AMAZING

ကောင်မလေး ၃၅ယောက်ကို တစ်နေ့တည်းချိန်းဆိုကာ သူရောင်းချနေသည့် ပစ္စည်းများကို ဝယ်ယူပေးဖို့တောင်းဆိုခဲ့တဲ့ အမျိုးသား

ကောင်မလေး ၃၅ယောက်ကို တစ်နေ့တည်းချိန်းဆိုကာ သူရောင်းချနေသည့် ပစ္စည်းများကို ဝယ်ယူပေးဖို့တောင်းဆိုခဲ့တဲ့ အမျိုးသား

လူသားတိုင်းဟာ ဘဝရှင်သန်နေထိုင်နိုင်စေရန်အတွက် အလုပ်အကိုင်များပို ကြိုးစားလုပ်ကိုင်ကြပြီး ဝင်ငွေများကို ရှာဖွေနေကြပေသည်။အကယ်၍ စာဖတ်သူများထဲမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေပြီး အဆင်မပြေဖြသ်နေလျှင် ယခုဂျပန်နိုင်ငံမှ အမျိုးသားတစ်ဦးထံမှ အကြံတောင်းသင့်သည်ဟု ပြောချင်ပါတယ်။

ဂျပန်အမျိုးသားဟာ ကောင်မလေး၃၅ယောက်အထိကို တစ်ပြိုင်တည်းရည်းစားထားခဲ့တာဖြစ်ပြီး ချစ်သူတစ်ယောက်ကို အမျိုးသားသ သူ့မွေးနေ့ရက်ကို တစ်မျိုးစီပြောပြထားတာဖြစ်ပါတယ်။အကြောင်းကတော့ ကောင်မလေးတွေဆီမှ မွေးနေ့လက်ဆောင်ကို အမြဲတမ်းရရှိနေစရန်အတွက် ဖြစ်ပါတယ်။

ထိုအမျိုးသားဟာ အိမ်သုံးပစ္စည်းများစွာကို ရောင်းချရင်း စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပါတယ်။ထို့နောက်တွင် ကောင်မလေး ၃၅ယောက်ကို တစ်ခါတည်း ချိန်းတွေ့မှုပြုလုပ်ခဲ့ပြီး ကောင်မလေးအားလုံးကို သူရောင်းချနေသည့် ပစ္စည်းလေးတွေ ဝယ်ယူအားပေးသွားဖို့ တောင်းဆိုသွားခဲ့သေးတယ်လို့လည်း သိရပါတယ်။

Crd – Shoon (Cele Daily)

Zawgyi





Crd – Shoon (Cele Daily)