INTERNATIONAL NEWS

ကြည်ကောင်းလွန်းတဲ့ ရုပ်ရည်ရူပကြောင့် အမျိုးသမီးတို့ရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ 2020 အိုလံပစ်ပွဲရှိ အားကစားသမားတစ်ဦး

ကြည်ကောင်းလွန်းတဲ့ ရုပ်ရည်ရူပကြောင့် အမျိုးသမီးတို့ရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ 2020 အိုလံပစ်ပွဲရှိ အားကစားသမားတစ်ဦး

Welson Sim ဟာ ၂၀၂၀ ခုနှစ် အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာတင် ကင်မရာများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။မလေးရှားအားကစားသမားတစ်ဦးဖြစ်တဲ့ Welson Sim ဟာ သူ့ရဲ့ချောမောကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် တရုတ်နိုင်ငံရဲ့ social media platform တစ်ခုဖြစ်တဲ့ Weibo ပေါ်မှာ နာမည်ကြီးလူပြောများကာ တရုတ်နိုင်ငံရှိအမျိုးသမီးထုကြီးရဲ့နှလုံးသားကို အပိုင်သိမ်းသွားနိုင်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ Sarawak ပြည်နယ် Kuching မြို့မှာ မွေးဖွားပြီး အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Welson Sim ဟာ တိုကျိုအိုလံပစ်ပွဲကြီးရှိ မီတာ ၂၀၀ နှင့် မီတာ ၄၀၀ အမျိုးသားရေကူးပြိုင်ပွဲရဲ့ မလေးရှားနိုင်ငံရဲ့ကိုယ်စားပြုအားကစားသမားတစ်ဦးဘဲဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့အင်တာနက်အသုံးပြုသူများက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တိုကျိုအိုလံပစ်ဖွင့်ပွဲအခမ်းအနားကတည်းက mask တပ်ထားတာတောင်မှ ကြည့်ကောင်းနေခဲ့တဲ့ Welson Sim ရဲ့ရုပ်ရည်ရူပကို အံ့ဩနေခဲ့ကြတာပါ။“ မလေးရှားအသင်းက ကောင်လေးက အရမ်းကြည့်ကောင်းတယ် ၊ ရေကူးတဲ့ကောင်လေးတွေက အရမ်းမိုက်တယ်” လို့ netizen တစ်ဦးက ဆိုထားပါတယ်။အချို့သော Webio post များက Welson Sim ရဲ့ Instagram ဓာတ်ပုံများနှင့် acc ကို ဖော်ပြခဲ့ကြပြီး Sim အား “ ကြည့်ကောင်းလွန်းတဲ့အားကစားသမားလေး” ဟု နာမည်ပြောင်ပေးခဲ့ကြပါတယ်။

Sim ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကွာလာလမ်ပူ SEA GAMES ရှိ မီတာ ၂၀၀ နှင့်မီတာ ၄၀၀ အမျိုးသားအလွတ်ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ကတည်းကပင် လူအများက သူ့အား အတော်ဖြစ်ပြီး မျက်စိကျနေခဲ့ကြတာပါ။ဒီနေ့မှာတော့ Sim ဟာ အမျိုးသမီး မီတာ ၁၀၀ ရေကူးပြိုင်ပွဲမှာ အနိုင်ရခဲ့သူ Phee Jinq En နှင့်အတူ အမျိုးသား မီတာ ၂၀၀ အလွတ်ရေကူးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဘဲ ဖြစ်ပါတယ်။Sim အတွက် မလေးရှားပြည်သူများက အနိုင်ရရှိအောင် ဆုတောင်းပေးနေခဲ့ကြပါသေးတယ်။Sim လည်း အကောင်းဆုံးလုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

Crd Mia (KBdailynews)