Love & Relationship

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ချစ်သူဆီကနေ တစ်လအကြာမှ ရင်နာစရာ စာတစ်စောင်လက်ခံရရှိခဲ့တဲ့ ကောင်လေး

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ချစ်သူဆီကနေ တစ်လအကြာမှ ရင်နာစရာ စာတစ်စောင်လက်ခံရရှိခဲ့တဲ့ ကောင်လေး

အခုခေတ် ချစ်သူရည်းစားအချင်းချင်း ရည်းစားစာတွေပေးကြတာမျိုး မမြင်ဖူးကြလောက်တော့အောင်ပါပဲ ။ အကြောင်းကတော့ နည်းပညာတွေတိုးတက်လာတာကြောင့် message တွေနဲ့သာပေးပို့ကြရင်း ရည်းစား စာစောင်တွေ လက်ခံရရှိကြတာမျိုး သိပ်မရှိကြတော့ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ Leomar အမည်ရှိတဲ့အမျိုးသား နဲ့ Julie Ann အမည်ရှိတဲ့ စုံတွဲရဲ့ အဖြစ်အပျက်က အတော့်ကို ရင်နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။

သူတို့နှစ်ဦးဟာ 2014 ခုနှစ်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတာပါ ။ သာမှန် သမီးရည်းစားတွေလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သူတို့ရဲ့ချစ်သူသက်တမ်းဟာ အတော်လေးကို ရှည်ခဲ့ပါတယ် ။ တစ်ရက်မှာတော့ မထင်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ် ။ အဲတာကတော့ ချစ်သူကောင်မလေး Julie ဟာ ရုတ်တရက်နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့လို့ပါ ။

တစ်လအကြာမှ Julie ရဲ့ မိခင်ဖြစ်သူဟာ သူမရဲ့အခန်းကိုရှင်းရင်း အံဆွဲထဲမှ Leomar အတွက် ရေးထားတဲ့ ရည်းစားစာကို တွေ့ခဲ့တာပါ ။ စာလေးထဲမှာတော့ သူမဟာ သေဆုံးသွားဖို့ မရည်ရွယ်ထားပေမဲ့ အကယ်၍ရုတ်တရက် သေဆုံးသွားခဲ့ရင် သူမကတော့ Leomar ကို အမြဲပျော်ရွှင်စေချင်လို့ ကိုယ်နဲ့သင့်တော်တဲ့ လက်တွဲဖော်ကိုရှာဖို့ Leomar ကိုပြောခဲ့ပြီး သူမအတွက် Leomar က ဘယ်လောက်တောင် အရေးပါခဲ့လည်းဆိုတာကိုပါ ရေးသားထားခဲ့ပါတယ် ။ အဆိုပါစာလေးကြောင့် ကျန်ရစ်နေခဲ့တဲ့ Leomar တစ်ယောက် ရင်နင့်နေအောင် ခံစားခဲ့ရကြောင်းလည်း သိရှိရပါတယ် ။

Crd – Jasmine (Mckzone Daily)

Zawgyi

ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ခ်စ္သူဆီကေန တစ္လအၾကာမွ ရင္နာစရာ စာတစ္ေစာင္လက္ခံရရွိခဲ့တဲ့ ေကာင္ေလး

အခုေခတ္ ခ်စ္သူရည္းစားအခ်င္းခ်င္း ရည္းစားစာေတြေပးၾကတာမ်ိဳး မျမင္ဖူးၾကေလာက္ေတာ့ေအာင္ပါပဲ ။ အေၾကာင္းကေတာ့ နည္းပညာေတြတိုးတက္လာတာေၾကာင့္ message ေတြနဲ႕သာေပးပို႔ၾကရင္း ရည္းစား စာေစာင္ေတြ လက္ခံရရွိၾကတာမ်ိဳး သိပ္မရွိၾကေတာ့ပါဘူး ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ Leomar အမည္ရွိတဲ့အမ်ိဳးသား နဲ႕ Julie Ann အမည္ရွိတဲ့ စုံတြဲရဲ႕ အျဖစ္အပ်က္က အေတာ့္ကို ရင္နင့္ဖြယ္ေကာင္းလြန္းလွပါတယ္ ။

သူတို႔ႏွစ္ဦးဟာ 2014 ခုႏွစ္ကတည္းက ခ်စ္သူရည္းစားေတြျဖစ္ခဲ့ၾကတာပါ ။ သာမွန္ သမီးရည္းစားေတြလို ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္နဲ႕ သူတို႔ရဲ႕ခ်စ္သူသက္တမ္းဟာ အေတာ္ေလးကို ရွည္ခဲ့ပါတယ္ ။ တစ္ရက္မွာေတာ့ မထင္ထားတဲ့အျဖစ္အပ်က္တစ္ခုျဖစ္ခဲ့ပါတယ္ ။ အဲတာကေတာ့ ခ်စ္သူေကာင္မေလး Julie ဟာ ႐ုတ္တရက္ႏွလုံးေရာဂါနဲ႕ ေသဆုံးသြားခဲ့လို႔ပါ ။

တစ္လအၾကာမွ Julie ရဲ႕ မိခင္ျဖစ္သူဟာ သူမရဲ႕အခန္းကိုရွင္းရင္း အံဆြဲထဲမွ Leomar အတြက္ ေရးထားတဲ့ ရည္းစားစာကို ေတြ႕ခဲ့တာပါ ။ စာေလးထဲမွာေတာ့ သူမဟာ ေသဆုံးသြားဖို႔ မရည္႐ြယ္ထားေပမဲ့ အကယ္၍႐ုတ္တရက္ ေသဆုံးသြားခဲ့ရင္ သူမကေတာ့ Leomar ကို အၿမဲေပ်ာ္႐ႊင္ေစခ်င္လို႔ ကိုယ္နဲ႕သင့္ေတာ္တဲ့ လက္တြဲေဖာ္ကိုရွာဖို႔ Leomar ကိုေျပာခဲ့ၿပီး သူမအတြက္ Leomar က ဘယ္ေလာက္ေတာင္ အေရးပါခဲ့လည္းဆိုတာကိုပါ ေရးသားထားခဲ့ပါတယ္ ။ အဆိုပါစာေလးေၾကာင့္ က်န္ရစ္ေနခဲ့တဲ့ Leomar တစ္ေယာက္ ရင္နင့္ေနေအာင္ ခံစားခဲ့ရေၾကာင္းလည္း သိရွိရပါတယ္ ။

Crd – Jasmine (Mckzone Daily)