက္ ေပါင္ႏွံထားသည့္ စက္ဘီးႏွင့္ ဆိုက္ကားမ်ား လာေရာက္ေ႐ြးယူျခင္း၊ အတိုးသတ္နိုင္ေတာ့ျခင္းတို႔ေၾကာင့္ ျပန္ လည္ လုပ္ကိုင္စားေသာက္နိုင္ရန္ ရည္႐ြယ္၍ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း အေပါင္ဆိုင္ပိုင္ရွင္ျဖစ္သူ မခင္မာၾကဴက ေျပာပါတယ္။

အဆိုပါ စက္ဘီးႏွင့္ ဆိုက္ကားမ်ား ျပန္လည္ေပးအပ္ျခင္းကို ယမန္ေန႕ (နိုဝင္ဘာလ ၂၃) ရက္ မြန္းလြဲပိုင္း ကစ၍ ေပါင္ထားသည့္ ေဘာက္ခ်ာ ျပနိုင္သူမ်ားအား ျပန္လည္ ေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ယေန႕ အထိ ေပးအပ္ေနေၾကာင္း၊ စက္ဘီး ၁၂ စီးခန႔္သာ က်န္ရွိေတာ့ေၾကာင္း သိရသည္။

“စက္ဘီး ဆိုက္ကားက်ေတာ့ အေျခခံလူတန္းစားေတြ မေျပလည္တာေၾကာင့္မို႔ အေျခခံလူတန္း စားေတြကို အဓိက ကူညီေပးလိုက္တာ။ ဒီလိုလုပ္ဖို႔ စဥ္းစားမိတာက ကြၽန္မတို႔ ငသိုင္းေခ်ာင္းမွာ ဆိုရင္ ကြၽန္မတို႔ အေပါင္ဆိုင္က အေစာဆုံး ပထမဆုံး ဖြင့္တဲ့ အေပါင္ဆိုင္ပါ။

တစ္ေန႕က အမကေနၿပီးေတာ့ လာမေ႐ြးတဲ့ ဆိုက္ကားေတြနဲ႕ စက္ဘီးေတြက်န္ေနတယ္။ အတိုးလည္းမေပးနိုင္ေတာ့ဘူး။ လာလာေတာင္းပန္ေတာ့ ငါစိတ္မခ်မ္းသာဘူးတဲ့။ ျပန္ေပးလိုက္ၾကမလားဆိုၿပီး တိုင္ပင္ေတာ့ ညီအမႏွစ္ေယာက္သေဘာတူလိုက္ၿပီး၊ ကြၽန္မရဲ႕ အေကာင့္ကေနတင္လိုက္ေတာ့ သူတို႔ေတြ တစ္ေယာက္ၿပီးတစ္ေယာက္လာယူၾကတာပါ။

ပီတိျဖစ္တယ္။ အလုပ္ လုပ္ေနရင္း လာသူေတြလည္းရွိတယ္။ ေဘာင္ခ်ာပါလာတာနဲ႕ ျပန္ေပးလိုက္တာ။ အဲဒါနဲ႕ဘဲလႉျဖစ္သြားတာ” ဟု အေပါင္ဆိုင္ပိုင္ရွင္က ေျပာပါတယ္။

အဆိုပါ အေပါင္ဆိုင္၌ လာေရာက္ေပါင္ႏွံထားသည့္ စက္ဘီးအစီးေရ ၅၀ ေက်ာ္ႏွင့္ ဆိုက္ကား အစီးေရ ၃၀ ေက်ာ္ရွိေၾကာင္း သိရသည္။ ထို႔အျပင္ အေပါင္ဆိုင္ပိုင္ရွင္ မခင္မာၾကဴအေနျဖင့္ ငသိုင္းေခ်ာင္းၿမိဳ႕တြင္ သာမေဏငယ္ေစာင့္ေရွာက္ အဖြဲ႕ကို စတင္တည္ေထာင္ခဲ့ကာ သာမေဏငယ္မ်ားကို လစဥ္ က်န္းမာေရးေထာက္ပံ့ေငြမ်ား ေပးအပ္ လ်က္ရွိေၾကာင္း သိရသည္။