Love & Relationship

သူမရဲ့ကလေးကို အားလုံးက ပြုစုပျိုးထောင်လိမ့်မယ်လို့ ထင်တာကြောင့် အမျိုးသား ၄ယောက်နဲ့ အတူနေသူ အမျိုးသမီး

သူမရဲ့ကလေးကို အားလုံးက ပြုစုပျိုးထောင်လိမ့်မယ်လို့ ထင်တာကြောင့် အမျိုးသား ၄ယောက်နဲ့ အတူနေသူ အမျိုးသမီး

အမေရိကန်နိုင်ငံ Florida ပြည်နယ်မှ အသက်၂၀အရွယ် Tory Ojeda အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့ပုံမှန်မဟုတ်တဲ့အချစ်ရေးကိစ္စကြောင့် မကြာသေးခင်က onlineမှာ လူအများရဲ့ အထူးအာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်။ Tory Ojeda ဟာ polyamorous ( လူတစ်ဦးထပ်မနည်း ချစ်ကြိုက်ပြီး အားလုံးနဲ့ဆက်ဆံပေါင်းသင်းသူ) တစ်ဦးဖြစ်ပြီး ချစ်သူရည်းစား လေးယောက်ရှိနေပါတယ်။

လက်ရှိ Tory Ojeda ဟာ ကိုယ်ဝန် (၇)လရှိနေပြီး ပိုထူးဆန်းတာက သူမအနေနဲ့ ကလေးအဖေက ဘယ်သူဖြစ်ကြောင်းကို သူမက သိနေကြောင်း ဆိုခဲ့ပါတယ်။Tory ဟာ သူမအထက်တန်းကျောင်းအရွယ်ကတည်းက အသက် ၁၈ နှစ်အရွယ် Marc နှင့် အကျွမ်းတဝင်ရင်းနှီးတဲ့ဆက်ဆံရေးရှိနေခဲ့ပါတယ်။Marc နှင့်လအနည်းငယ်ကြာတွဲပြီးနောက် အသက်၂၃ နှစ်အရွယ် Travis နှင့်ချိန်းတွေ့ခဲ့ပြီး သူတို့သုံးယောက်ဟာ နောက်ဆုံးမှာ စေ့စပ်ခဲ့ကြပါတယ်။

ရွယ်တူ အသက်၂၂ နှစ်အရွယ် Ethan နှင့် Christopher ကိုတော့ နောက်ပိုင်းမှဘဲ သူမရဲ့ရည်းစားများဖြစ်လာခဲ့ကြောင်း polyamorous တစ်ယောက်ရဲ့ခရီးစဉ်အကြောင်းကို အင်တာဗျူးတစ်ခုမှာ မျှဝေခဲ့ပါတယ်။သူတို့ ၄ယောက်စလုံးရဲ့ ဆက်ဆံရေးဟာ အတော်လေးအဆင်ပြေနေကြပြီး ဘုတ်အဖွဲ့ဂိမ်းကစားခြင်းကိုလည်း နှစ်သက်ကြပါတယ်။

သူမခင်ပွန်းတွေက သူမနှင့်အိပ်ခန်းထဲမှာ ညစဉ်ညတိုင်း တစ်ယောက်ပြီးတစ်ယောက် လဲလှယ်ပြီး ထွက်ဝင်ခြင်း ပြုလုပ်လေ့ရှိတယ် လို့ သူမက ဝန်ခံခဲ့ပါတယ်။သူတို့၄ယောက်စလုံးအတွက် အချိန်ခွဲဝေခြင်း၊ အချိန်ဇယားဆွဲခြင်း နှင့် လူတိုင်းပါဝင်ခံစားရတာသေချာအောင်လုပ်ရဖို့က ခက်ခဲကြောင်း ၊ ဒီဆက်ဆံရေးမှာ သူမက တစ်ယောက်တည်းသော မိန်းမမဟုတ်ခဲ့ရင် ကောင်းလိမ့်မယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

Christopher က သူမလွယ်ထားတဲ့ကလေးရဲ့ဇီဝဗေဒဖခင်ဖြစ်ပေမဲ့လည်း သူတို့ငါးယောက်စလုံးက ကလေးအား အတူပြုစုပျိုးထောင်ရန်စီစဉ်နေကြပါတယ်။“ ကျွန်မတို့အားလုံးက ကလေးကို အတူတကွပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒါကြောင့်သူတို့လေးယောက်လုံးက အဖေ တွေချည်းဘဲ” လို့ Tory မှတ်ချက်ချခဲ့ပါသေးတယ်။

သူတို့ရဲ့ထူးဆန်းတဲ့အချစ်ဇာတ်လမ်းက ထုံးစံအတိုင်း အင်တာနက်သုံးစွဲသူတွေထံမှ အနုတ်ပြတဲ့တုံပြန့်မှုများစွာရရှိခဲ့ပြီး “ စက်ဆုပ်ရွံရှာစရာကောင်းလွန်းတယ် ကလေးအတွက် လုံးဝဆိုးရွားလွန်းတယ်လို့ ငါခံစားနေရတယ်” လို့ လူတစ်ယောက်က မှတ်ချက်ပေးခဲ့ပါသေးတယ်။

Zawgyi

သူမရဲ႕ကေလးကို အားလုံးက ျပဳစုပ်ိဳးေထာင္လိမ့္မယ္လို႔ ထင္တာေၾကာင့္ အမ်ိဳးသား ၄ေယာက္နဲ႕ အတူေနသူ အမ်ိဳးသမီး

အေမရိကန္နိုင္ငံ Florida ျပည္နယ္မွ အသက္၂၀အ႐ြယ္ Tory Ojeda အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ပုံမွန္မဟုတ္တဲ့အခ်စ္ေရးကိစၥေၾကာင့္ မၾကာေသးခင္က onlineမွာ လူအမ်ားရဲ႕ အထူးအာ႐ုံစိုက္မႈမ်ားစြာရရွိခဲ့ပါတယ္။ Tory Ojeda ဟာ polyamorous ( လူတစ္ဦးထပ္မနည္း ခ်စ္ႀကိဳက္ၿပီး အားလုံးနဲ႕ဆက္ဆံေပါင္းသင္းသူ) တစ္ဦးျဖစ္ၿပီး ခ်စ္သူရည္းစား ေလးေယာက္ရွိေနပါတယ္။

လက္ရွိ Tory Ojeda ဟာ ကိုယ္ဝန္ (၇)လရွိေနၿပီး ပိုထူးဆန္းတာက သူမအေနနဲ႕ ကေလးအေဖက ဘယ္သူျဖစ္ေၾကာင္းကို သူမက သိေနေၾကာင္း ဆိုခဲ့ပါတယ္။Tory ဟာ သူမအထက္တန္းေက်ာင္းအ႐ြယ္ကတည္းက အသက္ ၁၈ ႏွစ္အ႐ြယ္ Marc ႏွင့္ အကြၽမ္းတဝင္ရင္းႏွီးတဲ့ဆက္ဆံေရးရွိေနခဲ့ပါတယ္။Marc ႏွင့္လအနည္းငယ္ၾကာတြဲၿပီးေနာက္ အသက္၂၃ ႏွစ္အ႐ြယ္ Travis ႏွင့္ခ်ိန္းေတြ႕ခဲ့ၿပီး သူတို႔သုံးေယာက္ဟာ ေနာက္ဆုံးမွာ ေစ့စပ္ခဲ့ၾကပါတယ္။

႐ြယ္တူ အသက္၂၂ ႏွစ္အ႐ြယ္ Ethan ႏွင့္ Christopher ကိုေတာ့ ေနာက္ပိုင္းမွဘဲ သူမရဲ႕ရည္းစားမ်ားျဖစ္လာခဲ့ေၾကာင္း polyamorous တစ္ေယာက္ရဲ႕ခရီးစဥ္အေၾကာင္းကို အင္တာဗ်ဴးတစ္ခုမွာ မွ်ေဝခဲ့ပါတယ္။သူတို႔ ၄ေယာက္စလုံးရဲ႕ ဆက္ဆံေရးဟာ အေတာ္ေလးအဆင္ေျပေနၾကၿပီး ဘုတ္အဖြဲ႕ဂိမ္းကစားျခင္းကိုလည္း ႏွစ္သက္ၾကပါတယ္။

သူမခင္ပြန္းေတြက သူမႏွင့္အိပ္ခန္းထဲမွာ ညစဥ္ညတိုင္း တစ္ေယာက္ၿပီးတစ္ေယာက္ လဲလွယ္ၿပီး ထြက္ဝင္ျခင္း ျပဳလုပ္ေလ့ရွိတယ္ လို႔ သူမက ဝန္ခံခဲ့ပါတယ္။သူတို႔၄ေယာက္စလုံးအတြက္ အခ်ိန္ခြဲေဝျခင္း၊ အခ်ိန္ဇယားဆြဲျခင္း ႏွင့္ လူတိုင္းပါဝင္ခံစားရတာေသခ်ာေအာင္လုပ္ရဖို႔က ခက္ခဲေၾကာင္း ၊ ဒီဆက္ဆံေရးမွာ သူမက တစ္ေယာက္တည္းေသာ မိန္းမမဟုတ္ခဲ့ရင္ ေကာင္းလိမ့္မယ္လို႔လည္း ဆိုခဲ့ပါေသးတယ္။

Christopher က သူမလြယ္ထားတဲ့ကေလးရဲ႕ဇီဝေဗဒဖခင္ျဖစ္ေပမဲ့လည္း သူတို႔ငါးေယာက္စလုံးက ကေလးအား အတူျပဳစုပ်ိဳးေထာင္ရန္စီစဥ္ေနၾကပါတယ္။“ ကြၽန္မတို႔အားလုံးက ကေလးကို အတူတကြျပဳစုပ်ိဳးေထာင္ဖို႔ ဆုံးျဖတ္ထားတယ္၊ ဒါေၾကာင့္သူတို႔ေလးေယာက္လုံးက အေဖ ေတြခ်ည္းဘဲ” လို႔ Tory မွတ္ခ်က္ခ်ခဲ့ပါေသးတယ္။

သူတို႔ရဲ႕ထူးဆန္းတဲ့အခ်စ္ဇာတ္လမ္းက ထုံးစံအတိုင္း အင္တာနက္သုံးစြဲသူေတြထံမွ အႏုတ္ျပတဲ့တုံျပန႔္မႈမ်ားစြာရရွိခဲ့ၿပီး “ စက္ဆုပ္႐ြံရွာစရာေကာင္းလြန္းတယ္ ကေလးအတြက္ လုံးဝဆိုး႐ြားလြန္းတယ္လို႔ ငါခံစားေနရတယ္” လို႔ လူတစ္ေယာက္က မွတ္ခ်က္ေပးခဲ့ပါေသးတယ္။