Local News

တစ်ဦးတည်းသော သားဖြစ်သူအလာကို မော်တော်ပျက်ကြီးထဲမှာ နှစ်နဲ့ချီကြာနေတာတောင် စိတ်ရှည်စွာနဲ့ စောင့်နေလျက်ရှိတဲ့ အမေအို

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ကျန်းမာရေးမကောင်းပေမယ့် သားဖြစ်သူအလာကို မော်တော်ပျက်ကြီးထဲမှာ စောင့်နေရှာတဲ့ ဇရာအို မိခင်တစ်ဦးရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

 

အမေအိုတစ်ယောက် မော်တော်ပျက်ကြီးထဲမှာ နှစ်နဲ့ချီပြီး တစ်ယောက်တည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရရှာတယ်။ ဒီမော်တော်ပျက်ကြီးထဲမှာ သူ့ရဲ့သားနဲ့အတူ ငယ်စဉ်က အတူနေခဲ့တာကြောင့် ဒီမော်တော်ပျက်ကြီးထဲမှာပဲ နှစ်နဲ့ချီပြီး အမေ့မှာ သူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူပြန်အလာကို စောင့်နေရှာတာတဲ့လေ ။

 

အမေ့ရဲ့သား အခုထိ ပြန်မလာခဲ့ပေမယ့် အမေအသက်ဆက်ပြီး ရှင်သန်နိုင်ဖို့ ကျွန်တော်ထပ်လာခဲ့ပါ့မယ်ဗျာ ။ အော် မိဘ မိဘ၊ မေတ္တာတရားတွေနဲ့ ခွင့်လွှတ်သည်းခံမှုတွေဟာ ကြီးမားလိုက်ပါပေ့နော် ။ ဒီပုံလေးကိုမတော်တဆ တွေ့သွားခဲ့လို့ရှိရင်

 

ငါ့အမေပါလားလို့ သိခဲ့ရင် အမြန်ဆုံး ဆက်သွယ်ပြီး ပြန်လာခဲ့ပါလားဗျာ။ အမေ့ကိုကြည့်ပြီး တော်တော်စိတ်မကောင်း ဖြစ်နေမိလို့ပါ။ အမေ အခုထိ မော်တော်ပျက်ကြီးထဲမှာ စိတ်ရှည်ရှည်နဲ့ သားဖြစ်သူကို စောင့်နေတုန်းပါ။ တကယ်လို့ ဒီပုံကို တွေ့ပြီး ဆက်သွယ်ချင်ရင်

 

အလင်းစေတမန် အွန်လိုင်းပရဟိတ 09 444 051 992, 09 777 976 585 အကူအညီ တောင်းပေးထားတာပါ။ မနက်ကတောင် အီကင်းဈေးနားက ဆေးခန်းမှာ အမေ အန်နေတာတွေ့လို့ မပြန်နိုင်တာနဲ့ပဲ ကျနော်ကိုယ်တိုင်ပဲ လိုက်ပို့ပေးလိုက်တယ်။

 

ဟိုရောက်တော့မှ ကျနော် ကြည့်လိုက်တော့ အမေ နေတာက မော်တော်အပျက်ကြီးထဲမှာတဲ့။ အမေ ဘယ်သူနဲ့ အတူနေနေလဲလို့ မေးကြည့်လိုက်တော့ တစ်ယောက်ထဲနေတာပါတဲ့။ သားလေးတစ်ယောက်ရှိတာ အလုပ်လုပ်ဖို့ဆိုပြီး ပြန်မလာတာ နှစ်နဲ့ကိုချီနေပါပြီတဲ့။

 

ဆွေမျိုးလည်း တစ်ယောက်မှ မရှိဘူးတဲ့။ အနီးအနားက သူများပေးတာ ကမ်းတာလေးတွေနဲ့ စားသောက်နေရတာပါတဲ့။ အော် အမေရယ် ဖြစ်မှဖြစ်ရလေ ။ အမေ့အစား ကျနော်ကြည့်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိလို့ အကူညီတောင်းရတာပါ။ အဆင်ပြေသလိုလေးလည်း သွားလှူပေးကြပါဦးနော်။

 

ဖတ်ရှု့အားပေးကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကူညီချင်ရင် သွားလှူချင်တယ်ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး သွားလှူလို့ ရပါတယ်နော်။ တကယ်လိုအပ်နေတဲ့သူကို ကူညီတာဟာ ကြီးမာတဲ့ကုသိုလ်ကို ရပါတယ်။

 

ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့အတူ အေးချမ်းတဲ့ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
မူရင်းရေးသားသာအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Zawgyi code

ခ်စ္ပရိသတ္ႀကီးေရ ယခုေျပာျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ က်န္းမာေရးမေကာင္းေပမယ့္ သားျဖစ္သူအလာကို ေမာ္ေတာ္ပ်က္ႀကီးထဲမွာ ေစာင့္ေနရွာတဲ့ ဇရာအို မိခင္တစ္ဦးရဲ႕ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။

 

အေမအိုတစ္ေယာက္ ေမာ္ေတာ္ပ်က္ႀကီးထဲမွာ ႏွစ္နဲ႕ခ်ီၿပီး တစ္ေယာက္တည္း ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရရွာတယ္။ ဒီေမာ္ေတာ္ပ်က္ႀကီးထဲမွာ သူ႕ရဲ႕သားနဲ႕အတူ ငယ္စဥ္က အတူေနခဲ့တာေၾကာင့္ ဒီေမာ္ေတာ္ပ်က္ႀကီးထဲမွာပဲ ႏွစ္နဲ႕ခ်ီၿပီး အေမ့မွာ သူ႕ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္သူျပန္အလာကို ေစာင့္ေနရွာတာတဲ့ေလ ။

 

အေမ့ရဲ႕သား အခုထိ ျပန္မလာခဲ့ေပမယ့္ အေမအသက္ဆက္ၿပီး ရွင္သန္နိုင္ဖို႔ ကြၽန္ေတာ္ထပ္လာခဲ့ပါ့မယ္ဗ်ာ ။ ေအာ္ မိဘ မိဘ၊ ေမတၱာတရားေတြနဲ႕ ခြင့္လႊတ္သည္းခံမႈေတြဟာ ႀကီးမားလိုက္ပါေပ့ေနာ္ ။ ဒီပုံေလးကိုမေတာ္တဆ ေတြ႕သြားခဲ့လို႔ရွိရင္

 

ငါ့အေမပါလားလို႔ သိခဲ့ရင္ အျမန္ဆုံး ဆက္သြယ္ၿပီး ျပန္လာခဲ့ပါလားဗ်ာ။ အေမ့ကိုၾကည့္ၿပီး ေတာ္ေတာ္စိတ္မေကာင္း ျဖစ္ေနမိလို႔ပါ။ အေမ အခုထိ ေမာ္ေတာ္ပ်က္ႀကီးထဲမွာ စိတ္ရွည္ရွည္နဲ႕ သားျဖစ္သူကို ေစာင့္ေနတုန္းပါ။ တကယ္လို႔ ဒီပုံကို ေတြ႕ၿပီး ဆက္သြယ္ခ်င္ရင္

 

အလင္းေစတမန္ အြန္လိုင္းပရဟိတ 09 444 051 992, 09 777 976 585 အကူအညီ ေတာင္းေပးထားတာပါ။ မနက္ကေတာင္ အီကင္းေဈးနားက ေဆးခန္းမွာ အေမ အန္ေနတာေတြ႕လို႔ မျပန္နိုင္တာနဲ႕ပဲ က်ေနာ္ကိုယ္တိုင္ပဲ လိုက္ပို႔ေပးလိုက္တယ္။

 

ဟိုေရာက္ေတာ့မွ က်ေနာ္ ၾကည့္လိုက္ေတာ့ အေမ ေနတာက ေမာ္ေတာ္အပ်က္ႀကီးထဲမွာတဲ့။ အေမ ဘယ္သူနဲ႕ အတူေနေနလဲလို႔ ေမးၾကည့္လိုက္ေတာ့ တစ္ေယာက္ထဲေနတာပါတဲ့။ သားေလးတစ္ေယာက္ရွိတာ အလုပ္လုပ္ဖို႔ဆိုၿပီး ျပန္မလာတာ ႏွစ္နဲ႕ကိုခ်ီေနပါၿပီတဲ့။

 

ေဆြမ်ိဳးလည္း တစ္ေယာက္မွ မရွိဘူးတဲ့။ အနီးအနားက သူမ်ားေပးတာ ကမ္းတာေလးေတြနဲ႕ စားေသာက္ေနရတာပါတဲ့။ ေအာ္ အေမရယ္ ျဖစ္မွျဖစ္ရေလ ။ အေမ့အစား က်ေနာ္ၾကည့္ၿပီး တကယ္ကို စိတ္မေကာင္းျဖစ္မိလို႔ အကူညီေတာင္းရတာပါ။ အဆင္ေျပသလိုေလးလည္း သြားလႉေပးၾကပါဦးေနာ္။

 

ဖတ္ရႈ႕အားေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ကူညီခ်င္ရင္ သြားလႉခ်င္တယ္ဆိုရင္ အေပၚမွာ ေဖာ္ျပထားတဲ့ ဖုန္းနံပါတ္ကို ဆက္သြယ္ၿပီး သြားလႉလို႔ ရပါတယ္ေနာ္။ တကယ္လိုအပ္ေနတဲ့သူကို ကူညီတာဟာ ႀကီးမာတဲ့ကုသိုလ္ကို ရပါတယ္။

 

ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ မိသားစုေလးနဲ႕အတူ ေအးခ်မ္းတဲ့ညေလးကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။
မူရင္းေရးသားသာအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။