AMAZING

သမီးချောလေးအတွက် သမက်ရွေးပွဲလုပ်ပေးရင်း ကြည့်ကောင်းတဲ့အမျိုးသားတစ်ဦးကြောင့် ပွဲကိုဖျက်သိမ်းပစ်လိုက်တဲ့ ဖခင်

သမီးချောလေးအတွက် သမက်ရွေးပွဲလုပ်ပေးရင်း ကြည့်ကောင်းတဲ့အမျိုးသားတစ်ဦးကြောင့် ပွဲကိုဖျက်သိမ်းပစ်လိုက်တဲ့ ဖခင်

ထိုင်းနိုင်ငံရှိ ဒူရင်းသီးစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Arnon Rodthong ဆိုသူဟာ သမီးဖြစ်သူရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ဘယ်အမျိုးသားမဆိုကို ကား ၁၀စီး ၊ အိမ်တစ်လုံးနဲ့ ဘတ် ၁၀သန်းတို့ကို လက်ဆောင်အဖြစ် ဆုချမဲ့ပြိုင်ပွဲတစ်ခုကို တရားဝင် ကျင်းပခဲ့ပါတယ်။ထို့နောက် ထိုင်းနိုင်ငံမှာ ဒူရင်းသီးသူဌေးကြီးတစ်ဦးက အသက် ၂၆နှစ်အရွယ် သမီးဖြစ်သူ Kansita အတွက် ခင်ပွန်းတစ်ဦးရှာပေးဖို့ လူသိထင်ရှားကမ်းလှမ်းမှုတစ်ခုလုပ်နေကြောင်းကို လူပြောများသွားခဲ့ပါတယ်။

Arnon က သူ့ရဲ့ပြိုင်ပွဲမှာ အမျိုးသားပေါင်း အယောက် ၁၀,၀၀၀ ဆီကနေ တုံ့ပြန်မှုတွေရခဲ့ပြီး ၎င်းတို့အားလုံးကို တစ်ယောက်ချင်းစီ ယောက်တိုင်းစေ့ အကဲမခတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။Kansita ကလည်း ဖခင်ဖြစ်သူရဲ့လုပ်ရပ်ကို အစပိုင်းမှာ အံ့အားသင့်နေခဲ့ရပြီး နောက်တော့ အဲ့ဒီအရာက သူမကောင်းဖို့အတွက် ဖြစ်တာကို သိခဲ့ရကာ ဘယ်တစ်ယောက်ကို ရွေးမှာကိုတော့ သူမအပေါ်မှာသာမူတည်ကြောင်း ဆိုခဲ့ပါတယ်။

သူဌေးကြီးက သမီးဖြစ်သူအတွက် ခင်ပွန်းကို တပူတပြင်းလိုက်ရှာနေရခြင်းကြောင့် Kansita က ဆွဲဆောင်မှုမရှိလို့ အခုလိုလုပ်တာလားလို့ ထင်မိသွားစေပေမဲ့ တစ်ကယ်တမ်း Kansitaက အရမ်းကို လှပတဲ့အမျိုးသမီးတစ်ယောက်ပါ။ထို့ကြောင့်နဲ့ဘဲ အမျိုးသားအများစုက ကား၊ အိမ်လည်းရ မိန်းမချောချောလည်းရမှာမို့ အဆိုပါပြိုင်ပွဲကို စိတ်အားထက်သန်စွာနဲ့ ဝင်ပြိင်ခဲ့ကြပါတယ်။

သူတို့အားလုံးတွေထဲမှ အသက် ၂၈ နှစ်အရွယ် Premyosapon Khongsai အမည်ရှိအမျိုးသားက Arnon ရဲ့တရားဝင် Facebook post မှာ “ ကျွန်တော် စိတ်ဝင်စားတယ် ၊ ကျွန်တော်က အသက် ၂၈နှစ်ပါ ၊ မိဘတွေက Trat ပြည်နယ်မှာ ဒူရင်းသီး အပင် ၃၀၀ ကျော်လောက်စိုက်ထားပါတယ် ၊ကျွန်တော်က စက်တွေလည်းမောင်းတတ်ပါတယ် ၊ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆက်သွယ်ပေးပါ အဖေ Arnon ” လို့ မှတ်ချက်ဝင်ပေးခဲ့ပြီးနောက် ၎င်းက Like ၁၄,၀၀၀ ကျော်နဲ့ လူကြိုက်များသွားခဲ့ပါတယ်။

သူ့ကို လူအများက သဘောကျပြီး သမီးဖြစ်သူနဲ့လည်း လက်ထပ်စေချင်ခဲ့ကြပေမဲ့ Arnon ဟာ ချက်ချင်းငြင်းပယ်ခဲ့သလို အဆိုပါပြိုင်ပွဲကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။အကြောင်းက Arnon ဟာ Khongsai ရဲ့ချောမောကြည့်ကောင်းတဲ့ရုပ်ရည်က သမီးဖြစ်သူရဲ့နှလုံးသားကို ဖမ်းစားသွားနိုင်မှာကို စိုးရိမ်သွားခဲ့လို့ပါဘဲ။ဒီလိုနဲ့ဘဲ ၎င်းပြိုင်ပွဲကြီးက မရှိခဲ့သလို ဖြစ်သွားခဲ့ရပါတော့တယ်။သူဌေးကြီးကတော့ ထိုင်းက အမျိုးသားထုကြီးကို ဂျင်းထည့်လိုက်တာပေါ့ဗျာ။