Local News

နေမကောင်းလွန်းလို့ တောထဲကထွက်လာပြီး လူတွေကိုအကူအညီတောင်းခဲ့တဲ့ ကျားကြီး

Unicode :

လူနဲ့ ကျားသတ္တဝါတို့ဟာ တစ်ဦးနဲ့ တစ်ဦးအန္တရာယ်ကင်းအောင် ဝေးဝေးကရှောင်ပြီး နေလေ့ရှိကြပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုးစိတ်ဖြစ်တဲ့ ဆိုက်ဘီးရီးယား ကျားတစ်ကောင်ဟာ ဒီအတားအဆီးကို ချိုးဖျက်လိုက်ပြီး သူ့ရဲ့သွား အလွန်နာကျင်နေခဲ့တဲ့အတွက် ရွာတစ်ရွာကို အကူအညီ လာတောင်းခဲ့ရှာပါတယ်။

 

၎င်းရှားပါးမျိုးစိတ်ကျားကြီးဟာ ရုရှားမှာ အကောင်ရေ (၅၀၀)မှ (၆၀၀)အထိသာရှိတဲ့ ကျားတွေထဲမှ တစ်ကောင်ဖြစ်ပြီး ဆိုက်ဘေးရီးယား ရွာတစ်ရွာရဲ့ အိမ်တစ်အိမ်ရှေ့မှာ လဲကျနေခဲ့တာပါ။ လူတွေနဲ့ နီးစပ်စွာနေလေ့မရှိတဲ့ ကျားကြီးဟာ ဘာမှမစားနိုင်တော့လောက်အောင် သွားနဲ့သွားဖုံး နာကျင်နေခဲ့တာကြောင့် လူတွေရဲ့အကူအညီကို တောင်းဖို့ ဆုံးဖြတ်ခဲ့ရှာပုံပေါ်ပါတယ်။

 

အိမ်ရှင် Alexey Khaideyev က နံနက်ခင်း အိမ်အပြင်ထွက်ဖို့လုပ်ရာ တံခါးကို အပြင်ကနေ တစ်ခုခုတွန်းသလိုဖြစ်နေခဲ့တာကြောင့် တံခါးကိုုပြန်တွန်းလိုက်တဲ့အခါ ကျားဟိန်းသံကို ကြားလိုက်ရပါတယ်။ ကျားမကြီးဟာ Alexey ကို အနားလည်း သိပ်အကပ်မခံသလို အန္တရာယ်လည်းမပြုပါဘူး။ Alexey ဟာ ချက်ချင်းအရေးပေါ်အဖွဲ့ကို ခေါ်ခဲ့ပြီး ကျားမကြီးကို ကယ်ဆယ်ရေးစခန်းသို့ ပို့ပေးခဲ့ကြပါတယ်။

 

ကယ်ဆယ်ရေးစခန်းက ပညာရှင်တွေ ကျားမကြီးဟာ အသက် (၁၀)နှစ်ခန့်ရှိပြီး ပြင်းထန်တဲ့ မေးရိုးဝေဒနာခံစားနေရကြောင်းပြောပါတယ်။ အခြေအနေဟာ ဆိုးရွားတဲ့အတွက် ကုသမှုလည်း ချက်ချင်းလိုအပ်နေခဲ့တာဖြစ်ပြီး ကျားမကြီးဟာလည်း အကူအညီကို လိမ္မာစွာစောင့်နေခဲ့ပါတယ်။ တစ်ကောင်တည်း မိုင် (၁၀၀၀)အထိ လျှောက်သွားနိုင်တဲ့ ဆိုက်ဘေးရီးယားကျားတွေဟာ ရောဂါဖြစ်လွယ်လာပြီး မျိုးတုံးမယ့်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မျိုးစိတ်ဖြစ်နေပါပြီ။

 

ဒီကျားမကြီးက ပြင်ပဒဏ်ရာတော့မရှိပေမယ့် အလွန်ပင်ပန်းနွမ်းနယ်နေကာ အပေါ်သွားတွေလည်း မရှိတော့ဘဲ ပြင်းထန်တဲ့ ခံတွင်းဆိုင်ရာ ဝေဒနာတွေကို ခံစားနေရကြောင်း ရုရှားသဘာဝအရင်းအမြစ်ထိန်းသိမ်းရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Zawgyi :

လူနဲ႔ က်ားသတၱဝါတို႔ဟာ တစ္ဦးနဲ႔ တစ္ဦးအႏၱရာယ္ကင္းေအာင္ ေဝးေဝးကေရွာင္ျပီး ေနေလ့ရိွၾကပါတယ္္။ ဒါေပမယ့္ မ်ိဳးတုံးေပ်ာက္ကြယ္ေတာ့မယ့္ မ်ိဳးစိတ္ျဖစ္တဲ့ ဆိုက္ဘီးရီးယား က်ားတစ္ေကာင္ဟာ ဒီအတားအဆီးကို ခ်ိဳးဖ်က္လိုက္ျပီး သူ႔ရဲ႕သြား အလြန္နာက်င္ေနခဲ့တဲ့အတြက္ ရြာတစ္ရြာကို အကူအညီ လာေတာင္းခဲ့ရွာပါတယ္္။

 

၎ရွားပါးမ်ိဳးစိတ္က်ားႀကီးဟာ ႐ုရွားမွာ အေကာင္ေရ (၅၀၀)မွ (၆၀၀)အထိသာရိွတဲ့ က်ားေတြထဲမွ တစ္ေကာင္ျဖစ္ျပီး ဆိုက္ေဘးရီးယား ရြာတစ္ရြာရဲ႕ အိမ္တစ္အိမ္ေရွ႕မွာ လဲက်ေနခဲ့တာပါ။ လူေတြနဲ႔ နီးစပ္စြာေနေလ့မရိွတဲ့ က်ားႀကီးဟာ ဘာမွမစားႏုိင္ေတာ့ေလာက္ေအာင္ သြားနဲ႔သြားဖံုး နာက်င္ေနခဲ့တာေၾကာင့္ လူေတြရဲ႕အကူအညီကို ေတာင္းဖို႔ ဆံုးျဖတ္ခဲ့ရွာပံုေပၚပါတယ္။

 

အိမ္ရွင္ Alexey Khaideyev က နံနက္ခင္း အိမ္အျပင္ထြက္ဖို႔လုပ္ရာ တံခါးကို အျပင္ကေန တစ္ခုခုတြန္းသလိုျဖစ္ေနခဲ့တာေၾကာင့္ တံခါးကိုုျပန္တြန္းလိုက္တဲ့အခါ က်ားဟိန္းသံကို ၾကားလုိက္ရပါတယ္။ က်ားမႀကီးဟာ Alexey ကို အနားလညး္ သိပ္အကပ္မခံသလုိ အႏၱရာယ္လည္းမျပဳပါဘူး။ Alexey ဟာ ခ်က္ခ်င္းအေရးေပၚအဖြဲ႔ကို ေခၚခဲ့ျပီး က်ားမႀကီးကို ကယ္ဆယ္ေရးစခန္းသို႔ ပို႔ေပးခဲ့ၾကပါတယ္။

 

ကယ္ဆယ္ေရးစခန္းက ပညာရွင္ေတြ က်ားမႀကီးဟာ အသက္ (၁၀)ႏွစ္ခန္႔ရိွျပီး ျပင္းထန္တဲ့ ေမး႐ိုးေဝဒနာခံစားေနရေၾကာင္းေျပာပါတယ္္။ အေျခအေနဟာ ဆိုးရြားတဲ့အတြက္ ကုသမွဳလည္း ခ်က္ခ်င္းလိုအပ္ေနခဲ့တာျဖစ္ျပီး က်ားမႀကီးဟာလည္း အကူအညီကို လိမၼာစြာေစာင့္ေနခဲ့ပါတယ္္။ တစ္ေကာင္တည္း မိုင္ (၁၀၀၀)အထိ ေလွ်ာက္သြားႏုိင္တဲ့ ဆိုက္ေဘးရီးယားက်ားေတြဟာ ေရာဂါျဖစ္လြယ္လာျပီး မ်ိဳးတံုးမယ့္အႏၱရာယ္ကို ရင္ဆိုင္ေနရတဲ့ မ်ိဳးစိတ္ျဖစ္ေနပါျပီ။

 

ဒီက်ားမႀကီးက ျပင္ပဒဏ္ရာေတာ့မရိွေပမယ့္ အလြန္ပင္ပန္းႏြမ္းနယ္ေနကာ အေပၚသြားေတြလည္း မရိွေတာ့ဘဲ ျပင္းထန္တဲ့ ခံတြင္းဆိုင္ရာ ေဝဒနာေတြကို ခံစားေနရေၾကာင္း ႐ုရွားသဘာဝအရင္းအျမစ္ထိန္းသိမ္းေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။