AMAZING

အရပ် ၃ပေသာရှိသော ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်မိခင်ဖြစ်သူ အသက် ၂၅နှစ်အရွယ် မော်ဒယ်မလေး

အရပ် ၃ပေသာရှိသော ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်မိခင်ဖြစ်သူ အသက် ၂၅နှစ်အရွယ် မော်ဒယ်မလေး

တောင်ကိုရီးယားမှ ကျော်ကြားတဲ့ ‘ulzzang‘ စုံတွဲနှစ်ဦးဟာ လူမှုရေးမီဒီယာမှာ ၎င်းတို့ ကလေးမွေးဖွားကြောင်းကို ကြေငြာတဲ့အခါ မြို့ရဲ့ဆွေးနွေးမှုဖြစ်လာခဲ့ပါတယ် ။ ပထမတစ်ချက်မှာ သူတို့ဟာ ဆယ်ကျော်သက်လူငယ်တွေလို့ ထင်မိပေမဲ့ ထိုစုံတွဲဟာ အသက် ၂၀ ကျော် အရွယ်ရှိနေခဲ့ပါတယ် ။

ချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်မိခင်ဖြစ်သူ Hong Yeong-gi ဟာ သူမရဲ့ချစ်စရာကောင်းတဲ့ အသွင်အပြင်များကြောင့် ကျော်ကြားလာခဲ့ပါတယ် ။ သူမဟာ ဟာသတီဗီရဲ့ Ulzzang မျိုးဆက်အပေါ် သူမရဲ့ အသွင်အပြင်မှတဆင့် အများပြည်သူထံမှ အာရုံစူးစိုက်မှုကို ရရှိခဲ့ပါတယ် ။

ဒီ 25 နှစ်အရွယ်မော်ဒယ်မလေးရဲ့ နုပျိုတဲ့အသွင်အပြင်ဟာ လူတိုင်းကို သူမက 15 နှစ်အရွယ်သာ ကျိန်းသေထင်မိစေပါတယ် ။ အရပ်အမြင့် ၃ ပေလောက်သာရှိတဲ့ Hong Yeong-gi ဟာ သူရဲ့ ချစ်စရာကောင်းပြီး လှပတဲ့အသွင်အပြင်ကြောင့် လူအများကြားမှာ ထင်ရှားကျော်ကြားခဲ့ပါတယ် ။ သူမအသက် ၂၁ နှစ်အရွယ်မှာ ၁၈ နှစ်အရွယ် Lee Se Young နဲ့လက်ထပ်ခဲ့ပါတယ် ။

သူတို့ရဲ့လက်ထပ်ထိမ်းမြားမှုက လူတိုင်းကိုတကယ်အံ့အားသင့်စေခဲ့ပြီး အခုတော့ သူမဟာကလေးနှစ်ယောက်ရဲ့မိခင်တစ်ဦးပါ ။ နာမည်ကြီး ulzzang စုံတွဲနှစ်ဦးဟာ ငယ်ရွယ်စဉ်ကပင် မိဘတွေလိုတာဝန်ယူဖို့ ဆန္ဒရှိတာကြောင့် ပြည်သူလူထုထံမှ လေးစားမှု နဲ့ ချစ်ခြင်းမေတ္တာများစွာရရှိခဲ့ပါတယ် ။

Hong Yeong-gi ဟာ သူမရဲ့နေ့စဉ်ဘဝအကြောင်းကို ကလေးနှစ်ယောက်မိခင်တစ်ဦးအဖြစ် သူမရဲ့ Youtube ရုပ်သံလိုင်းနဲ့ Instagram
တို့မှာ စံနမူနာအဖြစ် ဝေမျှပေးခဲ့ပါတယ် ။

Crd – JRose (KB Chimmy One)

Zawgyi







Crd – JRose (KB Chimmy One)