AMAZING

ချစ်စရာကောင်းတဲ့ Cosplayer မလေးရဲ့ မယုံနိုင်လောက်တဲ့မိတ်ကပ်စွမ်းရည်ကြောင့် အံ့သြထိတ်လန့်ကြရသူများ

ချစ်စရာကောင်းတဲ့ Cosplayer မလေးရဲ့ မယုံနိုင်လောက်တဲ့မိတ်ကပ်စွမ်းရည်ကြောင့် အံ့သြထိတ်လန့်ကြရသူများ

ကိုယ့်ရဲ့ပင်ကိုအလှထက်ပိုပြီး လှပစေတာကိုတော့ မိတ်ကပ်စွမ်းရည်တွေလို့ပြောရမှာပါပဲ ။ မလှတဲ့လူတွေကိုတောင့် ကြည့်လို့ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ပြုပြင်နိုင်တာကလည်း မိတ်ကပ်ပါပဲ ။ ဒါ့အပြင် Cosplayer အတော်များများဟာလည်း အခြားသူတွေထက်ပိုတဲ့ မိတ်ကပ်စွမ်းရည်တွေရှိကြသူပါ ။

ဒါကြောင့် သူတို့ဟာ မိတ်ကပ်မလိမ်းခင် နဲ့ လိမ်ပြီးအချိန် ဓာတ်ပုံတွေကို ယှဉ်ပြီး ပရိသတ်တွေကို ပြသလေ့ရှိပါတယ် ။ သို့ပေမဲ့လည်း Itawasa အမည်ရှိတဲ့ cosplayer မလေးကတော့ ဘယ်သူကမှ မထင်ထားလောက်အောင် သူမရဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ် ။

ဘာလို့လည်းဆိုတော့ လူတိုင်းက သူ့ကို cosplayer တစ်ယောက်လို အပြင်မှာ ကြည့်ကောင်းမဲ့သူလို့ တွေးထင်ထားကြပေမဲ့ သူမရဲ့ မိတ်ကပ်မလိမ်းထားတဲ့ရုပ်ရည်ကြောင့် လူအတော်အများ အံ့အားသင့်ခဲ့ရပါတယ် ။ သူမရဲ့ ပရိသတ် နဲ့ Instagram မှ follower တွေကတော့ သူမရဲ့ နဂိုရုပ်ရည်ကို ပြသရဲတဲ့ သတ္တိ နဲ့ အရမ်းကိုတော်တဲ့ မိတ်ကပ်စွမ်းရည်ကိုသာ အတော်များများက ချီးကျူးခဲ့ကြကြောင်း သိရပါတယ် ။မိတ်ကပ်မလိမ်းခင် နဲ့ လိမ်းပြီးရုပ်ရည်ကို ယှဉ်ကြည့်လိုက်ရင် လူတစ်ယောက်တည်းလို့ ယုံကြည်မိကြတဲ့သူ အတော်လေးရှားမှာပါ ။

Crd – JRose (KBdailynews)

Zawgyi





Crd – JRose (KBdailynews)