INTERNATIONAL NEWS

အသက်အရွယ် ကြီးလာတာကြောင့် မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ခြေလျင်တံတားပေါ်မှာ ပေါင်မုန့်တွေရောင်းနေရှာတဲ့ အဖိုးအို

အသက်အရွယ် ကြီးလာတာကြောင့် မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ခြေလျင်တံတားပေါ်မှာ ပေါင်မုန့်တွေရောင်းနေရှာတဲ့ အဖိုးအို

ဖိလစ်ပိုင်နိုင်ငံက ကုမ္ပဏီတွေမှာ သက်ကြီးရွယ်အိုတွေ အလုပ်လာလျှောက်ရင် လက်ခံဖို့ ဆန္ဒမရှိကြပါဘူး ။ သက်ကြီးရွယ်အိုတွေက လူငယ်တွေလိုမျိုး စွမ်းအင်မပြည့်ဝသလို လူငယ်ထက်နှေးကွေးပြီး အရည်အချင်းမပြည့်မီလို့ဆိုပြီး ငြင်းဆိုကြပါတယ် ။ ထိုပြဿနာများကြောင့် သက်ကြီးရွယ်အိုအများစုက သူတို့အနေဖြင့် တခြားသောအလုပ်လုပ်ရန် နဲ့ ၎င်းတို့မိသားစုများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုတာကြောင့် သူတို့လုပ်နိုင်တဲ့အလုပ်ကို လုပ်နေကြပါတယ် ။

အင်တာနက်အသုံးပြုသူတွေက ထိုကဲ့သို့သောသက်ကြီးရွယ်အိုတွေက အိမ်မှာသာနေပြီး အနားယူခြင်းကို ခံစားသင့်တယ်လို့ ယုံကြည်ကြသော်လည်း မကြာသေးမီးက Benj Samson လို့ခေါ်တဲ့ Netizen တစ်ဦးဟာ သူ့ရဲ့ Facebook ပေါ်မှာ အမည်မဖော်လိုတဲ့ အဘိုးရဲ့ဓာတ်ပုံများကိုတင်ခဲ့ပါတယ် ။ ထိုအဘိုးအိုက သူ့ရဲ့ ပေါင်မုန့်ကို ဗန်းထဲထည့်ပြီး တစ်ချိန်းလုံးသယ်ဆောင်နေတာကို တွေ့ရပါတယ် ။ အဘိုးဟာ နားနေခြင်းမရှိဘဲ ပြုံးပြီး ဗန်းကို တစ်ချိန်လုံးသယ်ဆောင်ထားတာပါ ။

“SM North Edsa ရဲ့ ခြေလျင်တံတားပေါ်မှာ ပေါင်မုန့်ရောင်းနေတဲ့ အဘိုးကို တွေ့ပါက သူ့ထံမှ မုန့်တွေဝယ်ယူအားပေးပါ။ သူ့လို ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေတဲ့ လူကောင်းကို ကျွန်တော်တို့ ဝယ်ယူအားပေးရင်းနဲ့ ကူညီထိုက်ပါတယ် ” လို့ Samson က post မှာ ရေးသားခဲ့ပါတယ် ။ အဆိုပါ post ဟာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး Like 34k ကျော် နဲ့ share 43k ကျော်ရရှိခဲ့ပါတယ် ။

အင်တာနက်အသုံးပြုသူများစွာက ၎င်းအဘိုးအိုဟာ အိမ်ကို မြန်မြန်ပြန်နိုင်ပြီး အနားယူနိုင်ရန် ထိုအဘိုးရဲ့ ကုန်ပစ္စည်းများအားလုံးကို ဝယ်ယူရန် အတတ်နိုင်ဆုံးလုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ကြပါတယ် ။ ထိုအဘိုးက ရောင်းဝယ်ခြင်းနဲ့ ကုန်ပစ္စည်းတွေ ရောင်းနေရခြင်းကို နှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ အဘိုးက မိသားစုကို အမှန်ပင် ကူညီချင်တာပါ။

Crd – JRose (KB Chimmy One)

Zawgyi

အသက္အ႐ြယ္ ႀကီးလာတာေၾကာင့္ မိသားစုရဲ႕ ဝန္ထုပ္ဝန္ပိုးမျဖစ္ေအာင္ ေျခလ်င္တံတားေပၚမွာ ေပါင္မုန့္ေတြေရာင္းေနရွာတဲ့ အဖိုးအို

ဖိလစ္ပိုင္နိုင္ငံက ကုမၸဏီေတြမွာ သက္ႀကီး႐ြယ္အိုေတြ အလုပ္လာေလွ်ာက္ရင္ လက္ခံဖို႔ ဆႏၵမရွိၾကပါဘူး ။ သက္ႀကီး႐ြယ္အိုေတြက လူငယ္ေတြလိုမ်ိဳး စြမ္းအင္မျပည့္ဝသလို လူငယ္ထက္ေႏွးေကြးၿပီး အရည္အခ်င္းမျပည့္မီလို႔ဆိုၿပီး ျငင္းဆိုၾကပါတယ္ ။ ထိုျပႆနာမ်ားေၾကာင့္ သက္ႀကီး႐ြယ္အိုအမ်ားစုက သူတို႔အေနျဖင့္ တျခားေသာအလုပ္လုပ္ရန္ နဲ႕ ၎တို႔မိသားစုမ်ားကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစလိုတာေၾကာင့္ သူတို႔လုပ္နိုင္တဲ့အလုပ္ကို လုပ္ေနၾကပါတယ္ ။

အင္တာနက္အသုံးျပဳသူေတြက ထိုကဲ့သို႔ေသာသက္ႀကီး႐ြယ္အိုေတြက အိမ္မွာသာေနၿပီး အနားယူျခင္းကို ခံစားသင့္တယ္လို႔ ယုံၾကည္ၾကေသာ္လည္း မၾကာေသးမီးက Benj Samson လို႔ေခၚတဲ့ Netizen တစ္ဦးဟာ သူ႕ရဲ႕ Facebook ေပၚမွာ အမည္မေဖာ္လိုတဲ့ အဘိုးရဲ႕ဓာတ္ပုံမ်ားကိုတင္ခဲ့ပါတယ္ ။ ထိုအဘိုးအိုက သူ႕ရဲ႕ ေပါင္မုန႔္ကို ဗန္းထဲထည့္ၿပီး တစ္ခ်ိန္းလုံးသယ္ေဆာင္ေနတာကို ေတြ႕ရပါတယ္ ။ အဘိုးဟာ နားေနျခင္းမရွိဘဲ ၿပဳံးၿပီး ဗန္းကို တစ္ခ်ိန္လုံးသယ္ေဆာင္ထားတာပါ ။

“SM North Edsa ရဲ႕ ေျခလ်င္တံတားေပၚမွာ ေပါင္မုန့္ေရာင္းေနတဲ့ အဘိုးကို ေတြ႕ပါက သူ႕ထံမွ မုန့္ေတြဝယ္ယူအားေပးပါ။ သူ႕လို ပင္ပင္ပန္းပန္းနဲ႕ အလုပ္လုပ္ေနတဲ့ လူေကာင္းကို ကြၽန္ေတာ္တို႔ ဝယ္ယူအားေပးရင္းနဲ႕ ကူညီထိုက္ပါတယ္ ” လို႔ Samson က post မွာ ေရးသားခဲ့ပါတယ္ ။ အဆိုပါ post ဟာ လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားၿပီး Like 34k ေက်ာ္ နဲ႕ share 43k ေက်ာ္ရရွိခဲ့ပါတယ္ ။

အင္တာနက္အသုံးျပဳသူမ်ားစြာက ၎အဘိုးအိုဟာ အိမ္ကို ျမန္ျမန္ျပန္နိုင္ၿပီး အနားယူနိုင္ရန္ ထိုအဘိုးရဲ႕ ကုန္ပစၥည္းမ်ားအားလုံးကို ဝယ္ယူရန္ အတတ္နိုင္ဆုံးလုပ္ေဆာင္မယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္ ။ ထိုအဘိုးက ေရာင္းဝယ္ျခင္းနဲ႕ ကုန္ပစၥည္းေတြ ေရာင္းေနရျခင္းကို ႏွစ္သက္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္ ။ အဘိုးက မိသားစုကို အမွန္ပင္ ကူညီခ်င္တာပါ။

Crd – JRose (KB Chimmy One)