AMAZING

အသက် ၇၂နှစ်လို့ Social ပေါ်မှာနာမည်ပြီးနေတဲ့ အရွယ်တင်နုပျိုလှတဲ့ အဖွားရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန် တကျော့ပြန်ဂယက်ထနေ

အသက် ၇၂နှစ်လို့ Social ပေါ်မှာနာမည်ပြီးနေတဲ့ အရွယ်တင်နုပျိုလှတဲ့ အဖွားရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန် တကျော့ပြန်ဂယက်ထနေ

လွန်ခဲ့တဲ့ရက်တုန်းကနယူးယောက်မြို့မှာမွေးနေ့ပွဲကျင်းပခဲ့တဲ့အသက်(72)အရွယ်အမျိုးသမီးရဲအရွယ်တင်နုပျိုလှတဲ့သူမရဲ့ပုံရိပ်တွေဟာ၊social mediaထက်မှာလူပြောများအားကျခဲ့တဲ့သတင်းတစ်ပုဒ်လေးဖြစ်ခဲ့တာမဟုတ်ပါလား။ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့Vera Wangဟာ

သူမရဲ့(72)ပြည့်မွေးနေ့မှာအဝါစိမ်းရောင်ဝတ်စုံလေးနဲ့၊ငယ်ရွယ်နုပျိုတဲ့အသားရေလေးကိုလှစ်လပ်ပြထားတဲ့ဖက်ရှင်နဲ့အတူ ပါတီပွဲလာသူငယ်ချင်းတွေနဲ့အတူသောက်စားပျော်ပါးကခုန်ကြတဲ့ပုံတွေကို၊သူမရဲ့Instagramကနေမျှဝေခဲ့တဲ့အခါမှာတော့social mediaပေါ်ကလူအများကိုအာရုံစိုက်စေခဲ့ပါတယ်။

ယခုပေါ်ထွက်လာခဲ့တဲ့ဓာတ်ပုံတပုံဟာဆိုရင်တော့၊netizenများကိုတကျော့ပြန်စိတ်ဝင်စားစေခဲ့ပါတယ်။သူမရဲ့မိတ်ဆွေဖြစ်တဲ့ဖက်ရှင်ဒီဇိုင်နာDonna Karanနဲ့အတူရိုက်ထားတဲ့ပုံထဲမှာဆိုရင်၊Vera Wangရဲ့ရုပ်ရည်ဟာသူမတင်ထားတဲ့Instagramပို့စ်တွေကရုပ်ရည်နဲ့မတူပဲ၊အသက်အရွယ်နဲ့လိုက်အောင်အိုမင်းရင့်ရော်နေခဲ့ပါတယ်။ထို့နောက်အခြားဓာတ်ပုံများလဲထိုနည်းတူပဲပေါ်ထွက်လာခဲ့ပါတယ်။

များသောအားဖြင့်တော့၊လူတစ်ယောက်ဟာsocial mediaလိုIG တို့FBတို့မှာဆိုရင်၊ပုံစံအမှန်မတင်ပဲအပြင်ကထက်ပိုနုပိုလှအောင်ပြုပြင်ပြောင်းလဲတတ်ကြသည်မဟုတ်ပါလား။ထိုသတင်းဓာတ်ပုံကြောင့်Vera Wangကတော့မမှုပဲ၊နောက်တနေ့မှာတော့သူမရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတခုထဲကgymဆော့နေတဲ့ပုံကို၊သူမရဲ့IGမှာအရှိကိုအရှိတိုင်းပြန်လည်မျှဝေပေးခဲ့ပါတယ်။

Zawgyi

အသက္ ၇၂ႏွစ္လို႔ Social ေပၚမွာနာမည္ၿပီးေနတဲ့ အ႐ြယ္တင္ႏုပ်ိဳလွတဲ့ အဖြားရဲ႕ ေနာက္ကြယ္ကျဖစ္ရပ္မွန္ တေက်ာ့ျပန္ဂယက္ထေန

လြန္ခဲ့တဲ့ရက္တုန္းကနယူးေယာက္ၿမိဳ႕မွာေမြးေန႕ပြဲက်င္းပခဲ့တဲ့အသက္(72)အ႐ြယ္အမ်ိဳးသမီးရဲအ႐ြယ္တင္ႏုပ်ိဳလွတဲ့သူမရဲ႕ပုံရိပ္ေတြဟာ၊social mediaထက္မွာလူေျပာမ်ားအားက်ခဲ့တဲ့သတင္းတစ္ပုဒ္ေလးျဖစ္ခဲ့တာမဟုတ္ပါလား။ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့Vera Wangဟာ

သူမရဲ႕(72)ျပည့္ေမြးေန႕မွာအဝါစိမ္းေရာင္ဝတ္စုံေလးနဲ႕၊ငယ္႐ြယ္ႏုပ်ိဳတဲ့အသားေရေလးကိုလွစ္လပ္ျပထားတဲ့ဖက္ရွင္နဲ႕အတူ ပါတီပြဲလာသူငယ္ခ်င္းေတြနဲ႕အတူေသာက္စားေပ်ာ္ပါးကခုန္ၾကတဲ့ပုံေတြကို၊သူမရဲ႕Instagramကေနမွ်ေဝခဲ့တဲ့အခါမွာေတာ့social mediaေပၚကလူအမ်ားကိုအာ႐ုံစိုက္ေစခဲ့ပါတယ္။

ယခုေပၚထြက္လာခဲ့တဲ့ဓာတ္ပုံတပုံဟာဆိုရင္ေတာ့၊netizenမ်ားကိုတေက်ာ့ျပန္စိတ္ဝင္စားေစခဲ့ပါတယ္။သူမရဲ႕မိတ္ေဆြျဖစ္တဲ့ဖက္ရွင္ဒီဇိုင္နာDonna Karanနဲ႕အတူရိုက္ထားတဲ့ပုံထဲမွာဆိုရင္၊Vera Wangရဲ႕႐ုပ္ရည္ဟာသူမတင္ထားတဲ့Instagramပို႔စ္ေတြက႐ုပ္ရည္နဲ႕မတူပဲ၊အသက္အ႐ြယ္နဲ႕လိုက္ေအာင္အိုမင္းရင့္ေရာ္ေနခဲ့ပါတယ္။ထို႔ေနာက္အျခားဓာတ္ပုံမ်ားလဲထိုနည္းတူပဲေပၚထြက္လာခဲ့ပါတယ္။

မ်ားေသာအားျဖင့္ေတာ့၊လူတစ္ေယာက္ဟာsocial mediaလိုIG တို႔FBတို႔မွာဆိုရင္၊ပုံစံအမွန္မတင္ပဲအျပင္ကထက္ပိုႏုပိုလွေအာင္ျပဳျပင္ေျပာင္းလဲတတ္ၾကသည္မဟုတ္ပါလား။ထိုသတင္းဓာတ္ပုံေၾကာင့္Vera Wangကေတာ့မမႈပဲ၊ေနာက္တေန႕မွာေတာ့သူမရဲ႕ေန႕စဥ္ဘဝလႈပ္ရွားမႈတခုထဲကgymေဆာ့ေနတဲ့ပုံကို၊သူမရဲ႕IGမွာအရွိကိုအရွိတိုင္းျပန္လည္မွ်ေဝေပးခဲ့ပါတယ္။