Articles

အမှတ်တမဲ့ ကြည့်ရင် သရဲတစ္ဆေလို့ ထင်မိနိုင်တဲ့ မျိုးတုန်းပျောက်ကွယ်နေပြီ ဖြစ်တဲ့(ငေါင်း)

အမှတ်တမဲ့ ကြည့်ရင် သရဲတစ္ဆေလို့ ထင်မိနိုင်တဲ့ မျိုးတုန်းပျောက်ကွယ်နေပြီ ဖြစ်တဲ့(ငေါင်း)

 

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ ငေါင်းဆိုတဲ့ သတ္တဝါအကြောင်းလေးပဲဖြစ်ပါတယ်။ ငေါင်းဟူသော သတ္တဝါသည် အလွန်ထူးဆန်းသော သတ္တဝါဖြစ်ပြီး မသိလျှင်တော့ သရဲ တစ္ဆေလို့တောင်ထင်မိနိုင်ပါတယ်။

တစ်ကယ်တော့ ငေါင်းက မျိုးတုန်းပျောက်ကွယ်နေတဲ့ သတ္တဝါတစ်မျိုးပါ။ ငေါင်းသည် နာနာဘာဝတို့ ၏ဖန်ဆင်းမူတစ်ခုဖြစ်သည်ဟု ရှေးလူကြီးများဆိုထား ကြပါတယ်။

 

ငေါင်းရဲ့ပုံစံဟာအလွန် ထူးဆန်းပါတယ် ရုတ်တရက် တွေ့လိုက်လျှင်လူပုံစံနှင့်ဆင်တူပါတယ်။ငေါင်းသည် ခြေတစ်ချောင်းသာပါရှိပြီး ထိုခြေထောက်ကိုထောက်ပြီး ခုန်ဆွခုန်ဆွသွားတတ်တဲ့ သတ္တဝါပါ။

 

ငေါင်း၏နောက်စေ့ မှာတော့ ပေါက်ချွန်းကဲ့သို့သော အချွန် အမောက်တစ်ခုပါဝင်ပါသေးတယ်။ အဲ့ဒီ့အချွန် အတက်နဲ့ သစ်ပင်ကြီးများတွင် ချိတ်ပြီးလည်း နေတက်ပါတယ်။ သူ့ရဲ့အရပ်အမောင်းတော့ ၅ ပေကျော်ပါတယ်။

 

ခြေဆစ် လက်ဆစ် ဒူးဆစ်များမပါပါ မေးကောက်သည်။ နဖူးပြင်သည်ခြောက်လက်မကျော်သည်။ ငေါင်းတွေ့ရှိသည့် မှတ်တမ်းများမှာ 1995 ခုနှစ် မြစ်ကြီးနားခရိုင် ကဝါးပွန်းရွာတွင် ရေတွင်း၌ ကျနေသောငေါင်းတစ်ကောင် ကို အရှင်ဖမ်းမိဖူးပါတယ်။

 

နောက် တစ်နေ့မြစ်ကြီးနား တောရုံးသို့ ပို့ဆာင် ရန်စီစဉ်နေစဉ်မှာပဲသေဆုံးခဲ့ပါတယ်။အလားတူပဲ ကရင် ပြည်နယ်တွင်လည်း လယ်သမား များဆောက် ထားသော ဆည်ကို လာဖောက်သည့် ငေါင်းတစ်ကောင် ကိုအရှင် ထောင် ဖမ်းကြဖူးပါတယ်။

 

ဖမ်းတာကတော့ ဌက်ပျောဖက်ဖြင့် ထောင်ဖမ်းတာပါ။ ငေါင်းတွေ့ရှိသည့် နောက်ဆုံးမှတ်တမ်းမှာ ကုန်းဘောင်ခေတ်ဘိုးတော်ဘုရားလက်ထက် တောင်ငူမြို့မြတ်စောညီနောင်ဘုရားမှ ငေါင်းတစ်ကောင် ကိုဖမ်းမိဖူးပါတယ်။

 

ဖမ်းမိတဲ့ငေါင်းတွင် ဆံပင်ပါလာပါတယ် လက်နှစ်ဖက် ကိုအတောင်ပံများကဲ့သို့ ဘေးဖက်များတွင်ဖြန့်ကားထားပြီး အမျိုးသမီးမျက်နှာနှင့်ဆင်တူပါတယ်။ သူ့အော်သံကတော့ ဌက်သံ ဖြစ်ပြီး ဌက်သံထွက်သော် လည်းဌက်မဟုတ်ပါ။

 

မျိုးတုန်းပြီး ရှားပါးသွားသည့် ထူးဆန်းသောသတ္တဝါ တစ်မျိုးသာဖြစ်ပါတယ်။ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး ၊ ယခုအခါမှာတော့မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။

လူတော်တော်များများက ငေါင်းဟူသော သတ္တဝါကို ယုံတမ်းစကား သို့မဟုတ် နာနာဘာဝအကောင်လို့ ယူဆ ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ သိသူတော်တော်နည်းသွားပါပြီ။

 

 

ငေါင်းကောင်သည် လူနှင့်တူသောသတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းပါတယ်။ ငေါင်း၏ဆံပင်ကိုဆံစု (ဆံတု)လုပ်ပါကဆံပင်ကောင်းသည်ဟု အယူရှိသဖြင့်ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ဆံပင်ကိုဆံစု(ဆံတု)လုပ်ကြလေ့ရှိကြပါတယ်။

 

မြန်မာနိုင်ငံမှာတော့ ဟုမ္မလင်းနယ်စပ်၊ ဗန်းမောက်နယ်၊မြစ်ကြီးနား ၊ မိုးကောင်း တို့ဘက်မှာတွေ့ခဲ့ရဘူးပါတယ် ဒါအပြင်ဆရာ မောင်ကြည်သန့် ရေးတဲ့မြန်မာ့ဖြစ်ရပ်(၁၀၀)စာအုပ်မှာတော့ငေါင်းအကြောင်းကို“ငေါင်းသတ္တဝါသည် ကိုယ်ခန္တာပြားချပ်၏၊လက်နှစ်ဖက်ပါကာလက်မောင်း များထွားကြိုင်း၏၊ အရပ်း ၅ ပေ ၁ လက်မခန့်ရှိသည်၊ဒူးဆစ်မရှိ ။

 

ခြေတစ်ချောင်းသာပါ၏ ၊ခြေဖဝါးသည်အနောက် ဘက်သို့ လှည့်နေပြီးဖနှောင့်သည် အရှေ့တွင်ရှိသည် ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏၊ နဖူးသည်ခြောက် လက်မကျော်ကျယ်၍ပြောင်၏၊‌ေမးကောက်သည်၊ ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာအမောက်ပမာ အရိုူကြီးရှိသည် ၊

 

သစ်ပင်ထူထပ်သော တောနက်ကြီးမျာတွင်နေထိုင် တတ်သည်သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်းသွားလာတတ် ၏ဟု လေ့လာတွေရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာအမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲမဟုတ် ပါ အ တောင်မပါရှိပါ။” လို့ဆိုထားပါတယ်။

 

ငေါင်းသတ္တဝါကို တော်တော်များများကတော့ တကယ်မရှိတဲ့ အကောင်(သို့) ယုံတမ်းစကားအဖြစ်သာ ယုံကြည်ထားကြပါတယ်။ သို့သော် ရှေးခေတ် မှတ်တမ်းတင်ထားခဲ့တဲ့ အချက် အလက်များအရ ဒီသတ္တဝါရှိခဲ့ တာကိုတော့ ငြင်းလို့မရပါဘူး။

 

ငေါင်းနှင့်ပတ်သတ်လို့ အခိုင်မာဆုံးအထောက် အထားတွေအနေနဲ့ တွေနိုင်တာကတော့ကုန်းဘောင် ခေတ် ရွေတိုက်တော်တွင်ထားရှိရတဲ့ရွှေနန်းစဉ်လက်သုံးပုရပိုက်ဖြူ ဖြစ်ပါတယ်။

 

ဒီပုရပိုက်ဖြူထဲမှာ” လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စတဲ့အကြောင်းအရာတွေနဲ့အတူ လူငေါင်းပုံများလည်း ပါဝင်တယ်လို့ သိရပါတယ်။”

 

၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ ကွေး၍မရချေ။ သို့သော်အလွန်အပြေးသန်ပါတယ်။ ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံးဖြစ်သည်ဟုသိရပါတယ်။ ၎င်းတို့ကိုဖမ်းဆီးရန်မှာ ၎င်းတို့ ကျက်စားရာပါတ်ဝန်းကျင် တောင်စောင်းတနေရာတွင်ဝါးဖက်

 

(ဝါးပိုးဖက်)များကိုခင်းထားရပြီး ဖက်ခင်းထားသည့်တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ ၎င်းတို့သည် ဖက်များကိုနင်းမိကာ ခြေချော်ကာတောင်အောက်သို့ လိမ့်ကျသွားတတ်ပါတယ်

ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရပါတယ်။ ၎င်းငေါင်းကောင်သည် လဲကျရာမှထ လိုလျှင်သစ်ပင်ငယ်လေးများရှိရာသို့ လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထ ကြရပါတယ်။ ၎င်းတို့ လဲကျရာမှ မထနိုင်မှီ အမိဖမ်းရတယ်လို့ သိရပါတယ်။

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးအနောက်ဘက်၊ နနွယ်ရွာကလေးမှ ဒေါ်စိန်ပု လယ်သမားများ ဆည်ပိတ်ထားသည်ကို လာဖောက်သည့် ငေါင်းတစ်ကောင်အကြောင်း ကြားခဲ့ဖူးပြီးလယ်သမားများ ချထားသော ငှက်ပျော ဖက်ပေါ် ချော်လဲ၍ ဖမ်းမိသည်။

 

ငေါင်းသည် ငှက် မဟုတ်ပေ၊ အတောင်ပံမပါချေ၊ အရပ်ငါးပေကျော်သည်၊ ခါးကျောအဆစ်လုံးဝ မရှိပေ။ရှမ်းဘာသာစကား အရ ငေါင်းကိုကာပူးဒွန်းဟုခေါ်ပါတယ် ကာ=အနီးအနားတွင်နေသည်။ ပူး=အဖိုး။ ဒွန်း=ကုပ်ခိုင်းသည်။

 

မြန်မာလိုဆီလျော်အောင်ပြန်မည်ဆိုပါက တော စပ်အနီးတွင်နေထိုင်ပြီး ကုပ်ခိုင်းသောအဖိုးအိုဖြစ်မည်ဟု ထင်ပါတယ်။

 

ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာသောနေ့လေးပိုင်ဆိုင်နိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။

 

Zawgyi code

အမွတ္တမဲ့ ၾကည့္ရင္ သရဲတေစၦလို႔ ထင္မိနိုင္တဲ့ မ်ိဳးတုန္းေပ်ာက္ကြယ္ေနၿပီ ျဖစ္တဲ့(ေငါင္း)

 

မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေဖာ္ျပေပးမွာကေတာ့ ေငါင္းဆိုတဲ့ သတၱဝါအေၾကာင္းေလးပဲျဖစ္ပါတယ္။ ေငါင္းဟူေသာ သတၱဝါသည္ အလြန္ထူးဆန္းေသာ သတၱဝါျဖစ္ၿပီး မသိလွ်င္ေတာ့ သရဲ တေစၦလို႔ေတာင္ထင္မိနိုင္ပါတယ္။

 

တစ္ကယ္ေတာ့ ေငါင္းက မ်ိဳးတုန္းေပ်ာက္ကြယ္ေနတဲ့ သတၱဝါတစ္မ်ိဳးပါ။ ေငါင္းသည္ နာနာဘာဝတို႔ ၏ဖန္ဆင္းမူတစ္ခုျဖစ္သည္ဟု ေရွးလူႀကီးမ်ားဆိုထား ၾကပါတယ္။

 

ေငါင္းရဲ႕ပုံစံဟာအလြန္ ထူးဆန္းပါတယ္ ႐ုတ္တရက္ ေတြ႕လိုက္လွ်င္လူပုံစံႏွင့္ဆင္တူပါတယ္။ေငါင္းသည္ ေျခတစ္ေခ်ာင္းသာပါရွိၿပီး ထိုေျခေထာက္ကိုေထာက္ၿပီး ခုန္ဆြခုန္ဆြသြားတတ္တဲ့ သတၱဝါပါ။

 

ေငါင္း၏ေနာက္ေစ့ မွာေတာ့ ေပါက္ခြၽန္းကဲ့သို႔ေသာ အခြၽန္ အေမာက္တစ္ခုပါဝင္ပါေသးတယ္။ အဲ့ဒီ့အခြၽန္ အတက္နဲ႕ သစ္ပင္ႀကီးမ်ားတြင္ ခ်ိတ္ၿပီးလည္း ေနတက္ပါတယ္။ သူ႕ရဲ႕အရပ္အေမာင္းေတာ့ ၅ ေပေက်ာ္ပါတယ္။

 

ေျခဆစ္ လက္ဆစ္ ဒူးဆစ္မ်ားမပါပါ ေမးေကာက္သည္။ နဖူးျပင္သည္ေျခာက္လက္မေက်ာ္သည္။ ေငါင္းေတြ႕ရွိသည့္ မွတ္တမ္းမ်ားမွာ 1995 ခုႏွစ္ ျမစ္ႀကီးနားခရိုင္ ကဝါးပြန္း႐ြာတြင္ ေရတြင္း၌ က်ေနေသာေငါင္းတစ္ေကာင္ ကို အရွင္ဖမ္းမိဖူးပါတယ္။

 

ေနာက္ တစ္ေန႕ျမစ္ႀကီးနား ေတာ႐ုံးသို႔ ပို႔ဆာင္ ရန္စီစဥ္ေနစဥ္မွာပဲေသဆုံးခဲ့ပါတယ္။အလားတူပဲ ကရင္ ျပည္နယ္တြင္လည္း လယ္သမား မ်ားေဆာက္ ထားေသာ ဆည္ကို လာေဖာက္သည့္ ေငါင္းတစ္ေကာင္ ကိုအရွင္ ေထာင္ ဖမ္းၾကဖူးပါတယ္။

 

ဖမ္းတာကေတာ့ ဌက္ေပ်ာဖက္ျဖင့္ ေထာင္ဖမ္းတာပါ။ ေငါင္းေတြ႕ရွိသည့္ ေနာက္ဆုံးမွတ္တမ္းမွာ ကုန္းေဘာင္ေခတ္ဘိုးေတာ္ဘုရားလက္ထက္ ေတာင္ငူၿမိဳ႕ျမတ္ေစာညီေနာင္ဘုရားမွ ေငါင္းတစ္ေကာင္ ကိုဖမ္းမိဖူးပါတယ္။

 

ဖမ္းမိတဲ့ေငါင္းတြင္ ဆံပင္ပါလာပါတယ္ လက္ႏွစ္ဖက္ ကိုအေတာင္ပံမ်ားကဲ့သို႔ ေဘးဖက္မ်ားတြင္ျဖန႔္ကားထားၿပီး အမ်ိဳးသမီးမ်က္ႏွာႏွင့္ဆင္တူပါတယ္။ သူ႕ေအာ္သံကေတာ့ ဌက္သံ ျဖစ္ၿပီး ဌက္သံထြက္ေသာ္ လည္းဌက္မဟုတ္ပါ။

 

မ်ိဳးတုန္းၿပီး ရွားပါးသြားသည့္ ထူးဆန္းေသာသတၱဝါ တစ္မ်ိဳးသာျဖစ္ပါတယ္။ေရွးအခါက ေဒါနေတာင္တန္းတြင္ အမ်ားအျပားေတြ႕ရတတ္ၿပီး ၊ ယခုအခါမွာေတာ့မရွိသေလာက္ကိုရွားသြားၿပီျဖစ္ပါတယ္။

 

လူေတာ္ေတာ္မ်ားမ်ားက ေငါင္းဟူေသာ သတၱဝါကို ယုံတမ္းစကား သို႔မဟုတ္ နာနာဘာဝအေကာင္လို႔ ယူဆ ၾကပါတယ္။ ဒီဘက္ေခတ္မွာေတာ့ သိသူေတာ္ေတာ္နည္းသြားပါၿပီ။

 

 

ေငါင္းေကာင္သည္ လူႏွင့္တူေသာသတၱဝါျဖစ္ၿပီး ဆံပင္အလြန္ေကာင္းပါတယ္။ ေငါင္း၏ဆံပင္ကိုဆံစု (ဆံတု)လုပ္ပါကဆံပင္ေကာင္းသည္ဟု အယူရွိသျဖင့္ေရွးေခတ္ အမ်ိဳးသမီးမ်ား ေငါင္း၏ဆံပင္ကိုဆံစု(ဆံတု)လုပ္ၾကေလ့ရွိၾကပါတယ္။

 

ျမန္မာနိုင္ငံမွာေတာ့ ဟုမၼလင္းနယ္စပ္၊ ဗန္းေမာက္နယ္၊ျမစ္ႀကီးနား ၊ မိုးေကာင္း တို႔ဘက္မွာေတြ႕ခဲ့ရဘူးပါတယ္ ဒါအျပင္ဆရာ ေမာင္ၾကည္သန႔္ ေရးတဲ့ျမန္မာ့ျဖစ္ရပ္(၁၀၀)စာအုပ္မွာေတာ့ေငါင္းအေၾကာင္းကို“ေငါင္းသတၱဝါသည္ ကိုယ္ခႏၲာျပားခ်ပ္၏၊လက္ႏွစ္ဖက္ပါကာလက္ေမာင္း မ်ားထြားႀကိဳင္း၏၊ အရပ္း ၅ ေပ ၁ လက္မခန့္ရွိသည္၊ဒူးဆစ္မရွိ ။

 

ေျခတစ္ေခ်ာင္းသာပါ၏ ၊ေျခဖဝါးသည္အေနာက္ ဘက္သို႔ လွည့္ေနၿပီးဖေႏွာင့္သည္ အေရွ႕တြင္ရွိသည္ ခါးတစ္ဆစ္ ေျခမ်က္စိ တစ္ဆစ္ ႏွစ္ဆစ္သာပါ၏၊ နဖူးသည္ေျခာက္ လက္မေက်ာ္က်ယ္၍ေျပာင္၏၊‌ေမးေကာက္သည္၊ ေခါင္းေနာက္ေစ့တြင္ ေပါက္ခြၽန္းပမာအေမာက္ပမာ အရိုူႀကီးရွိသည္ ၊

 

သစ္ပင္ထူထပ္ေသာ ေတာနက္ႀကီးမ်ာတြင္ေနထိုင္ တတ္သည္သစ္ပင္တစ္ပင္မွ တစ္ပင္ ကူးေျပာင္းသြားလာတတ္ ၏ဟု ေလ့လာေတြရွိခ်က္အား ကခ်င္ျပည္နယ္ နန္းမြန္႐ြာအမတ္ေဟာင္းတစ္ဦးမွ ေရးသားဖူးေၾကာင္း ငွက္အမ်ိဳးအႏြယ္လဲမဟုတ္ ပါ အ ေတာင္မပါရွိပါ။” လို႔ဆိုထားပါတယ္။

 

ေငါင္းသတၱဝါကို ေတာ္ေတာ္မ်ားမ်ားကေတာ့ တကယ္မရွိတဲ့ အေကာင္(သို႔) ယုံတမ္းစကားအျဖစ္သာ ယုံၾကည္ထားၾကပါတယ္။ သို႔ေသာ္ ေရွးေခတ္ မွတ္တမ္းတင္ထားခဲ့တဲ့ အခ်က္ အလက္မ်ားအရ ဒီသတၱဝါရွိခဲ့ တာကိုေတာ့ ျငင္းလို႔မရပါဘူး။

 

ေငါင္းႏွင့္ပတ္သတ္လို႔ အခိုင္မာဆုံးအေထာက္ အထားေတြအေနနဲ႕ ေတြနိုင္တာကေတာ့ကုန္းေဘာင္ ေခတ္ ေ႐ြတိုက္ေတာ္တြင္ထားရွိရတဲ့ေ႐ႊနန္းစဥ္လက္သုံးပုရပိုက္ျဖဴ ျဖစ္ပါတယ္။

 

ဒီပုရပိုက္ျဖဴထဲမွာ” လူေမ်ာက္ငေ႐ႊေမာင္၊ ကိႏၵရာအေသေျခာက္၊ နဂါးဂဠုန္အေသေျခာက္၊ ေရသူမ၊နဂါးငါးေကာင္၊ ကြၽန္းဖိုကြၽန္းမပင္ စတဲ့အေၾကာင္းအရာေတြနဲ႕အတူ လူေငါင္းပုံမ်ားလည္း ပါဝင္တယ္လို႔ သိရပါတယ္။”

 

၎သတၱဝါသည္ ေျခတဆစ္လက္တဆစ္သာရွိေသာေၾကာင့္ လူကဲ့သို႔ ေကြး၍မရေခ်။ သို႔ေသာ္အလြန္အေျပးသန္ပါတယ္။ ကမာၻေပၚတြင္ အေျပးအသန္ဆုံးျဖစ္သည္ဟုသိရပါတယ္။ ၎တို႔ကိုဖမ္းဆီးရန္မွာ ၎တို႔ က်က္စားရာပါတ္ဝန္းက်င္ ေတာင္ေစာင္းတေနရာတြင္ဝါးဖက္

 

(ဝါးပိုးဖက္)မ်ားကိုခင္းထားရၿပီး ဖက္ခင္းထားသည့္ေတာင္ေစာင္းဘက္သို႔ ၎တို႔ကို ေမာင္းႏွင္လိုက္သည့္အခါ ၎တို႔သည္ ဖက္မ်ားကိုနင္းမိကာ ေျခေခ်ာ္ကာေတာင္ေအာက္သို႔ လိမ့္က်သြားတတ္ပါတယ္

 

ထိုအခါမ်ိဳးမွာ ေတာင္ေအာက္မွေစာင့္၍ ဖမ္းရပါတယ္။ ၎ေငါင္းေကာင္သည္ လဲက်ရာမွထ လိုလွ်င္သစ္ပင္ငယ္ေလးမ်ားရွိရာသို႔ လူးလွိမ့္ၿပီး ထိုသစ္ပင္ငယ္ေလးမ်ားကို ကိုင္တြယ္ဆြဲယူၿပီးထ ၾကရပါတယ္။ ၎တို႔ လဲက်ရာမွ မထနိုင္မွီ အမိဖမ္းရတယ္လို႔ သိရပါတယ္။

 

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ နမၼတီးအေနာက္ဘက္၊ နႏြယ္႐ြာကေလးမွ ေဒၚစိန္ပု လယ္သမားမ်ား ဆည္ပိတ္ထားသည္ကို လာေဖာက္သည့္ ေငါင္းတစ္ေကာင္အေၾကာင္း ၾကားခဲ့ဖူးၿပီးလယ္သမားမ်ား ခ်ထားေသာ ငွက္ေပ်ာ ဖက္ေပၚ ေခ်ာ္လဲ၍ ဖမ္းမိသည္။

 

ေငါင္းသည္ ငွက္ မဟုတ္ေပ၊ အေတာင္ပံမပါေခ်၊ အရပ္ငါးေပေက်ာ္သည္၊ ခါးေက်ာအဆစ္လုံးဝ မရွိေပ။ရွမ္းဘာသာစကား အရ ေငါင္းကိုကာပူးဒြန္းဟုေခၚပါတယ္ ကာ=အနီးအနားတြင္ေနသည္။ ပူး=အဖိုး။ ဒြန္း=ကုပ္ခိုင္းသည္။

 

ျမန္မာလိုဆီေလ်ာ္ေအာင္ျပန္မည္ဆိုပါက ေတာ စပ္အနီးတြင္ေနထိုင္ၿပီး ကုပ္ခိုင္းေသာအဖိုးအိုျဖစ္မည္ဟု ထင္ပါတယ္။

 

ဖတ္ရႈ႕အားေပးတဲ့ ပရိသတ္ႀကီးအားလုံး သာယာေသာေန႕ေလးပိုင္ဆိုင္နိုင္ပါေစ လို႔ဆုေတာင္းလိုက္ပါတယ္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္။