AMAZING

သိန်းပေါင်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်လှူမယ့်သူ

သိန်းပေါင်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်လှူမယ့်သူ

ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေးနှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်ရဲ့ ဒု ဥက္ကဌ(စီမံ) ဖြစ်တဲ့ ဦးထွန်းထွန်းနိုင်ဟာ ဟသ်ာတက သူတို့ မိသားစုနေထိုင်တဲ့ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းချပြီး အောက်ဆီဂျင်အိုးတွေ လှူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

“လူဟာ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘဝကို ပြန်စလို့ရတယ်။ အားလုံးကို အသက်ရှင်ခွင့်ပေးချင်ပါတယ်။ ဒါကြောင့်မို့လို့ အိမ်ကိုရောင်းချပြီးတော့ တကယ်လို့များ အောက်ဆီဂျင်အိုးနဲ့ လဲလှယ်ပေးမယ့်သူရှိရင် ကျွန်တော့မြို့က လူတွေရော ပြည်သူတွေကိုပါ ပေးချင်ပါတယ်”

သိန်းပေါင်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်လှူမယ့်သူစီဂျင် အိုးကြီး ၅၀၀ နှင့် အလဲအထပ် ရိုက်ချင်ပါသည်။ မြေဂရံ အမည်ပေါက် မြေဝယ်အခွန် အိမ် အမြတ်ခွန်ဆောင်ပြီး နောက်ဘက် ခြံငယ်တစ်ကွက်ပါ (ညှိနှိုင်း) ၊ အိုးမရှိလို့ မရှူရသူတွေကို ပေးချင်လို့ပါ။”ဟု သူ၏လူမှုကွန်ယက်မှာတင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဟင်္သာတမြို့ရဲ့ အရေးပေါ်အောက်ဆီဂျင် လိုအပ်ချက်များကို အားလုံးက နည်းမျိုးစုံနဲ့ အားကြိုးမာန်တက် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ရေရှည်အဆင်ပြေနိုင်ရန်အတွက် မြို့မိမြို့ဖကြီးများ နှင့် အလှူရှင်များမှ Oxygen Plant ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

အဆိုပါ အစီအစဉ်များဆောင်ရွက်နေစဉ် ကြားကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်များ လတ်တလောပြေလည်နိုင်စေရန်အတွက် ဦးထွန်းထွန်းနိုင် တို့ရဲ့ ဟင်္သာတခရိုင်ကွန်ရက် မှ တတတ်တအားအနေဖြင့် ကူညီဆောင်ရွက်ပေးလျှက် ရှိတယ်လို့ ဆိုပါတယ်။

ပိုက်ဆံရှိတိုင်း ဝယ်လို့မရတော့တဲ့ ရှားပါးပစ္စည်းထဲမှာ အလကားရတိုင်း ရှူနေခဲ့တဲ့ လေ (အောက်ဆီဂျင်) ပါဝင်လာမယ်ဆိုတာ လွန်ခဲ့တဲ့ တလလောက်ထိကို မြန်မာပြည်သူတွေ မစဉ်းစားမိတဲ့အခြေအနေပါ။

ခုတော့ ကိုဗစ်တတိယလှိုင်းကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့နေရတဲ့မြန်မာနိုင်ငံမှာ အသွင်းပြောင်းကိုဗစ်ဗိုင်းရပ်မျိုးကွဲတွေ့ တွေ့ရှိထားရပြီး မျိုးကွဲဗီဇပိုးကူးစက်ခံရသူတွေထဲ အောက်ဆီဂျင်ကျတဲ့လက္ခဏာကိုအသက်အရွယ်မရွေး ရင်ဆိုင်လာနေရပါပြီ။

လူနာတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်ရဖို့အရေးကလည်း သေရေးရှင်ရေးဖြစ်လာနေတာပါ။ လာမယ့်သီတင်းပတ်ကို အများပြည်သူရုံးပိတ်ရက်သီတင်းပတ်အဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး တနိုင်ငံလုံးကို နေအိမ်ထဲမှာပဲနေကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီအမိန့်ဟာ အောက်ဆီဂျင် အရေးတကြီးရှာနေရ သူတွေ အခက်အခဲတွေဖြစ်နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ အောက်ဆီဂျင်ရဖို့ တန်းစီနေကြတဲ့ လူတွေကလည်း လျော့သွားတယ်လို့မရှိဘဲ ဆက်လက်များပြားနေပါတယ်။

Crd

Zawgyi

သိန္းေပါင္း ၂၀၀၀ ေက်ာ္တန္တဲ့ အိမ္နဲ႕ၿခံကို ေရာင္းၿပီး ေအာက္ဆီဂ်င္လႉမယ့္သူ

ဟသၤာတခရိုင္ လူနာတင္ယာဥ္၊ နာေရးႏွင့္ သဘာဝေဘးကူညီမႈပရဟိတအဖြဲ႕မ်ားကြန္ရက္ရဲ႕ ဒု ဥကၠဌ(စီမံ) ျဖစ္တဲ့ ဦးထြန္းထြန္းနိုင္ဟာ ဟသ္ာတက သူတို႔ မိသားစုေနထိုင္တဲ့ ျမန္မာက်ပ္ေငြ သိန္း ၂၀၀၀ ေက်ာ္တန္တဲ့ အိမ္နဲ႕ၿခံကို ေရာင္းခ်ၿပီး ေအာက္ဆီဂ်င္အိုးေတြ လႉဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

“လူဟာ အသက္ရွင္ေနသမွ် ကာလပတ္လုံး ဘဝကို ျပန္စလို႔ရတယ္။ အားလုံးကို အသက္ရွင္ခြင့္ေပးခ်င္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အိမ္ကိုေရာင္းခ်ၿပီးေတာ့ တကယ္လို႔မ်ား ေအာက္ဆီဂ်င္အိုးနဲ႕ လဲလွယ္ေပးမယ့္သူရွိရင္ ကြၽန္ေတာ့ၿမိဳ႕က လူေတြေရာ ျပည္သူေတြကိုပါ ေပးခ်င္ပါတယ္”

“ေအာက္စီဂ်င္ အိုးႀကီး ၅၀၀ ႏွင့္ အလဲအထပ္ ရိုက္ခ်င္ပါသည္။ ေျမဂရံ အမည္ေပါက္ ေျမဝယ္အခြန္ အိမ္ အျမတ္ခြန္ေဆာင္ၿပီး ေနာက္ဘက္ ၿခံငယ္တစ္ကြက္ပါ (ညွိႏွိုင္း) ၊ အိုးမရွိလို႔ မရႉရသူေတြကို ေပးခ်င္လို႔ပါ။”ဟု သူ၏လူမႈကြန္ယက္မွာတင္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဟသၤာတၿမိဳ႕ရဲ႕ အေရးေပၚေအာက္ဆီဂ်င္ လိုအပ္ခ်က္မ်ားကို အားလုံးက နည္းမ်ိဳးစုံနဲ႕ အားႀကိဳးမာန္တက္ ေဆာင္႐ြက္ေနၾကတယ္လို႔ သိရပါတယ္။

ေရရွည္အဆင္ေျပနိုင္ရန္အတြက္ ၿမိဳ႕မိၿမိဳ႕ဖႀကီးမ်ား ႏွင့္ အလႉရွင္မ်ားမွ Oxygen Plant ထားရွိနိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးေနပါတယ္။

အဆိုပါ အစီအစဥ္မ်ားေဆာင္႐ြက္ေနစဥ္ ၾကားကာလအတြင္း ေအာက္ဆီဂ်င္လိုအပ္ခ်က္မ်ား လတ္တေလာေျပလည္နိုင္ေစရန္အတြက္ ဦးထြန္းထြန္းနိုင္ တို႔ရဲ႕ ဟသၤာတခရိုင္ကြန္ရက္ မွ တတတ္တအားအေနျဖင့္ ကူညီေဆာင္႐ြက္ေပးလွ်က္ ရွိတယ္လို႔ ဆိုပါတယ္။

ပိုက္ဆံရွိတိုင္း ဝယ္လို႔မရေတာ့တဲ့ ရွားပါးပစၥည္းထဲမွာ အလကားရတိုင္း ရႉေနခဲ့တဲ့ ေလ (ေအာက္ဆီဂ်င္) ပါဝင္လာမယ္ဆိုတာ လြန္ခဲ့တဲ့ တလေလာက္ထိကို ျမန္မာျပည္သူေတြ မစဥ္းစားမိတဲ့အေျခအေနပါ။

ခုေတာ့ ကိုဗစ္တတိယလွိုင္းကို ျပင္းထန္စြာရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ျမန္မာနိုင္ငံမွာ အသြင္းေျပာင္းကိုဗစ္ဗိုင္းရပ္မ်ိဳးကြဲေတြ႕ ေတြ႕ရွိထားရၿပီး မ်ိဳးကြဲဗီဇပိုးကူးစက္ခံရသူေတြထဲ ေအာက္ဆီဂ်င္က်တဲ့လကၡဏာကိုအသက္အ႐ြယ္မေ႐ြး ရင္ဆိုင္လာေနရပါၿပီ။

လူနာေတြအတြက္လိုအပ္တဲ့ေအာက္ဆီဂ်င္ရဖို႔အေရးကလည္း ေသေရးရွင္ေရးျဖစ္လာေနတာပါ။ လာမယ့္သီတင္းပတ္ကို အမ်ားျပည္သူ႐ုံးပိတ္ရက္သီတင္းပတ္အျဖစ္ စစ္ေကာင္စီက သတ္မွတ္ၿပီး တနိုင္ငံလုံးကို ေနအိမ္ထဲမွာပဲေနၾကဖို႔နဲ႕ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ အမိန႔္ထုတ္ထားပါတယ္။

ဒီအမိန႔္ဟာ ေအာက္ဆီဂ်င္ အေရးတႀကီးရွာေနရ သူေတြ အခက္အခဲေတြျဖစ္နိုင္တယ္လို႔ ေဝဖန္ေနၾကပါတယ္။ ေအာက္ဆီဂ်င္ရဖို႔ တန္းစီေနၾကတဲ့ လူေတြကလည္း ေလ်ာ့သြားတယ္လို႔မရွိဘဲ ဆက္လက္မ်ားျပားေနပါတယ္။

Crd