INTERNATIONAL NEWS

အပေါ်ပိုင်းကို ပုဝါသာပတ်ထားပြီး ညဝတ်ဘောင်းဘီပွနဲ့ ဆိုင်ထဲသို့ စားစရာဝင်ဝယ်ခဲ့တဲ့ အမျိုးသမီးရဲ့ အဖြစ်

အပေါ်ပိုင်းကို ပုဝါသာပတ်ထားပြီး ညဝတ်ဘောင်းဘီပွနဲ့ ဆိုင်ထဲသို့ စားစရာဝင်ဝယ်ခဲ့တဲ့ အမျိုးသမီးရဲ့ အဖြစ်

ကျွန်တော်တို့ဟာ အချို့သောအရာတွေ နဲ့ ပတ်သက်တဲ့ စည်းမျဉ်းနဲ့ဥပဒေများ မရှိသော်လည်း ကျွန်တော်တို့ဟာ ယဉ်ကျေးမှုဖြစ်တဲ့ လူ့အဖွဲ့အစည်းထဲမှာ ကျွန်တော်တို့နေထိုင်နေတာပါ။ ဥပမာအားဖြင့်၊ စားသောက်ဆိုင်တစ်ခု သို့မဟုတ် ထိုကိစ္စနဲ့ ပတ်သက်ပြီး အများပြည်သူသွားရာ နေရာတွေကို သွားတဲ့အခါ ထိုနေရာတွေနဲ့ သင့်လျှော်တဲ့ အဝတ်အစားများကို ဝတ်ဆင်ရန်လိုအပ်ပါတယ်။

အခုဖော်ပြပေးမဲ့ အမျိုးသမီးတစ်ဦးဟာ မကြာသေးမီက တရုတ်နိုင်ငံက မက်ဒေါ်နယ်ဆိုင်ရဲ့ ထွက်ပေါက်မှာ အစားအစာဝယ်နေစဉ် သူမက ညဝတ်ဘောင်းဘီပွနဲ့ သူမရဲ့အထက်ခန္ဓာကိုယ်မှာ ပဝါနဲ့ပတ်ထားတာကို Netizen တစ်ဦးက ဓာတ်ပုံရိုက်ပြီးနောက် ထိုအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံဟာ မကြာသေးမီက ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီ post ဟာ netizens တွေဆီကနေအပြန်အလှန် တုံ့ပြန်မှုတွေရခဲ့ပါတယ်။ လူအများက ဓာတ်ပုံတွေကို ရယ်မောကြပြီး ဒါကဒီလိုမျိုးလုပ်ဖို့ သူမရဲ့စိတ်ထဲမှာမရှိနိုင်ဘူးလို့ ပြောတာလည်းရှိသလို အခြားသူတွေက သူမဟာ မက်ဒေါ်နယ်ဆိုင်ရဲ့ အနီးအနားမှာရှိနေတာလည်း ဖြစ်နိုင်ကြောင့် တုံ့ပြန်နေကြပါတယ်။ သို့ပေမဲ့ လူမှုရေးမီဒီယာမှာ မိန်းကလေးအများစုက ရှက်စရာမလိုကြောင်း ပြောကြားခဲ့ပါတယ်။

သူမမှာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာမှုလည်းမရှိ၊ အစားအစာဝယ်ဖို့ အလျင်အမြန်ဖြစ်တာရယ် သို့မဟုတ် နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် လည်းဖြစ်နိုင်တယ်ဆိုပြီး ပြေဆိုနေကြပါတယ်။

Crd JRose (KB Chimmy)